Thursday, November 29, 2012

မတူတာလေးတွေ(17)

မတူတာလေးတွေ ရေးပေးလိုက်ပြန်တယ်။

မိတ်ဆွေ...
မြန်မာနိုင်ငံရဲ့မြေပုံကို မျက်စိထဲမှာ မြင်ယောင်ကြည့်ပါ။
လူတစ်ယောက်ရပ်နေတဲ့ ပုံသဏ္ဍာန်နဲ့ တူနေတာကို တွေ့ရပါမယ်။
တဆက်ထဲမှာဘဲ...အဲဒီလူဆီမှာ မတူတဲ့ ဒဏ်ရာ၊
အနာရောဂါတွေကိုလည်းတွေ့ရလိမ့်
မယ်။
ဦးစွာ အဲဒီလဲူရဲ့ ခေါင်းပိုင်းမှာ တစ်နှစ်ကျော်ကျော် ပေါက်နေတဲ့
အနာတွေကိုတွေ့ရပါလိမ့်မယ်..
ဘာကြောင့်လဲဆိုရင် ကချင်ပြည်မှာ စစ်တိုက်နေလို့ပေါ့။
ပြီးရင်.... အဲဒီလူရဲ့ နံရိုးတွေကျိုးနေတာတွေ့ရပါလိမ့်မယ်...
ဘာကြောင့်လဲဆိုရင် ရခိုင်ပြည်မှာ ရခိုင်တွေနဲ့ ရိုဟင်ဂျာတွေ
ဒုက္ခရောက်နေကြတယ်လေ။
နောက်ပြီး...အဲဒီလူဟာ အစာအိမ်ရောဂါရနေတာကို တွေ့ရပါလိမ့်မယ်..
ဘာကြောင့်ဆိုရင် ရွှေဘိုငလျင်လှုပ်လို့ ဗမာတွေ တုန်လှုပ်ခြောက်ခြားနေပြီး
ကြေးနီစီမံကိန်းကြောင့်လည်း ဗမာတွေ မငြိမ်မသက်ဖြစ်နေကြပြန်ရော။
နောက်တစ်ခုက... အဲဒီလူဟာ သွေးကြောကျဉ်းရောဂါနဲ့ မောဟိုက်နေတယ်။
ဘာဖြစ်လို့လဲဆိုတော့..
နေပြည်တော်ရဲ့ စီးပွားရေးက အနုတ်လက္ခဏာဆောင်နေလို့ ငွေတွေ ချေးငှားနေရတယ်။
ခက်တာတစ်ခုက.... ရန်ကုန်မှာ အိုဘားမားလာသွားခဲ့တုန်းက "Psycho"
ဝင်လောက်တဲ့ မိန့်ခွန်းချွေပြီး ကောင်းကောင်းဆော်သွားတာဘဲ...ရန်ကုန်က
အဲဒီလူရဲ့ပေါင်ကြားမှာရှိနေတယ်လေ...
မြင်ယောင်ကြည့်ပေါ့...မိတ်ဆွေ.... မြန်မာနိုင်ငံရဲ့ အခြေအနေ.........