Tuesday, November 27, 2012

သူတို့ရဲ့ ရပ်တည်ချက် မှန်တယ် လို့ ယူဆပါတယ်။


 Credit to Thiha Thwe
" ဒေါ်အောင်ဆန်းစုကြည်ကလက်ပန်တောင်းတောင်ကိစ္စနဲ့ပတ်သပ်ပြီးမီဒီယာတွေရဲ့အမြင်ကိုမေးမြန်းဆွေးနွေးစဉ်မှာသူတခုပြောခဲ့တာတော့ရှိတယ် အဲ့ဒါက " ကိစ္စတိုင်းမှာ Demonstration နဲ့ချည်းသွားလို့မရဖူး၊ Negotiation နဲ့သွားနိုင်အောင်လုပ်ရမယ်" လို့ဆိုတာပါပဲ။ (ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် Media ကန်တင်း၊ ၂၃၊၁၁၊၁၂)"

ကျနော်တို့ မြန်မာ နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတိုင်းမှာ အစမကောင်းခဲ့လို့ အနှောင်းမသေခြာတာ တွေချည်းပါ။ ဖြစ်နေတဲ့ ပြဿနာ တခုထဲကိုပဲ ကြည့်ပြီး Demonstration (လက်နက်ကိုင် တိုက်ခိုက်ရေးသမားကအစ) လုပ်နေသူတွေကိုပဲ အပြစ်တင်လို့မရပါ။ အစကတည်းကကို Negotiation အလုပ်မခံခဲ့တဲ့လူတွေဟာ ပုံစံမျိုးစုံနဲ့ ဝှေ့လည်ကြောင်ပတ် လုပ်နေခဲ့လို့ မပြီးနိုင်၊ မပြတ်နိုင် ဖြစ်နေတာပါပဲ။


လက်ပံတောင်းတောင် လူထုရဲ့ တိုက်လှန်မှုဟာ တခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးသမားများ နဲ့ ပုံစံခြင်းမတူပေမယ့် အဓိပ္ပါယ်ခြင်း တူပါတယ်။ နောက်ပြီး တိုက်ခိုက်နေတဲ့ မျက်နှာစာလဲ အတူတူပါပဲ။ အားလုံးကတော့ ကိုယ့်ရဲ့ဌာနေမှာ ကိုယ်နဲ့ သက်ဆိုင်တဲ့ ပိုင်ဆိုင်မှု နဲ့ လူမှုအဖွဲ့အစည်းအတွက် လုပ်ပိုင်ခွင့်တွေ၊ ဆုံးဖြတ်ပိုင်ခွင့်တွေဆုံးရှုံးနေလို့ ဖြစ်လာခဲ့ရတဲ့ ပြဿနာတွေပါ။

လက်ပံတောင်းတောင် စီမံကိန်းဟာ ဦးပိုင် ကုမ္မဏီ မဟုတ်လဲ တချိန်ချိန်မှာ နယ်ခံကုမ္မဏီ များအနေဖြင့်ဖြင့် နယ်ခံပြည်သူများရဲ့ ဆန္ဒသဘောရယူခြင်းအား ဖြင့်ဖြင့် လုပ်ကို လုပ်လာမှာပါ။ သို့သော် လုပ်ပုံလုပ်နည်း နဲ့ အကျိုးစီးပွါးခွဲဝယ်မှုမှာတော့ တူတော့မှာ မဟုတ်။

ဦးပိုင်ကုမ္မဏီနဲ့ စစ်အစိုးရ လက်ထက်က အာဏာပိုင်တွေရဲ့ လင့်ဟင်းမှုကတော့ နယ်ခံ ပြည်သူများကို အသိပေးကောင်းရမှန်းတောင် မသိခဲ့ပါဘူး။ ဘာပဲလုပ်လုပ် သူတို့ သဘော၊ သူတို့ ရုံးချုပ်က ဆုံးဖြတ်ချက်နဲ့လုပ်တယ်။ နယ်ခံများမှာတော့ ပြောချင်သော်ငြားလဲ ပြောပိုင်ခွင့်မရှိပါ။

အမှန်ဆိုရင်... ဒီမိုကရေစီ စစ်စစ်မှာတော့ ဒီလို မဟုတ်တော့ပါ။
နယ်မြေခံ အစိုးရ အာဏာပိုင်များ နဲ့ နယ်ခံ ပြည်သူများကြား နားလည်မှုကို အရင်တည်ဆောက်မယ်... အကျိုးစီးပွါးရယူသုံးစွဲမှုကို ထင်သာ မြင်သာ ဖြစ်အောင်လုပ်မယ်... နိုင်ငံတော်အတွက် ဆိုတဲ့ နာမ အစား နယ်ခံပြည်သူများအတွက် ဆိုတဲ့ အကျိုးခံစားခွင့်ကို ဦးစားပေးလာမယ်... ဆိုရင်... တောင်ပြုန်းသွားရင်တောင် ပြည်သူတွေ ဘာမှ အတွန့်တက်တော့မှာ မဟုတ်။...

နယ်ခံပြည်သူများရဲ့ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေပိုမို ဆိုးဝါးလာတာ မဟုတ်ပဲ၊ ပိုမိုကောင်းမွန်လာဖို့ အာမခံချက်ရရှိမှာလဲ ဖြစ်ပါတယ်။

အဓိက ကတော့ နယ်ခံပြည်သူများကို ဆုံးဖြတ်ပိုင်ခွင့် ပေးဖို့ပါ။ သူတို့မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိလဲ ဒီလို စီမံကိန်းများ မလုပ်ရမှာတော့ ပိုစရာမလို... သူတို့မှာ အကျိုးအမြတ်ရှိမှန်း သိလာရင် သူတို့ ရဲရဲ ဆုံးဖြတ်ပါလိမ့်မယ်။

အခုတော့ ဒီလိုမဟုတ်တော့... သူတို့ကို အပြစ်ပြောနေလို့ ဘာမှ မထူးပါ။ သူတို့ရဲ့ ရပ်တည်ချက် မှန် တယ်၊ လို့ ယူဆပါတယ်။
by
http://kachinduwa.blogspot.com/2012/11/blog-post_26.html#more