Wednesday, January 14, 2015

Majan shiga KIA, တပ်ရင်း (၃၄-၃၆) ဒေသတွင် တိုက်ပွဲ ပြင်းထန်နေ

Wunpawng mung dan shang lawt hpyen hpung de mying nchye ai Myen hpyen hpung ni Dingda Sam mung Namtu Ninghtawn Hai Dawng mare hta 11/12/2015 ya shani
 aten ram ram na hkra gap gasat hkat ai lam byin ai lam buga mare masha ni kaw nna na lu ai. 

Dai majan gasat poi hta lahkawng maga si hkala ai lam jahpan atsawm nchye lu ai. 

Myen hpyen maga de na mare nawku jawng kata de mawk mawta gap bang ai majaw gum gai langai mi hkala nba hkrum ai lam shi ga na chye lu ai.

Jinghpaw Mung Masa Yu Maram hte Sawk Sagawn Hpung 

Kachin Politics Watch and Research Network 
---------------------------------------------------------------
KIA, တပ်ရင်း (၃၄-၃၆) ဒေသတွင် တိုက်ပွဲ ပြင်းထန်နေ
===============================
(Lachid Kachin)
ရှမ်းပြည် နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄) လက်အောက်ခံ KIA, တပ်ရင်း (၃၆)
ဒေသ တွင် တိုက် ပွဲ အပြင်း အထန် ပြန်လည် ဖြစ်ပွားနေ ကြောင်း သတင်း
ရရှိပါသည်။
ယနေ့ (၁၃.၁.၂၀၁၅)ရက်နေ့ နံနက် (၇)နာရီ ခန့် မှ စတင် ကာ မုံန်းပေါ် ဘက်မှ
ထိုးစစ်ဆင်ရောက်ရှိ လာသော မြန်မာ အစိုးရ စစ်တပ် (စကခ-၁) တပ် မှ စစ်ကြောင်း
နှင့် KIA, တပ်ရင်း (၃၆) တပ်ဖွဲ့ တို့ အကြားအပြင်း အထန် တိုက်ပွဲ ဖြစ်ပွားနေ
ကြောင်း သတင်းရရှိပါသည်။
မြန်မာ စစ်တပ် သည် KIA, တပ်ရင်း (၃၆) ၏ ရှေ့တန်း လုံခြုံရေး စခန်းတခု ဖြစ်သော
လွယ်လာ (Loi Lar -Post) စခန်းအား သိမ်းပိုက် နိုင်ရန် အတွက် လာရောက် ကျူးကျော်
ထိုးစစ်ဆင် စခန်းသိမ်း တိုက်ပွဲ ထိုးစစ်ဆင်နေသည် ဖြစ်ကြောင်း သိရှိရပါသည်။
တိုက်ပွဲ မှာ ယခုသတင်းရေးနေ ချိန် အထိ အပြင်း အထန် ဖြစ်ပွား နေ ဆဲ ဖြစ် ပြီး
အစိုးရ တပ် မှ လည်း ယခု အချိန် ထိ KIA, ၏ လွယ်လာ စခန်းအား သိမ်းပိုက်နိုင်ရေး
အတွက် အပြင်းအထန် တိုက်နေ ဆဲ ဖြစ်ကြောင်း သတင်းရရှိပါသည်။
ယမာန်နေ့ (၁၂.၁.၂၀၁၅) ရက်နေ့ တွင် လည်း ယခု တိုက်ပွဲ ဖြစ်ပွားနေ သော လွယ်လာ
စခန်း၏ အောက်ဘက် တွင် တိုက်ပွဲ ဖြစ်ပွား ခဲ့ ကြောင်း လည်း သိရှိရပါသည်။

ထို့ အပြင် KIA တပ်ရင်း (၃၄) ဒေသ ဖြစ်သော နမ့်တူ မြို့နယ် ဟိုင်ေါးင် ရွာအနီးတွင်
မြန်မာ စစ်တပ် မှာ ထိုးစစ်ဆင် တိုက်ခိုက် လာ ခြင်းကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ ကြောင်း
၊ မြန်မာ စစ်တပ် မှ ရွာ ရှိ ဘုရားကျောင်းထဲ သို့ လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ မှုကြောင့်
ပျက်ဆီး မှုများ လည်း ရှိကြောင်း သတင်းရရှိပါသည်။
တိုက်ပွဲ များ အတွင်း (၂) ဘက်စစ်တပ် ၏ ထိခိုက် သေဆုံး မှု သတင်း အသေးစိပ်
မသိရှိသေးပါ။
(ဓါတ်ပုံ - တပ်ရင်း (၃၆) မှ မျိုး ချစ်ရဲဘော်များ။)
Like · ·