Sunday, November 25, 2012

ဦးအောင်းမင်းရဲ့ ဒုက္ခ

by/ face book 
ဦးအောင်းမင်းရဲ့ ဒုက္ခ
===========
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရန်တန့်ရေး
သပိတ်စခန်းရှိရာကိုလာတဲ့ သမ္မတရုံးဝန်ကြီး
ဦးအောင်မင်း ပြောကြားချက်များ

ကျွန်တော်တို့ မြစ်ဆုံ စီမံကိန်းကို ရပ်ပေးလိုက်ရတာ
တရုတ်က လျှော်ကြေးမပြောသေးလို့၊ ဒေါ်လာသန်း
သုံးထောင် အလျှော်ပေးရမယ်၊ မြစ်ဆုံးစီမံကိန်းက
အပေါ်မှာသာ ဘာမှမရှိတာ၊ အောက်မှာ ဖောင်ဒေးရှင်း
တွေ လုပ်တာ အများကြီးပဲ၊ ခုလက်ထိ တရုတ်က
စကား မပြောသေးဘူး။
တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်
ဘုရား၊နှစ်ချက်ရှိတာပေါ့၊

(၁) ၁၉၈၈ခုနှစ် တိုင်းပြည်ပျက်တဲ့အခါမှာ တပည့်တော်
တို့ စားစရာမရှိဘူး၊ တရုတ်ဆီကနေ မှုဆယ် လမ်းကြောင်း
ကနေ သွင်းရတယ်၊ မှုဆယ်လမ်းကြောင်းက သွင်းရလို့
တပည့်တော်တို့ အသက်ဆက်လို့ရတာ၊ အဲဒီကျေးဇူးလေး
တော့ သူ့ကို ပြန်ပြီးတော့ ကြည့်ရမယ်။
(၂) နယ်စပ်မှာ ထကြွသောင်းကြမ်းတဲ့ ဗ.က.ပ ဆိုတာရှိ
တယ်၊ အဲဒါ တရုတ်ပြည်ကနေ ထောက်ပံ့ထားတာ၊ ဆန်
တွေ၊ ပါတ်ဆံတွေ၊ အကုန်လုံးထောက်ပံတာပေါ့၊ ဗ.က.ပ
ဖြစ်ဖျားဒေသတိုင်း ဆိုပြီးတော့ အင်းတော်၊ ဘမောက်၊
ကောလင်း၊ ဗမှုဆိုပြီးတော့ အဲဒီဒေသကို ၀င်လာတယ်၊
နောက်ဒုတိယ လမ်းကြောင်းက မသုံးလုံး မိတ္ထီလာ၊ မြင်းခြံ
နယ်မြေထိဝင်ပြီး အင်တော၊ ကျောက်ဖြူထိ ရောက်တာပေါ့။
အခု ရဲရွာရေအားနား အင်တော၊ ကျောက်ဂှုထိရောက်
တာပေါ့၊ တတိယလမ်းကြောင်းက ပျဉ်းမနာ၊ တပ်ကုန်း
ရှေ့ခြမ်းထိရောက်လာတာပေါ့၊ အဲတော့ ဒီအဖွဲ့တွေအား
လုံးကို လိုက်တိုက်နေရတဲ့ အခါမှာ တိုင်းပြည်ရဲ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုကို ဘာမှမလုပ်နိုင်ဘူး၊

အဲတော့ တရုတ်အစိုးရထောက်ပံ့ထားလို့၊ တိန့်ရှောက်ဖိန်
အစိုးရတက်လာတဲ့အခါမှာ ဒီထောက်ပံ့မှုတွေ အကုန်ဖြတ်
လိုက်တဲ့အခါကျတော့၊ ဗ.က.ပ ချုပ်ငြိမ်းသွားတယ်၊
ဒါကြောင့် တရုတ်နဲ့လည်း ရန်မဖြစ်ရဲဘူး၊ ဒါ စိတ်ထဲမှာပဲ
ထား၊ ဘာမှ ဟိုဒင်းမဖြစ်နဲ့။
အကယ်၍ တရုတ်နဲ့ စိတ်ဆိုးသွားခဲ့လို့ရှိရင် အကယ်၍ နယ်
စပ်ဒေသတွေမှာ အဲလိုပြန်ပြီးတော့ ဟိုကနေထောက်ပံ့၊
ဒီကနေထောက်ပံ့၊ တပည့်တော်တို့ကနေ စီးပွားရေး လုပ်ဖို့
ကို နောက်ကိုပြန် လှည့်ကြည့်နေရဦးမယ်။

ဒါကြောင့်မို့ အရင်တုန်းကလုပ်ခဲ့တဲ့ မြစ်ဆုံးစီမံကိန်းတောင်
တရုတ်အစိုးရက တော်တော် စိတ်ဆိုးနေတယ်၊ ဒီဥစ္စာကို
တော့ စဉ်းစားစေချင်တယ်လို့ပြောချင်တယ

တော့ စဉ်းစားစေချင်တယ်လို့ပြောချင်တယ်