Wednesday, January 7, 2015

သူသေကိုယ်ရှင်စစ်ပညာစာတမ်း

ဦးကျော်ခိုင် ရခိုင်ပြည် January 3 at 4:57am သူသေကိုယ်ရှင်စစ်ပညာစာတမ်း ပဏာမစကားဦး မြန်မာနိုင်ငံ လွတ်လပ်ရေးရသော ၁၉၄၈ ခု မတိုင်မှီကပင် မွန်လူမျိုး၊ ရခိုင်လူမျိုး၊ ရှမ်းလူမျိုးတို့နှင့် ဗမာ လူမျိုးသည် ဒေသဆိုင်ရာ ကျူးကျော်စစ် နယ်မြေလု စစ်ပွဲများကို ဆင်နွဲလျှက် ရှိခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်မှလည်း ရောင်စုံသူပုန်ဟု ခေါ်သော နစ်နီ နစ်ဖြူ ရဲဘော်ဖြူ ရဲဘော်ဝါ စသည့် ဗမာအများစုပါသော တော်လှန်ရေးအုပ်စုနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ် တို့သည် မြန်မာ့တပ်မတော်ဟု ခေါ်သော ဗမာအများစု ကြီးစိုးကါ အာဏါရယူထါးသည် စစ်တပ်နှင့် ပြည်တွင်းစစ်ဖြစ်ခဲ့ကြသည်။ မဆလခေတ် နောက်ပိုင်းတွင် ဗမာတို့ဦးဆောင်သော ကွန်မြူနစ်တို့မှာ တိုင်းရင်းသား နယ်မြေတို့တွင် သြဇာအာဏာ ကျဆင်း လာသည့် အတွက် အစိုးရ စစ်တပ်ကို ယှဉ်၍ တိုက်နိုင်သည့် အနေအထါးတွင် မရှိတော့ပေ။ ထို့ကြောင့် ဗမာ့တပ်မတော်၏ အဓိက ထိုးစစ်သည် တိုင်းရင်းသားတို့ဘက်သို့ လှည့်လာလေသည်။ ၁၉၄၈ ခု နောက်ပိုင်းမှ ဖြစ်ပေါ်လာသော ပြည်တွင်းစစ်တွင် မြန်မာ့တပ်မတော်သည် အောင်ပွဲရ၍ ဗမာကွန်မြူနစ် အပါအ၀င် တိုင်းရင်းသား အားလုံးသည် စစ်ရှုံးသူဘ၀ ရောက်ခဲ့ကြရသည်။ ဗမာ့တပ်မတော်ကို ကမ္ဘာတွင် ရှိရှိသမျှ စစ်ပညာကျမ်း မျိုးစုံ ပြောက်ကျားတိုက်ခိုက်နည်း မျိုးစုံ ကလောဇ၀ိခ် မှ ဇွန်ဇူးအထိလည်းကေါင်း၊ ချီဂွေဗားရား မှ မော်စီတုန်း ပြောက်ကျားစစ် အထိလည်းကေါင်း နောက်ဆုံး ဗမာ့ တပ်မတော် စစ်သင်တန်း ကျောင်းတွင် စစ်ပညာသင်တန်းကို ရယူ၍ ဗမာစစ်တပ်ကို တိုက်ခဲ့ကြသည်။ သို့သော်အမှန်တကယ် တိုက်ကြသောအခါ ၌မူ မြန်မာ့တပ်မတော်ဟု ခေါ်သော ဗမာစစ်တပ်ကို ဆန့်ကျင်သူမှန်သမျှ ဖြစ်သော ဗမာ နိုင်ငံရေးသမား တိုင်းရင်းသား နိုင်ငံရေးသမား ဗမာပြောက်ကျား တိုင်းရင်းသား ပြောက်ကျား တို့ပါမကျန် အရှုံးပေးခဲ့ကြရသည်မှာ ဒိဌမျှက်မြင်ပင်ဖြစ်ပါသည်။ သို့သော် ဗမာပြောက်ကျားတို့သည် ဗမာစစ်တပ်ထံတွင် စစ်ရှုံးရသည်မှာ အကြောင်းမဟုတ်သော်လည်း လူမျိုးမတူသော ရှမ်း ရခိုင် မွန် ကချင် ကရင် ကယား ချင်း ပအို့ ၀ ပလောင် အခါ လီဆူး စသည့် တိုင်းရင်းတို့ စစ်ရှုံးရသည်က အခံရခက်လှပေသည်။ အဆိုးဆုံးမှာ မွန် ရခိုင် ရှမ်း ကယား တည်းဟူသော ဤလူမျိုး ၄ မျိုးမှာ ခေတ်အဆက်ဆက် ဗမာနှင့် အိမ်နီးချင်းသဖွယ် နေလာပြီးမှ ၁၉၄၇ ခု ပင်လုံစာချုပ်ကြောင့် ဗမာတို့၏ လိမ်လည်မှု အောက်တွင် ၀င်ရောက်မိလျှက် စစ်ရှုံး ဘ၀ ဆုံးကါ အိန္ဒရာယ်မရ ဖြစ်နေကြရသည်။ ထို့ကြောင့် ဤစာတမ်းမှာ မြန်မာ့ တပ်မတော်ဟု ခေါ်သော ဗမာ့တပ်မတော်ကို တိုင်းရင်းသား တပ်တို့ အနိုင်ရအောင် မည်သည့် စစ်ဗျူဟာကို ခင်း၍ တိုက်ကြရမည်နည်း ဆိုသည်ကို လေ့လာသော စာတမ်းပင်ဖြစ်ပါသည်။ နိဒါန်း စစ်တိုက်ရာတွင် ထိုးစစ် ခံစစ် ဟူ၍ အပိုင်း ၂ ပိုင်းရှိသည်။ ထိုးစစ်သည် လွတ်လပ်စွာလှုပ်ရှားနိုင်သည် တိုက်ခိုက်မှု ကေါင်းသည် နယ်မြေပိုင်ဆိုင်မှုများကို ရယူလိုလျှင် ထိုးစစ်ကို မဖြစ်မနေ ဆင်နွဲရမည် ဖြစ်သည်။ ခံစစ်မှာ ကျယ်ပြန့်ပြီး စုဖွဲ့မှု အားနည်းသည် တဖက်ရန်သူသည် ခံစစ်၏ အားအနည်းဆုံးအပိုင်းမှ မထင်မှတ်သည့် နေရာမှ အလုံးအရင်းဖြင့် ထိုးဖေါက်လာသည့်အတွက် ခံစစ်တခုတဲဖြင့် မိမိပိုင်နယ်မြေကို တာရှည် ထိမ်းသိမ်း ထါးရန်မှာ မလွယ်ကူပေ။ ထို့ကြောင့် ဗမာ့တပ်မတော်၏ ထိုးစစ် ခံစစ်နှင့် ကျင့်သုံးတတ်သည့် နည်းပရိယါယ် ဥပဒေသများ အပါအ၀င် တိုင်းရင်းသားတို့၏ စစ်တိုက်နည်း စနစ်များကို အခြေခံ၍ ဗမာ့တပ်မတော်ကို မည်သည့် စစ်ဆင်ရေး မဟာဗျူဟာ နည်းကို သုံး၍ တိုက်ခိုက်ရမည်ကို ရေးသားလိုက်ပါသည်။ စစ်ဆင်ရေးနှင့် အရေးကြီးသော အပိုင်းများကို လျှီု့ဝှက် ထါးသည်။ ဆက်ရန် စစ်ဗျူရိုရုံး အာရကန်အာမီ ရခိုင်ပြည်နယ်စပ်ဒေသ