Tuesday, February 11, 2014

အရမ်းကို ၀မ်းနည်းဖို့ ကောင်းတယ် ။ ဒီနေ့ ကိုယ့်အိမ်မှာ ကိုယ်နေပေမဲ့ နောက်နေ့ ကျတော့ လမ်းဘေးမှာ အိမ်မဲ့ ရာမဲ့ ဘ၀တွေ

တနေ့ တနေ့ ကျွန်တော်တို့ မြန်မာပြည်က သတင်းတွေ ဖတ်ရတာ အရမ်းကို ၀မ်းနည်းဖို့ ကောင်းတယ် ။ ဒီနေ့ ကိုယ့်အိမ်မှာ ကိုယ်နေပေမဲ့ နောက်နေ့ ကျတော့ လမ်းဘေးမှာ အိမ်မဲ့ ရာမဲ့ ဘ၀တွေ ဖြစ်ကုန်ကျတဲ့ ပြည်သူတွေကို သနားပါတယ် ။ ကျွန်တော့် အလုပ်လည်း မဟုတ်ပါဘူး ။ ဒါပေမဲ့ ကျွန်တော်နဲ့ မဆိုင်ပေမဲ့လည်း နားရှိသောသူ ၊ လူကို လူလို မြင်သောသူ ၊ အသည်းနှလုံး ရှိသော သူများ ကြားကြ ပါစေ ၊ မြင်ကျပါစေ ၊ ခံစား နိုင်ကျပါစေ ။ ကျွန်တော် သိချင်တာက တပ်ပိုင်မြေလို့ ဆိုရအောင် မြန်မာ့တပ်မတော်က ဘယ်တုံးက ဘယ်သူ့ဆီက ဘယ်လောက် ပေးပြီး ၀ယ်ထားလို့ လဲ ။

မြန်မာနိုင်ငံက မြေသည် မြန်မာပြည်သူ မြန်မာပြည်သားများသာ ပိုင်ဆိုင်သည့် မြေဖြစ်ပါသည် ။ တပ်မတော်ပိုင်မြေဟု ဆိုလျှင် မည်သည့်အခါက မည်သူ့ဆီက မြန်မာ့တပ်မတော်က ၀ယ်ထားပါသနည်း ။ လိုရာကို လက်ညိုထိုးပြီး ဒါ ငါပိုင်သည်ဟု လုပ်ရအောင် သင်သည် ပြည်သူ့များကို ကာကွယ်မည်ဟု အဓိဌာန်ဆိုထားသော တပ်မတော်သားများ ပီပီ ၊ အခု ဖြစ်ပေါ်နေသော လယ်ယာ အိမ်ရာမြေ သိမ်းနေသော အလုပ်သည် သင်တို့ မြန်မာ့တပ်မတော်သားများ အလုပ် မဟုတ်ပါ ။ တပ်မတော်သားများ သင်တို့ ဆိုထားသော သစ္စာဓိဌာန်ကို ပြန်လည် သတိရစေချင် ပါသည် ။ ငါသည် ငါ့ နိုင်ငံတော် ငါ့ နိုင်ငံသား ငါ့ တပ်မတော်အတွက် စောင့်ရှောက်မယ် ၊ ကာကွယ်မယ် ဆိုပြီး အသင်တို့သာ သစ္စာ ဆိုထားပါသည် ။

အခု အခါတွင် အသင်တို့ စောင့်ရှောက် ကာကွယ်မည်ဆိုသော ပြည်သူများအား အသက်အိုးအိမ်စည်းစိမ်းကို အသင်တို့ပင် လုယူ ဓားမြတိုက် လက်နက်အားကိုးဖြင့် အနိုင်အထက်ပြုလုပ်နေသော ဓားမြ အကြီးစားများသာ ဖြစ်သည် ။ မြန်မာ့တပ်မတော် သမိုင်းကို ပြန်ကြည့် ပါ ။ မြန်မာ့တပ်မတော် စတည်ထောင် ကတည်းက ဘယ်သူ့ဆီက မြေကို မြန်မာ့တပ်မတော်က ၀ယ်ထားတယ်ဆိုတာ သက်သေ ရှိပါသလား ။ မြန်မာနိုင်ငံ လွှတ်တော်ထဲတွင် ပြည်သူ့ဘက်မှ ရပ်တည်ပါမည်ဟု သစ္စာဆိုထားသော ၀န်ကြီးများ လွှတ်တော် အမတ်များ ဘာလုပ် နေကျပါ သနည်း ။
တရားဥပဒေ စိုးမိုးရေး ဥက္ကဌ တာဝန်ယူထားသော လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘာ အတွက်ကြောင့် ပြည်သူ့ဘက်က မရပ်တည် ပေးပါ သနည်း ။ သမ္မတ ဖြစ်အောင်ဘဲ အားစိုက် နေပါ သလော ။

ပြည်သူ့အတွက် အလုပ် တကယ် လုပ်ပေးသော သူ ၊ ပြည်သူ့ဘက်က ရပ်တည်ပေးသော သူ ၊ သမ္မတ အဖြစ်ရေးကိုတာ လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား ။ အခုအချိန် ပြည်သူများ လိုအပ်နေသော အချိန်အတွင်မှာ ဘာမှ မလုပ်ပေးနိုင်သော်လည်း ပြည်သူ့အတွက် ဒေါ်အောင်ဆန်းစုကြည်က အသံလေး တစ်ချက်တောင် မထွက်ပေးတာ ပို၍ အံသြလို့ မဆုံးပါ ။ ဒေါ်အောင်ဆန်းစုကြည်တင်မက ပြည်သူ့လွှတ်တော် အမတ်များထံမှ အသံ တစ်ချက်မှ မထွက် လာပါ ။ ပြည်သူကို ကိုယ်စားပြု ၊ ပြည်သူ့အတွက် အလုပ် လုပ်ပေးသော လွှတ်တော်အမတ် လုပ်ချင်း ပါသလော ။ သင်တို့ ရာထူးရရန်အတွက် ပြည်သူ့မဲကို ကောက်ခံချင်း ပါသလော ။ အသင်တို့ရဲ့ တာဝန်ဟာ ဘာလဲဆိုတာ အသင်တို့ လွှတ်တော်အမတ်များ သေချာကော သိပါရဲ့လား ။ ပြည်သူတို့ အိမ်ခြေ ရာခြေမဲ့ ဒုက္ခရောက်နေတဲ့ အချိန်မှာ ခင်ဗျာတို့ လွှတ်တော် အမတ် အားလုံးက စိတ်ဝင် တစ်စားလုပ်နေတာက သမ္မတ အရည်အချင်း ပြင်ဖို့သာ လုပ်နေချင်တာ ဖြစ်တယ် ။ အဲ့သည့် သမ္မတ အရည်အချင်းက ဘာမှ အရေးမကြီး ပါ ။ ပြည်သူ့ ရင်ထဲက ချစ်တဲ့ သမ္မတဖြစ်ဖို့က အဓိက ကြပါသည် ။

တပ်ပိုင်မြေဟုဆိုကာ ဘ၀တွေ ဖျက်ဆီး ၊ နေထိုင်တဲ့ အိမ်ရာတွေ အသိုက်မြုံတွေ အတင်းဖျက်နေတာကို လွှတ်တော်အမတ်အပေါင်းက ဘာသံမှ မထွက်ကြပါလား ။ ပြည်သူကို ကာကွယ်မယ့် တပ်မတော်က ပြည်သူ့ဆီက လက်နက် အားကိုး လိုရာကို အတင်းယူတဲ့ ဓားမြတပ်မတော်ကို ဘယ်သူမှ အသံတစ်ချက် မထွက်ဘဲ ၊ မပြောတာ ကျွန်တော့် ပြည်သူတွေအတွက် ကျွန်တော် ၀မ်းနည်းမိ ပါတယ် ။ အိမ်တစ်လုံး ဆုံးရှုံးရတဲ့ တန်ဖိုးကို မဆုံးရှုံးဘူးသူတိုင်း မသိပါဘူး ။ ကျွန်တော်က ကျွန်တော်တို့ နေတဲ့အိမ် မီးလောင် ဆုံးရှုံးဘူးလို့ သိတာ ပါ ။ ပြည်သူတွေက ကျိန်စာ တိုက်ခံရတဲ့ အစိုးရဆိုတာ ကမ္ဘာပေါ်မှာ ကျွန်တော်တို့ တစ်နိုင်ငံဘဲ ရှိပါတယ် ။ အားလုံး အမြင်မှန် ရနိုင်ကျ ပါစေ ။

BY - Richard Win