Monday, January 5, 2015

နှလုံးသား နှင့် အသက်မပါသည့် စက်ရုပ်မနောင်ပွဲတော်


====================================
မြစ်ကြီးနားဘရန်
(Kachin Wave)
(၆၇)ကြိမ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မနောင်ပွဲတော်ကျင်းပရန် တစ်ရက်သာလိုတော့သည့်အချိန် ယခင်ပွဲများနှင့် ထူးခြားသည်မှာ လူစီးကားလျှက်မရှိ၊ ဈေးတန်းများမရှိ၊ မနောင်ကွင်းတွင်လှုပ်ရှားနေသူများသည် ကချင်လူမျိုးများသိပ်မတွေ့ရ အစိုးရ၀န်ထမ်းများနှင့် အစိုးရနှင့် ပူးပေါင်းသည့် လုပ်ငန်းရှင်အသိုင်းအ၀ိုင်းအချို့ကိုသာတွေ့ရသည်။
ယခုတစ်ကြိမ်မနောင်ပွဲသည် နှလုံးသား နှင့် အသက်မပါသည့် စက်ရုပ်ပွဲတော်သာဖြစ်ပြီး ပွဲသာဖြစ်သွားသော်လည်း အသက်ဝိညာည်မပါသည့် ပွဲတော်သာဖြစ်သည်။
မနောင်အကသည် ကချင်လူမျိုးများ စတင်နေထိုင်လာသည့် BC ခေတ်ကတည်းကနေ စတင်ကခဲ့သည့်အကဖြစ်သည်။
ယခု ကချင်ပြည်နယ်မနောင်ကွင်းတွင် ပြုလုပ်သည်မှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးစတင်ကတည်းက ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မနောင်ပွဲတော်အား စတင်ကျင်းပဲခဲ့ကြသည်။
သို့သော် ၁၉၇၀ နောက်ပိုင်းတွင် နှစ်စဉ်ကျင်းပလျှက်မရှိခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်မှ နှစ်စဉ်ပြန်လည်ကျင်းပခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ကချင်ပြည်နယ်၏ တစ်ကျော့ပြန်စစ်ပွဲကြောင့် ရပ်နားထားခဲ့သည်။
(၃) နှစ်ကြာရပ်ဆိုင်းထားသည့် မနောင်ပွဲတော်အား ပြည်သူလူထုများသဘောမတူသော်လည်း ကချင်ပြည်နယ်အစိုးရမှ ဦးဆောင်ပြီး ၂၀၁၅ ဇန်န၀ါရီ ၅ ရက်နေ့မှစတင်တော့မည်ဖြစ်သည်။
ဒေသခံများသည် ယခုမနောင်ပွဲတော်သည် အစိုးရများ၏ နိုင်ငံရေးအမြတ်ထုတ်သည့် ပွဲသက်သက်သာဖြစ်ကြောင်းသုံးသပ်လျှက်ရှိပြီး စစ်ဘေးဒုက္ခသည်စခန်းများ၊ ဘုရားကျောင်းများတွင် မနောင်ပွဲသို့မသွားရန် ပြောဆိုကြသည်။
ယခုမနောင်ပွဲအောင်မြင်စွာပြီးဆုံးပါက ၀န်ကြီးချုပ်လည်း နိုင်ငံတကာ၊ ကြံခိုင်ရေးပါတီတွင် မျက်နှာရပြီး အခွင့်အရေးလည်းပြန်လည်ရရှိရန် မျော်မှန်းထားပုံရသည်။
ထိုကြောင့် ယခုမနောင်ပွဲအား ပြည်သူတွေ သဘောမတူသော်လည်း သူပိုင်သည့် ခရိုနီများ၊ ဌာနဆိုင်ရာများနှင့်ပူပေါင်းပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ခေါင်းစဉ်မရှိလုပ်ဆောင်ခြင်းဖြစ်သည်။ မနောင်အကသည် ခေါင်စဉ်မရှိပဲကျင်းပခြင်း မရှိကြောင်း
ရိုးရာလူကြီးများမှဆိုသည်။
ရှေ့ယခင်ကတည်းက ကလာသည့် မနောင်အက အဓိက (၇)မျိုး။။
(1) Ju manau (ဂျူမနောင်)= လူသေ၊ အသုဘ အစီအစဉ်များတွေ ကသည့်အက
(2) Padang Manau (ပဒန်မနောင်)= စစ်ပွဲနိုင်တဲ့ အချိန်ကတဲ့မနောင်အက
(3) Hting Htang Manau (ထိန်ထန်မနောင်)= အိမ်သစ်တက်ပွဲများတွေကသည့် အက
(4)Hkri Dip Manau (ခရိဒိပ့်မနောင် ရွာသစ်ဖွင့်ပွဲစသည့် အချိန်ကသည့် အက
(5) Hting ram Manau (ထိန်ရမ်မနောင်)= စစ်ပွဲတွေဖြစ်ပြီး အချင်းချင်းပြန်လည်စည်းလုံးလာတဲ့အချိန်ကတဲ့အက
(6)Sut Manau (ဆွတ်မနောင်)= ချမ်းသာကြွယ်ဝလာဖို့ကတဲ့အက
(7)Majan Hpaw Manau (မဂျန်ဖော်မနောင်)= စစ်ပွဲဖွင့်သည့်အချိန်ကသည့်အက
။။။။
နောက်ပိုင်းပေါ်လာသည့် မနောင်အကများ
Jubile Manau (ဂျူဗလီမနောင်)= နှစ်ပတ်လည်အခမ်းအနား ၊ ဂျူဗလီပွဲများတွင် ကသည့်အက
Hpaji Manau (ဖဂျီးမနောင်)== ပညာတတ်ပြီးနောက်ကသည့်အက။။။ ဘွဲ့နှင်းသဘင်အခမ်းအနားတွေမှာကသည့်အက။
Hkrum Ra Manau (ခခွမ်ရာမနောင်) ==အာလုံးပြန်လည်တွေ့ဆုံသည့် မနောင်အက
ယခုတစ်ကြိမ် ပြည်သူများသဘောမတူသည့်ကြားမှ အစိုးရဦးဆောင်ပြီး စည်ကားသိုက်မြိုက်စွာကျင်းပရန်ရည်ရွယ်ခြင်းသည့် မနောင်အကသည် အထက်ပါမနောင်အကများမှမည်သည့်ခေါင်းစဉ်နှင့်ကိုက်ညီနေပါသနည်း။
ဘယ်လိုပဲဖြစ်ဖြစ် ကချင်ပြည်နယ် ပြည်သူပြည်သားများ စစ်ဘေးဒုက္ခသည်များအတွက်တော့ ၂၀၁၅ ဟာ ကံကောင်းခြင်းလား ကံဆိုးခြင်းလာတော့မသိ မနောင်ပွဲနဲ့တော့ စတင်လိုက်သည် အမှန်ပင်။