Thursday, February 27, 2014

တစ်ကမ္ဘာလုံးကို အင်တာနက်အခမဲ့ပေးမယ့် Outernet လာပြီ




==================================

အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် Media Development Investment Fund (MDIF) လုပ်ငန်းသည် အာကာသအတွင်းသို့ ရေဒီယိုလှိုင်းလွှင့်တုံးလေးများ လွှတ်တင်ရန် ကြိုးပမ်းလျှက်ရှိသည်။ ထိုလှိုင်းလွှင့်တုံးလေးများသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်ပတ်၍ နေရာလပ်မကျန်အောင် အင်တာနက်စနစ် ထုတ်လွှတ်ပေးမည်ဖြစ်သည်။

စီစဉ်ထားသည့်အတိုင်း အောင်မြင်မည်ဆိုပါက ၂၀၁၅ ဇွန်လခန့်ကစပြီး အာကာသထဲမှထုတ်လွှတ်သော အင်တာနက်စနစ်ကို တစ်ကမ္ဘာလုံး အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။ ကမ္ဘာပတ်လမ်းကြောင်းအတွင်းလွှင့်တင်ထားသော ရေဒီယိုလှိုင်းလွှင့်တုံးလေးများသည် မြေပြင်စခန်းမှ ထုတ်လွှတ်လိုက်သော အင်တာနက်သတင်းအချက်အလက်များကိုဖမ်းယူကာ လှိုင်းလွှင့်တုံးအချင်းချင်းအပြန်အလှန်ပေးပို့နိုင်သလို မြေပြင်မှ အင်တာနက်သုံးသူတိုင်းထံသို့လည်း ၀ိုင်ဖိုင်လှိုင်းဖြင့် တိုက်ရိုက်ပေးပို့နိုင်မည်ဖြစ်သည်။

Outernet စနစ်သည် ကမ္ဘာပတ်လမ်းကြောင်းမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ ထုတ်လွှတ်သော ၀ိုင်ဖိုင်အင်တာနက်စနစ်ဖြစ်သောကြောင့် မည်သူမဆို အသုံးပြုနိုင်မည်ဖြစ်သည်။

အင်တာနက်ကို ကန့်သတ်ပိတ်ပင်ထားသည့် တရုတ်၊ မြောက်ကိုရီးယားစသည့် နိုင်ငံများမှပင် အပိတ်အပင်မရှိဘဲ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အခမဲ့လည်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ကမ္ဘာ့လူသား (၆၀) ရာခိုင်နှုန်းသာ အင်တာနက်ကို လက်လှမ်းမီသေးကြောင်းလည်း စာရင်းများအရ သိရသည်။ MDIF သည် Outernet စနစ် နမူနာများကို ယခုဇွန်လ၌ ကမ္ဘာပတ်လမ်းကြောင်းသို့ လွှတ်တင်နိုင်ရန်စီစဉ်ထားပြီး စက်တင်ဘာလတွင် နိုင်ငံတကာအာကာသစခန်း၌ Outernet နည်းပညာကို စမ်းသပ်ရန် နာဆာထံက ခွင့်ပြုချက်ရလိမ့်မည်ဟု မျှော်လင့်ရသည်။

Source - IBTimes
https://www.facebook.com/lwinthandarsoe