Saturday, January 3, 2015

နာဆာ (NASA) နှင့် အခြား ကမ္ဘာမှ သက်ရှိများ

 Ngai pyi rai n shangai ai ten Sin na mung dan na American ni gaw lamu ntsa na shata mung pyi du taw masai,
Ya ngai USA bai du sa nna NASA de sa wam chyai yu yang,an hte grai madang tsaw hkik hkam sai ngu masat da ai jak rai ni gaw Amerikan ni a madun gawk ( pyadaik ) de she du mat sai..

an hte sinpraw jut de na ni kade chye dum tim Amerikan a lahkam hte gaw grai shai nga ai..Miwa ni pyi shaning 60 ning ram shakut yang she US a lahkam ganoi noi dep re nga lu ai.





 
Andrew Soe added 23 new photos.
"နာဆာ (NASA) နှင့် အခြား ကမ္ဘာမှ သက်ရှိများ"
-------------------------------------------------------
၂၀ ဇူလိုင် ၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသ
ယဉ်မှူးနှစ်ဦး ဖြစ်တဲ့ Neil Armastrong နှင့် Edwin
"Buzz" Aldrin တို့လကမ္ဘာပေါ် ပထမဆုံးခြေချသည့်
လူသား နှစ်ဦး ဖြစ်လာခဲ့ပါသည်။
လပေါ် ပထမဆုံး ခြေလှမ်းချ ခဲ့သည့် Armastrong က
"ဒီခြေလှမ်းဟာ ခြေလှမ်းငယ် တခုဖြစ်ပေမဲ့ လူသားထု
တစ်ရပ်လုံးရဲ့ ကြီးမား တဲ့ အောင်မြင်မှုကြီး "လို့အမွှန်း
တင်ခဲ့ပါတယ်။
ဒုတိယ ဆင်းတဲ့ Buzz ရဲ့ မှတ်ချက်ကတော့ "ကျွန်ုပ်တို့
နိုင်ငံခြားသားများဟာ ၂၀ ဇူလိုင် ၆၉ မှာ အံ့မခန်း လူသား
အစွမ်းအစကြောင့် ရုတ်တရက် ဧဒင်ဥယဉ်ထဲ ရောက်ရှိခဲ့
ပါပြီ" လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အဲဒီ့သူရဲကောင်း နှစ်ယောက် လပေါ်ရောက်ရှိဖို့
မြေပြင်ပေါ်မှာ လူပေါင်း ထောင်ပေါင်း များစွာ
ကြိုးပမ်း အားထုတ်ခဲ့ကြရပါတယ်။
နည်းပညာဆိုင်ရာ တီထွင်မှုများအပြင် လပေါ်
ဆင်းသက်မည့် အချိန်နေရာ အစီအစဉ် အတိအကျ
ရေးဆွဲ ပုံစံချပြီး ပြိုင်တူ ဝိုင်းမတင်လိုက်ကြတာလည်း
ဖြစ်သလို သိပ္ပံပညာ၏ အံ့မခန်း တိုးတက် မြင့်မားမှု
လို့ဆိုရင်လည်း မှားမည်မဟုတ်ပါ။
သူတို့ နှစ်ယောက် လမျက်နှာပြင်ပေါ် နှစ် နာရီ
ခွဲကြာအောင်နေခဲ့ကြပြီး လပေါ် လမ်းလျှောက်
ပြေးလွှားတာ ကျောက်တုံး ကျောက်ခဲတွေ
စုဆောင်းတာအပြင် အမေရိကန် အလံ စိုက်ထူ
တာက အစ ဗီဒီယိုက တဆင့် ကမ္ဘာကို ပြခဲ့ပေမဲ့
ကင်မရာ အကွယ်မှာတော့သူတို့ရဲ့ Top Secret
Mission အရ ဘာတွေ လုပ်ခဲ့သလဲ မပြခဲ့ပါ။
လ ပေါ် ကို သတ်မှတ်ချိန်၊ နေရာ၊ ဧရိယာနှင့်
လတ္တီကျူ့ လောင်ဂျီကျူ့ လ မျက်နှာပြင်ညီပေါ်
အတိအကျ ရွေးချယ်ပြီး ဆင်းသက်ခဲ့ကြတာဖြစ်ပြီး
ဆင်းသက်ခဲ့တဲ့နေရာကတော့ Sea of Tranquility
လို့ ခေါ်ပါတယ်။
ဘာဖြစ်လို့ အဲဒီ အချိန် အဲဒီ နေရာ ကို ရွေးရသလဲ
ဆိုတော့ Orion's Belt Stars ကြယ်တာရာစု မျဉ်း
လိုင်းနဲ့တထပ်တည်း ကျရောက်နေလို့ ဖြစ်တယ်။
Orion's Belt ကြယ်တာရာစုမှာ Alnitak, Alnilam
and Mintaka ဆိုတဲ့ အတောက်ပဆုံး ကြယ်သုံးလုံး
ရှိပြီး ရှေးဟောင်း ဘာသာရေး ယုံကြည်မှုအရ လူသား
ကို ဖန်ဆင်းတဲ့ ထာဝရ ဘုရားသခင် ဆိုတာ အဲဒီ ကြယ်
တစ်လုံးလုံးမှာနေပြီး ကောင်းကင်ဘုံ (နိဗ္ဗာန်) ဆိုတာလည်း
အဲဒီမှာရှိတယ်လို့ ယုံကြည်ကြသလို ရှေးဟောင်း ဂြိုလ်သား
ဆိုင်ရာသီအိုရီအရလည်း အနွှန်နာခီ တွေဟာအဲဒီကနေ
ကမ္ဘာမြေပြင်ပေါ်ထူးဆန်းတဲ့ ယဉ်ပျံတွေနဲ့ ရောက်လာ
ကြတာ ဖြစ်တယ်လို့ဆိုပါတယ်။
အိုရိုင်ယန် ကြယ်တာရာစုဟာ မိမိတို့ ကမ္ဘာ နဲ့
အလင်းနှစ် ၁,၅၀၀ အကွာအဝေးမှာ ရှိပါတယ်။
အဲဒီ့ အချိန်၊ နေရာ အတိအကျ အပြင် အပိုလိုမစ်ရှင်
တစ်ခုလုံး ကို စီစဉ်ခဲ့သူကတော့ Dr.Farouk El-Baz
ဖြစ်ပြီး သူ နှင့် သူ့အဖေ ဟာ ရှေးဟောင်း အီဂျစ် ဂြိုလ်
နက္ခတ် တွက်ချက်ခြင်းကို ကျွမ်းကျင်ကြသလို ယုံကြည်
သူတွေလည်း ဖြစ်တယ်။
Farouk El-Baz ဟာ အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်း ဒေသ က
Zagazig မြို့လေးမှာ၂ ဇန်နဝါရီ ၁၉၃၈ မှာ မွေးဖွားသူ
ဖြစ်ပြီး အီဂျစ်-အမေရိကန် နှစ်နိုင်ငံသား ခံယူထားသူဖြစ်
တယ်။ 
လက်ရှိ Boston University မှာ Research Professor
and Director of the Center for Remote Sensing
အဖြစ် တာဝန် ထမ်းဆောင်နေပြီး Ain Shams Univer
-sity, Cairo, Egypt အတွက်လည်း Adjunct Professor
of Geology at the Faculty of Science အဖြစ်လည်း
တာဝန်ယူလျှက် ရှိတယ်။
ရှေးဟောင်း အီဂျစ်လူမျိုး တွေ ယုံကြည်မှု အရ Orion's
Belt နဲ့ တထပ်တည်းအချိုးကျတယ် ဆိုရင် လူသား နဲ့
ရှေးဟောင်း အီဂျစ် နတ်ဘုရား Osiris နဲ့ စတင် အဆက်
အသွယ်ပြုလုပ်တယ်လို့ အဓိပ္ပယ် သက်ရောက်ပါတယ်။
Osiris ဟာ မြင့်မြတ်တဲ့ နတ်ဘုရားတစ်ပါး ဖြစ်ပြီး
သူ့မိန်းမ က Sirius နဲ့ ညီမ Isis တို့ဟာ အတူတကွ
ကောင်းကင်ကို စိုးမိုးအုပ်ချုပ်သလို အီဂျစ်ပြည်သူပြည်သား
တွေရဲ့ လက်ရှိနဲ့ နောက်ဘဝတွေ ကိုလည်း စီမံအုပ်ချုပ်
သူတွေဖြစ်ပါတယ်။
ရှေးဟောင်း အာကာသဆိုင်ရာ သီအိုရီ အရ တကယ်
ကတော့ သူတို့ နတ်ဘုရားသုံးပါး ဟာ Orion's Belt
က ကြယ်သုံးလုံး သာ ဖြစ်တယ်လို့ ယုံကြည်တယ်။
ဒါကြောင့် Armastrong ခြေတဲ့ခဲ့တဲ့ နေရာဟာ အဲဒီ ကြယ်
သုံးလုံး ရှိတဲ့ Orion's Belt နဲ့ Horizontal အလျားလိုက်
တစ်ထပ်တည်းကျတဲ့ အချိန်ကို ရွေးဆင်းခဲ့ကြခြင်းဖြစ်
တယ်။
Armastrong ဆင်းပြီး ၃၃-မိနစ် အကြာ မှ ဒုတိယ ယဉ်မှူး
ဖြစ်တဲ့ Buzz လပေါ် ဆင်းပြီး လမ်းလျှောက်တယ်။ သူဟာ
33 Degree Scottish Rite Freemason (ဖရီးမေဆင်)
ဂိုဏ်းသားတယောက်လည်းဖြစ်တယ်။ ပြီးမှ လဆင်းယဉ်
ပေါ် နှစ်ဦးသား ပြန်တက်ပြီး ဝိုင်အရက်ဖြည့်၊ ပေါင်မုန့်လှီးပြီး
အောင်ပွဲ အထိမ်းအမှတ် လုပ်ခဲ့တယ်။
အဲဒါကို A Communication Ceremony လို့ ခေါ်တယ်။
Catholic အယူဝါဒမှာ ထုံးတမ်းစဉ်လာ ရှိသော်လည်း
တကယ်တော့ Osiris နတ်ဘုရား ကို ပူဇော်ရာ ဓလေ့
က ဆင်းသက်လာခြင်းသာဖြစ်တယ်။
လူအများ မသိခဲ့တဲ့ ထိပ်တန်း လျှို့ဝှက် မစ်ရှင်အရ
လ ပေါ်မှ ကမ္ဘာမြေပြင်ပေါ် ပြန်မဆင်းခင် သိပ္ပံဆိုင်ရာ
စမ်းသပ်ပစ္စည်းအချို့ နဲ့ အမေရိကန်အလံ လွှင့်ထူ ခဲ့
သလို "Here menfrom the planet earth first set
foot upon the moonJuly 1969 , AD. We come in
peace for all mankind"လို့ ရေးထားသည့်အထိမ်း
အမှတ် တခုလည်း ချန်ထားခဲ့တဲ့အပြင် အိတ်တစ်လုံး
လည်းထားခဲ့ပြီး အိတ်ထဲမှာ ရွှေရောင်သံလွင်ခက် တခု
နဲ့ ဆီလီကွန် ကွန်ပြူတာဓတ်ပြားတချပ်ပါဝင်ပြီးဓတ်ပြား
မှာ ကမ္ဘာ့ ခေါင်းဆောင် ၇၃-ယောက် ရဲ့နှုတ်ခွန်းဆက်
အသံ နှင့် သဝဏ်လွှာတွေ ပါရှိတယ်။
ဘာဖြစ်လို့ အဲဒီ ပစ္စည်းတွေ လ ပေါ် ချန်ထားခဲ့တာလဲ !
လပေါ်မှာ ဘယ်သူတွေ နဲ့ တွေ့မယ် လို့ မျှော်လင့်
ခဲ့လို့လဲ !
အထက်မှာ ၃၃ ဂဏ္ဏန်း ကို သူတို့ရဲ့ လျှို့ဝှက်အသင်း
ဂဏန်း အဖြစ်သတ်မှတ်ထားသလို အဲဒီ ဂဏန်း နှင့်
ထူးခြား ဆက်နွယ်မှုအချို့ကိုအနည်းငယ် ရှင်းပါရစေ။
ဘုရားဝတ္တက မြေ (Holy Land) ရဲ့ အပေါ်ပိုင်း
ဖြစ်တဲ့ လက်ရှိ လက်ဘနွန်၊ ဆီးရီးယား၊ အစ္စရေးလ်
သုံးနိုင်ငံဆုံရာ နယ်စပ် ဒေသရှိ ဂိုလန် ကုန်းမြေမြင့်
အထက်မှာ ပေ ၉,၂၃၀ အမြင့် ရှိ ဟာမွန်တောင်
(Mount Hermon) ဆိုတာ ရှိတယ်။
အဲဒီ ထူးဆန်း တဲ့ တောင်ပေါ်ကနေ တမန်တော်
အီလိုင်ဂျာ (Elijah)၊ မိုးဇက်၊ ယေရှု တို့ဟာ ကောင်း
ကင်ဘုံကို ကြွမြန်းတယ်လို့ ကျမ်းတွေမှာပါသလို
နတ်သား၊ နတ်သမီးအပါး ၂၀၀ ကျော် ဆင်းသက်
ခဲ့ရာ နေရာဟု Book of Enoch မှာ တမန်တော်
အီနော့ခ် ကိုယ်တိုင် ရေးထားတာရှိတယ်။
တမန်တော် အီနော့ခ်ရဲ့ "မြစ်" ဟာ "မဟာရေကြီးမှု"
မှ လွတ်မြောက်ခဲ့တဲ့ တမန်တော် နောဧ၊ နှူရ်၊ နိုအား
( Noah )ဆိုတာပဲ ဖြစ်ပါတယ်။ ၎င်း လွတ်မြောက်ပြီး
နောက်မှ မိမိတို့လူသားမျိုးနွယ် တရပ်လုံး ယနေ့အထိ
ရှိတယ်လို့ ဂျူး၊ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ် ဘာသာ
ဝင်တွေက ယုံကြည်ကြသလို၎င်းတို့၏ ကျမ်းအသီးသီး
မှာလည်း ဖော်ပြ ပါရှိတယ်။
ဘာဖြစ်လို့ ဟာမွန်တောင် မှာ ထူးခြားမှုတွေရှိနေတာ
လဲ၊ မိမိတို့ သမိုင်း စကတည်းက အရှေ့အလယ်ပိုင်း
ဒေသဟာ ဂင်္ဂါဝါလု သဲစုမက တမန်တော် ( ဗမာလို
ဘုရား ) တွေမြောက်များစွာ ပွင့်ခဲ့ကြ သလို ကြယ်တာ
ရာ သို့ သွားရာ Star Gate တွေ ဖြစ်ပြီး ယနေ့အထိ
လည်း ထူးခြား ဖြစ်ရပ်ဆန်းတွေနှင့် အတူ သူတို့ရဲ့
သမိုင်း ကြောင်းတွေကိုလည်းရှာဖွေတွေ့ရှိနေဆဲ
ဖြစ်တယ်။
Sicence of Numerlogy အရ နံပတ် ၃၃ ဟာ အာကာ
သ ဆိုင်ရာ ဆက်နွယ်မှုမှာ ထူးဆန်းတဲ့ ဂဏ္ဏန်း ဖြစ်သလို
ဟာမွန်တောင် တည်နေရာ ကလည်း အီကွေတာ ရဲ့
လတီကျူ့ ၃၃ ဒီဂရီ မြောက် နှင့် ၃၃ခု-မြောက်ဖက်
မျဉ်းပြိုင်လမ်းကြောင်း တစ်ခုဖြစ်ပြီး အဲဒီ မျဉ်းကြောင်း
အတိုင်းကမ္ဘာ့ တစ်ဖက်ခြမ်းကို တည့်တည့် ဆွဲကြည့်လျင်
ယနေ့မိမိတို့ခေတ်မှာ ဖြစ်ပွါးခဲ့သည့် ကမ္ဘာကျော်ဖြစ်ရပ်
ဆန်းတစ်ခု အဖြစ်ကျော်ကြားသည့် နယူး မက္ကစီကိုက
ရို့စ်ဝယ်လ် UFO ဖြစ်ရပ်ဆန်း နေရာနှင့် တစ်ထပ်တည်း
ကျနေတာ အံ့ဩစွာတွေ့ရှိနိုင်ပြီး ဒါဟာ တိုက်ဆိုင်မှု
သက်သက် တစ်ခုတော့မဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။
တစ်ကယ်တော့ 33rd latitudinal Line ဟာ ဂြိုလ်သား
တွေ ကမ္ဘာမြေပြင်ပေါ် ဆင်းသက်ရာ နေရာ တစ်ခု လို့
သိပ္ပံ ကတော့ ယုံကြည်လျှက်ရှိပြီး ဘာသာရေးအပိုင်းက
နတ်သားတွေဟု သုံးနှုံးသော်လည်း ပညာရှင်များကတော့
ပြင်ပ ကမ္ဘာက လာရောက်တဲ့ ဂြိုလ်သား တွေဟုသာ
လက်ခံထား ရှိပါတယ်။
ဒိအပြင် အာကာသယဉ် တွေ ဆင်းသက်ရာ Cape
Canaveral က လေယဉ်ပြေးလမ်း ကိုလည်း အစီအစဉ်
စကတည်း ကပြေးလမ်း နံပတ်-၃၃ ကို ရွေးထားသလို
ဒုံးပစ်စင် ကို လည်း ပစ်စင် အမှတ်-၃၃ ကိုဘဲ ရွေးချယ်
တာတွေ့ရတယ်။
အပိုလို ၁၁ လပေါ် ဆင်းသက်သည့် နေရာသည်လည်း
၃၃ ဒီဂရီ ဖြစ်သလို အိုရိုင်ယယ် ခါးပတ်ထဲက ကြယ်သုံး
လုံးဟာလည်း နာဆာက ယုံကြည် တဲ့ အီဂျစ်ရှေးဟောင်း
နတ်ဘုရား အိုဆိုင်းရစ်စ် လာရောက်ရာ ကြယ်တာရာစု
သာလျင်ဖြစ်နေတယ်။
ဒီထက် ပိုခိုင်မာ တဲ့ သက်သေ တွေထဲ မှာ အပိုလို
စီးရီးစ် တွေနှင့် နောက်ပိုင်း အာကာသသို့ လွှတ်တင်
ခဲ့သည့် နာဆာ စပေ့စ် ပရိုဂရမ် အစီအစဉ်တွေမှာ ဒုံးပျံ
တည်ဆောက်သည့် ပညာရှင် မာစတာမိုင်း တစ်ဦး
ဖြစ်တဲ့ နာဇီ အက်စ် အက်စ် အရာရှိ ဟောင်း တစ်ဦး
ဖြစ်တဲ့ ဝါနာ ဗွန် ဘရောင်း ( Former SS Nazi
Officer Wernher Von Braun ) နှင့် အမေရိကန်
နာဆာကလဲ ဆက်စပ်လျှက် ရှိပါတယ်။
အမေရိကန် အာကာသ အေဂျင်စီ ဆိုတာ မရှိ
သလို ရုရှား အာကာသ အေဂျင်စီ ဆိုတာလည်း
မရှိပါ၊ ဂျာမန် အာကာသ အေဂျင်စီ ဆိုတာဘဲ
ကမ္ဘာမှာ ရှိတယ်လို့ အမေရိကန် သိပ္ပံ ပညာရှင်
တစ်ယောက် က စိတ်နာနာ နဲ့ ငြီးငြူ ဘူးပါတယ်။
ဒုတိယ ကမ္ဘာစစ်မှာ ဂျာမန် နာဇီ တွေ လက်နက်ချပြီး
နောက် စစ်နိုင်သူ အမေရိကန် နှင့် ရုရှား အာဏာပိုင်
တွေ အပူတပြင်း ရှာဖွေခဲ့တာ နာဇီ စစ်တရားခံတွေ
မဟုတ်ဘဲ ဂျာမန် သိပ္ပံပညာရှင်တွေသာ ဖြစ်ပါတယ်။ 
စစ်ခုံရုံးတင်ဖို့ ဝေးစွ မထိ မတို့ အထူးအခွင့်အရေးပေး
ခံရပြီး ဘိုကေ တသသ ကုတ်အင်္ကျီ အဝတ် မပျက် တဲ့
အဲဒီ သိပ္ပံ ပညာရှင်တွေကို နှစ်ဖက်စလုံးက ရယူခဲ့ကြတဲ့
အထဲမှာ ဗွန်ဘရောင်း နှင့် သူ၏ ပညာရှင်အဖွဲ့အား
Operation Paperclip ဟု လူသိများသော Under
Controversial Classified Program အဖြစ် အမေ
ရိကန် နိုင်ငံသို့ ခေါ်ဆောင် သွားခဲ့ပါတယ်။
ရဖျူးဂျီး စတေးတပ်စ် နဲ့ အမေရိကန်ကို စစ်မဖြစ်သေးမီ
ပြေးဝင် ခိုလှုံလာတဲ့ ဂျာမန်-ဂျူး သိပ္ပံပညာရှင် အိုင်းစတိုင်း
က ရောက်ပြီး သိပ်မကြာခင် သမ္မတ အိုင်စင်ဟောင်ဝါ ကို
ဟစ်တလာ ဆီမှာ ပညာရှင် အမြောက်အများ နဲ့ ထူးဆန်း
လက်နက်တွေ ရှိကြောင်း အဏုမြူ ကိုလည်း စမ်းသပ်နေ
ကြောင်းနှင့် အကယ်၍အောင်မြင်သွားလျင် ကမ္ဘာကြီး
မီးလောင်တိုက်သွင်း ခံရနိုင်ကြောင်း သတိပေး ဖောက်
သည်ချ သောကြောင့် ဒေါက်တာအိုပင်ဟိုင်းမားကို တာ
ဝန်ပေးပြီး အဏုမြူကို ကြိုးစား ထုတ်လုပ်ကြာရာ နောက်
ဆုံးမှာအောင်မြင်ခဲ့ကြတယ်။ 
နာဇီ ဂျာမန် တွေ လက်နက်ချလို့ ဥရောပမှာ စစ်ကြီးပြီးဆုံး
သွားပေမဲ့ တဇောက်ကန်း ခေါင်းမာတဲ့ အရှေ့တိုင်းသား
ဂျပန်ကတော့ ခါမီခါဇေ အသေခံ တိုက်ခိုက်နေတာကြောင့်
အဏုမြူဗုံး ကြဲချပြီး ဒုတိယကမ္ဘာစစ်ကြီးကို လုံးဝ အဆုံး
သတ်နိုင်ခဲ့တယ်ဆိုတာ မှန်ပေမဲ့ အဏုမြူဗုံး ကြဲချတာကို
တော့ သူတို့ အဖြူ အာရိယာန် အချင်းချင်း မို့ဂျာမဏီကို
မကြဲဘဲ အရှေ့တိုင်းသား လူရိုင်း တွေထဲက ဂျပန်ကို ကြဲ
ချတာ ဖြစ်ကြောင်းသုံးသပ်သူတွေလည်း မနည်းရှိပါတယ်။
စစ်ပြီးနောက် အမေရိကန် နဲ့ ရုရှား ခွေးနှစ်ကောင် လို
မာန်ဖီ ရန်စောင် နေတဲ့ ကာလကိုစစ်အေးခေတ် ( Cold
War ) လို့ သမိုင်းမှာ ခေါ်ပြီး အဲဒီ ကာလ မှာ တစ်ကောင်
နဲ့ တစ်ကောင်အကြော မပေးကြေး ပြိုင်ကြတဲ့ အခါ နည်း
ပညာပိုင်း အရ ရုရှားက ကမ္ဘာ့လေထု အပြင်သို့ ၄ အောက်
တိုဘာ ၁၉၅၇ ခုနှစ်မှာ Sputnik 1 ကို လွှတ်တင်နိုင်ခဲ့ပြီး
သိပ်မကြာခင်မှာပဲ လူသား တင်ဆောင်၍ အာကာသထဲ
ထပ်မံလွှတ်တင် နိုင်တာကြောင့် အမေရိကန်ကျွဲကြီး မျက်
ကလူး ဆန်ပြာ ဖြစ်ပြီး NASA ကို ၁၉၅၈ မှာ စတင် ဖွဲ့စည်း
ခဲ့ပါတော့တယ်။
အစပိုင်း နာဆာမှာ နာဇီ အက်စ် အက်စ် အရာရှိဟောင်း
ဝါနာ ဗွန်ဘရောင်း မပါသေးတာကြောင့် အမေရိကန်တွေ
မည်သို့ပင် ကြိုးစား၍ ဒုံးပျံ လွှတ်တင်တာ အကြိမ်ကြိမ်
ရှိခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပါ။
နောက်ဆုံး ဗွန်ဘရောင်းကို တာဝန်ပေး မှ ဒုံးပျံအပေါ်
ကြွတော့တာမို့ သူ့ကို နာဆာရဲ့ မာစတာမိုင်း (သို့)
"Father of Rocket Science" လို့ သတ်မှတ်ရပါ
တော့တယ်။
လန်ဒန်မြို့
အင်္ဂလန် နိုင်ငံ
၈ စက်တင်ဘာ ၁၉၄၄ ခုနှစ်မှာ
၁၃-တန် အလေးချိန်ရှိ ဂျာမန် ပဲ့ထိန်းစံနစ်သုံး
ဒုံးပျံ ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား
၃-ယောက် သေပြီး ၁၇-ဦးဒဏ်ရာရတယ်။ 
Vengeance Weapon 2 ( V-2 ) လို့လူသိများတဲ့
ဒုံးပျံကို ဂျာမဏီအတွင်းပိုင်း တစ်နေရာကနေပစ်လွှတ်
ခြင်းဖြစ်ပြီး ကမ္ဘာ့ပထမဆုံး လူသားတီထွင်ပြီး အာကာ
သ ထဲ ကွန်ပြူတာထိန်း တာဝေးပစ် ဒုံးပျံ တစ်စင်းလည်း
ဖြစ်တယ်။ တီထွင်သူကတော့ ဂျာမန် လူမျိုး ညဏ်ကြီး
ရှင် အသက် ၃၂-နှစ် အရွယ်သာ ရှိသေးသည့် ဝါနာ
ဗွန်ဘရောင်းသာ ဖြစ်ပါတော့တယ်။
ဗွန် ဘရောင်းကို ၂၃ မတ် ၁၉၁၂ မှာ မွေးဖွားပြီး
၁၆ ဇွန် ၁၉၇၇ ခုနှစ် အသက် ၆၅-နှစ်အရွယ် မှာ
အလက်ဇန်းဒြီးယားမြို့၊ ဗာဂျီးနီးယားပြည်နယ် ၊
အမေရိကန် ပြည်ထောင်စုမှာ ကွယ်လွန်ခဲ့ပါတယ်။
ငယ်ရွယ်စဉ် ဘဝ မှာ H.G Wells နှင့် Jules Verne
တို့ရဲ့ စာအုပ်တွေ နှင့် ကြီးပြင်းခဲ့ပြီး ဂြိုလ်တွေကို
ထိမ်းသိမ်းနိုင်သော ကောင်းကင်ဘုရားများ နှင့်
လူသားတို့၏နည်းပညာရပ်များ ကို စိတ်ဝင်စားခဲ့
တာကြောင့် တစ်နေ့ ဒုံးပျံ တီထွင် ပြီး အာကာသ
ထဲ အရောက်သွားမည် ဟု စိတ်ကူးယဉ်ခဲ့သူ ဖြစ်ပါ
သည်။ ဘယ်သူမှ မတွေးခင်ကတည်းက အင်္ဂါဂြိုလ်
ပေါ်မှာ သက်ရှိတွေ ရှိနေနိုင်ကြောင်း မိမိ တစ်နေ့
ရအောင်သွားရှာမည်ဟုစိတ်ပိုင်းဖြတ်ထားသူလည်း
ဖြစ်ပါတယ်။
*( ဒီနေရာ မှာ အလျင်းသင့်လို့ တစ်ခု ပြောချင်တာက
အင်္ဂါဂြိုလ်ပေါ် မှာ သက်ရှိ ရှိကြောင်း နာဆာက တွေ့ရှိ
ထားသော်လည်း ကမ္ဘာသို့ ထုတ်ပြန်ခြင်း မရှိကြောင်း
NASAs.Unexplained.Files မှာ အတိ အလင်း တွေ့
ရပါသည်။ ထို့ကြောင့် ၂၀၃၃ တွင်အင်္ဂါဂြိုလ်သို့အရောက်
ခရီးစဉ်အား ယခု ကတည်းက စတင် ဆောင်ရွက်နေခြင်း
ဖြစ်တယ်)။
ဗွန် ဘရောင်းသည် ဒုတိယ ကမ္ဘာစစ် အတွင်း ဂျာမဏီရှိ
Peenemünde Army Research Center မှာနည်းပညာ
ဒါရိုက်တာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အာကာသ
သွား ဒုံးပျံ မဟုတ်သေးသော်လည်း အထက်မှာ တင်ပြခဲ့
သလို စစ်လက်နက် ဒုံးပျံ တည်ဆောက်သူ ဂျာမန်ဒုံးပျံ
အင်ဂျင်နီယာ တစ်ယောက်အဖြစ် တာဝန် ယူခဲ့ပါသည်။ 
ဂျာမန် အက်စ်အက်စ် အရာရှိ တွေ အကြား ထင်ရှား
ကျော်ကြားသူဖြစ်ပြီး ဟစ်တလာ ၏ အထူး ယုံကြည်
အားထားရသော သိပ္ပံပညာရှင် တစ်ယောက်လည်း
ဖြစ်ပါတယ်။ ဟစ်တလာ ရဲ့ SS ကိုယ်ရံတော်တပ်ဖွဲ့
သည် လျှို့ဝှက် အဖွဲ့ တစ်ခု ဖြစ်ပြီး လူသား DNA တွေ
ထဲမှာ အမြင့်မြတ်ဆုံး အာရိယာန်(Aryan Race) ရှိကြ
သူတွေ ဟု ယုံကြည်ထားပြီး ကောင်းကင်နတ် များ ဖြစ်
သော Isis , Osiris ,Horus , Seth တို့မှ တိုက်ရိုက်
ဆင်းသက် သွေးသားတော်စပ်သည်ဟု လည်း ယုံကြည်
ထားကြသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ငယ်စဉ် ဘဝ
ကတည်း က အာကာသ ထဲ ရောက်အောင် သွားမည်ဟု
အားခဲထားသည့် ဗွန်ဘရောင်းအဖို့ ဟစ်တလာ ရဲ့ လျှို့
ဝှက် အဖွဲ့ထဲရောက်ပြီး မိမိတို့သည် ကောင်းကင် ကြယ်
တာရာစု မှ တိုက်ရိုက် ဆင်းသက်လာကြောင်း သွေးသား
သန့်စင် သည့် အာရိယာန် လူမျိုး စစ်စစ် ဖြစ်ကြောင်း
သိရှိရပြီးနောက် စကြာဝဠာသည် သူ့အားပိုမိုဆွဲဆောင်
ခဲ့လေတော့သည်။
နာဆာသို့ ဗွန်ဘရောင်း ရောက်ရှိပြီးနောက် အာကာသ
ဆိုင်ရာ စာအုပ်စာတမ်း အမြောက်အများ ရေးသား ပြုစု
ခဲ့ သလို လူနာ လဆင်း ခရီးစဉ် နှင့် အင်္ဂါဂြိုလ်သွား ခရီး
စဉ် များ အပြင်ယနေ့ ISS ဟု လူသိများသော အာကာသ
ထဲ ရှိ နိုင်ငံတကာ အာကာသ စခန်း ဆိုသည်မှာလည်း သူ
၏ တီထွင် ကြံဆမှုများသာ ဖြစ်ပါတော့သည်။
သူ ကိုယ်တိုင် အာကာသထဲ၊ လပေါ်၊ အင်္ဂါဂြိုလ် သို့
ကိုယ်တိုင် သွားရောက်ပြီး Aliens တွေကို သွားရောက်
ရှာဖွေချင်သော်လည်း အမေရိကန် အစိုးရက သူသေ
ဆုံးချိန် အထိ ခွင့်ပြုခြင်း မရှိခဲ့ပါ။
သူ နှင့် လုပ်ဖော်ကိုင်ဖက် အမေရိကန် သိပ္ပံ ပညာရှင်
တစ်ယောက်က "ခင်ဗျား ဘယ်လိုဖြစ်လို့ အာကာသ
နဲ့ ဒုံးပျံ အကြောင်း တွေ ဒီလောက်တောင် သိရတာလဲ
နဲနဲ ပြောပြပါလား" ဟု တိုးတိုးတိတ်တိတ် မေးရာ သူက
ဘာမှ ပြန်မပြောဘဲ ဘေးနားမှာ ချထားသော"ဂြိုလ်သား"
အကြောင်း ရေးထားသော စာအုပ်ကို မျက်စပစ်ပြပြီး ပြုံး
လျှက်ရှိနေပါသည်။
ဤကဲ့သို့ ဂြိုလ်သားများ က တယ်လီပသီနည်းဖြင့်
သော်၎င်း၊ Abduction လုပ်၍ သော်၎င်းကမ္ဘာပေါ်ရှိ
လူသား သမိုင်းရာဇဝင်တွေကို ပြောင်းလဲရာမှာ သခင်
ယေရှု အမေ မာသာ မယ်ရီခေါ် Saint Mary or Virgin
Mary လည်း မလွတ်ခဲ့ကြောင်း မှတ်သားဖူးပါတယ်။
Andrew Soe
၁ ဇန်နဝါရီ ၂၀၁၅။
ပုံ (၁၊၂၊၃) Neil Armastrong နှင့် Edwin "Buzz" Aldrin
ပုံ (၄၊၅၊၆) အိုရိုင်ယန် ကြယ်တာရာစုနှင့် အီဂျစ်ရှိ "မဟာ
ပိရိမစ်"များကလည်း ထို ကြယ်တာရာစုကိုသာ ချိန်ရွယ်ပြီး
တည်ဆောက်ထားပုံ )*
ပုံ (၇၊၈၊၉) Dr.Farouk El-Baz ၏ပုံများ
ပုံ (၁၀၊၁၁၊၁၂) Freemason (ဖရီးမေဆင်)
ပုံ (၁၃၊၁၄) ဟာမွန်တောင် ( Mount Hermon )
ပုံ (၁၅၊၁၆) 33rd latitudinal Line
ပုံ (၁၇၊၁၈၊၁၉၊၂၀၊၂၁၊၂၂) ဝါနာ ဗွန် ဘရောင်း
( Former SS Nazi Officer Wernher Von Braun )။