Wednesday, January 21, 2015

ကျောင်းဆရာမ လေး နှစ်ယောက် ကို မြန်မာအစိုးရ စစ်တပ်မှ အုပ်စုလိုက် မဒိမ်းကျင့် ပြီး သစ်တုံးနဲ့ ရိုက်သတ်

ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ ဝေးလံ သီခေါင်ပြီး၊ ဒဏ်ပေးခံရတဲ့ အစိုးရ ပညာရေး ၀န်ထမ်း တွေတောင် မသွားချင်တဲ့ နေရာဒေသ များအတွက် ပညာရေးဒါန ပြုရင် စေလွတ်သော ကျောင်းဆရာမ လေး နှစ်ယောက် ကို မြန်မာအစိုးရ စစ်တပ်မှ အုပ်စုလိုက် မဒိမ်းကျင့် ပြီး သစ်တုံးနဲ့ ရိုက်သတ် ထားကြောင်း သိရပါတယ်။ ရိုက်ထားတဲ့ သစ်တုံးလဲ အနားမှာ ချထားခဲ့ပါတယ်။
မနေ့ ည(19.1.2015) ည(၁၂ )နာရီဝန်းကျင်က
မူဆယ်ခရိုင် နမ်တောင်းကျေးရွာ နှင့်  မုံးပေါ် ကျေးရွာကြား ရှဘုတ်ကောင်းခါး ကျေး ရွာ ရှိ KBC ကချင်နှစ်ခြင်းအသင်းချုပ်မှ အခမဲ့ ကျောင်းဆရာမ(၂)ဦး တန်ဘောင် ခေါန်နန်ဆင် (မြစ်ကြီးနား.့ဂျန်မိုင်ကောင်း)၂၀ နှစ် နှင့် မရန် လုရာ(ဝိုင်းမော်မြို့)၂၀ နှစ်အား မြန် မာ အစိုးရ စစ်တပ် မှ ရမခ စကခ ၁၆ လက်အောက်ခံ ခမရ ၅၀၃ မှ ဒုရင်းမူး ဗိုလ်မူး အောင်စိုးမြင့် ဦးဆောင် အဖွဲ့  (၁၀၀ )ခန့်  မှ မုဒိန်းကျင့် သတ်ဖြတ် ခဲ့ ကြောင်း သိရ ပါ သည်။