Monday, January 19, 2015

ဖားကန့် တိုက်ပွဲအတွင်း မြန်မာအစိုးရတပ်မှ ဓါတုအဆိပ်ငွေ ပါသော လက်နက်ကြီးများအသုံးပြု



======================
(Jadeland Kachin)
ဖားကန့် မြို့ နယ် ဂင်ဆီ (ကံဆီး ) - ဆိုင်းရာ - အောင်ဘာလေ ပါတ်ဝန်းကျင် ၌
ယနေ့နံနက် (၁၈.၁.၂၀၁၅) ရက်နေ့ အစောပိုင်း (၁၀း၀၀)နာရီ ပါတ်ဝန်းကျင်
တွင် မိမိ ကေအိုင်အေ တပ်ရင်း(၆)တပ်ဖွဲ့ ဝင်များ နှင့် မြန်မာအစိုးရတပ် တပ်မ
(၆၆) လက်အောက်ခံတပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ မှာ မြန်မာအစိုးရ
တပ် တပ်မ(၆၆) မှ ဓါတု အငွေ့ပါဝင် သည့် လက်နက် အသုံးပြု တိုက်ခိုက်ခဲ့
ကြောင်း ကေအိုင်အေ ရှေ့ တန်းမှ သတင်းရရှိပါသည်။
ရှေ့ တန်းတွင် မြန်မာ စစ်တပ်နှင့် တိုက်နေသည့် မိမိတို့ ကေအိုင်အေ မျိုးချစ်စစ်
သည် အချို့  သည် မြန်မာ စစ်တပ် မှ ပစ်လိုက်သော ၄င်း ဓါတုအငွေ့ များပါဝင်သည့်
လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက် မူးဝေ အော့အန်ခြင်း ၊ တစ်ကိုယ်
လုံး ပျော့ ခွေသွားခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ ၄င်း ဓါတုအဆိပ် ပါ လက်နက်ကြီးများ အသုံးပြု နေချိန်မှာ မြန်မာအစိုးရတပ် ဘက်မှ ၄င်းတို့ ၏
တပ်ရင်း တပ်ဖွဲ့ များအား နောက်ဆုတ်ထားစေကာ ဓါတုအဆိပ်ငွေ့ မရှုရှိုက်
မိစေရန် ပြင်ဆင်ထား ကာ တိုက်ခိုက်နေခဲ့ကြောင်း ကိုလည်း ထပ်မံသိရှိ
ရပါသည် ။
(ဓါတ်ပုံ-၂၀၁၁-၁၂ အတွင်း မြန်မာ စစ်တပ် မှ ဓါတု ငွေ့ ပါလက်နက် သုံးခဲ့ စဉ်
ကေအိုင်အေ ရဲဘော်များ မျက်နာ ဖုံးစွပ် ဖြင့် တိုက်ပွဲ ၀င်ခဲ့စဉ်။)