Thursday, January 8, 2015

အွန်လိုင်းပေါ်က သစ်ဖမ်းသတင်းနဲ့ ပတ်သက်ပြီး.


================================
(Duwa Kachin)
အွန်လိုင်းပေါ်က သစ်ဖမ်းသတင်းနဲ့ ပတ်သက်ပြီး.အများပိုင်းက တည်နေရာ ကို မသိကြပါ။ အဲဒါ ကို အခွင့်အကောင်းယူပြီး ကေအိုင်အေ နဲ့ ပေါင်းလုပ်စားတယ် ဆိုတဲ့ သဘောမျိုး တင်ထားတာ တွေ့ ရပါတယ်။
Ye Moe အကောင့်မှ မြေပုံပါ အညွန်းအရ ဆိုရင်၊ ကန်ပိုင်တီ နဲ့ ပန်ဝါကြား နယ်စပ်မျဉ်းတွေဟာ ဇခုန်တိန်ယိန်း ရဲ့ နယ်ခြားစောင့်တပ် နယ်မြေတွေပါ။ ဆဒုံ=ကန်ပိုင်တီ လမ်း ဆိုတာ ဗမာ စစ်တပ် နဲ့ နယ်ခြားစောင့်တပ် နေရာယူထားတဲ့ နယ်မြေ ပါ။ ကေအိုင်အေ တပ်စခန်းမရှိပါ။
အရင်တုန်းက ကေအိုင်အေ စခန်း တခု ရှိခဲ့တဲ့ လဖိုင်ကျေးရွာ ဆိုတာ အခု မီးလောင်ပြာကျ သွားတဲ့ ရှိန်ကျိုင် (စင်ကြိုင်) ဒုက္ခသည်စခန်းမှာ နေတဲ့ ရွာသားများ နေခဲ့တဲ့ ရွာပါ။ အခုတော့ ဗမာ စစ်တပ် ထိုင်နေပါပြီ။ အဲဒီ နောက် ဆဒုံ=ကန်ပိုင်တီ လမ်း တလျောက် ကေအိုင်အေ စခန်း မရှိတော့ပါဘူး။
အခုလို လူအများကြီးကို ဒီနေရာထိ ရောက်အောင် ဘယ်သူတွေ ပို့ဆောင်ခဲ့သနည်း။ စစ်ဖြစ်နေတဲ့ ကေအိုင်အေ နယ်မြေကိုတော့ သူတို့ သွားရဲမှာ မဟုတ်ပါ။
ဇခုန်တိန်ယိန်း ဟာ ဟိုး အရင်ကတည်းက သစ်ထုတ်လုပ်တဲ့ နေရာမျာ နာမည် တလုံးနဲ့ပါ။ ပန်ဝါ တကြော ကုန်ပါပြီ။ အခုမှ ဘာဖြစ်လို့ ဖမ်းသနည်း။
လွတ်တော် အမတ် ဇခုန်တိန်ယိန်း ရဲ့ ပိုင်ဆိုင်မှု၊ အခွင့်အရေး များကို တဖြည်းဖြည်းချင်း ချည်နှောင်လိုက်ခြင်း ဖြစ်နိုင်ပါသည်။ သူ့မှာ နယ်ခြားစောင့်တပ် အပါအ၀င် ကိုယ်ပိုင် ခါးပိုက်ဆောင် ပြည်သူ့ စစ် တပ်ဖွဲ့ လဲ ရှိလေသည်။ မြန်မာ စစ်တပ် အောက်မှာ နေနေရတယ် ဆိုပေမယ့် မြန်မာ စစ်တပ် အတွက်တော့ အစစ အရာရာ ပြန်ပြီး ခေတ်ဟောင်း ရောက်မသွား အောင် ငသေ ကြိုးတုတ် လိုက်တဲ့ သဘော ဖြစ်နိုင်ပါတယ်။
နောက်တခု ဖြစ်နိုင်တာသည်၊ အချင်းချင်း ဝေစား မျှစား မတည့်လို့ ဖေါ်လိုက်တာ ဖြစ်နိုင်ပါတယ်။
ကေအိုင်အေ ဗိုလ်မှူးချုပ် ပေးတဲ့ လက်မှတ် ပါတယ်၊ ဆိုတာကတော့ ဘယ်သူမှ မြင်တာ မဟုတ်၊ ကေအိုင်အေ ကို မျက်နှာလွဲလိုက်တာလဲ ဖြစ်နိုင်ပါတယ်။ နယ်ခြားစောင့်တပ် အုပ်ချုပ်တဲ့ နေရာမှာ ဘယ်လိုလုပ်ပြီး ကေအိုင်အေ လက်မှတ် လိုအပ်သလဲ ဆိုတာကိုက စဉ်းစားစရာပါ။ ဟိုက မျက်နှာပျက် စရာ လွတ်တော် အမတ်ကြီး ကိုး... နိုင်ငံတကာမှာ မကောင်းဘူးလေ။
(Duwa Kachin ထံမှ ပြန်လည် ကူးယူဖေါ်ပြသည်။)