Sunday, February 9, 2014

နိုဘယ်ဆုအစား ဖွတ်ကြားတံဆိပ်ကိုပဲ ခုံမင်ခဲ့ သူ

ဘာကြောင့် သိန်းစိန်ကို မထောက်ခံနိုင်သလဲ

မိဘပြည်သူများခင်ဗျားဆိုပြီး အောက်ကြေးရိုက်တက်လာတဲ့ သမ္မတဦးသိန်းစိန်ကို လူအချို့က မျှော်လင့်ချက် ထားခဲ့တာ မှန်ပါတယ်။။ အဲဒါ ၂၀၁၂-ခုနှစ်မှာပါ။ Icon of democracy & Champion of reform ခေတ်စားချိန်မို့ မယုံဝံ့ဝံ့ ယုံဝံ့ဝံ့နဲ့ ....

၁။ ကချင်စစ်ပွဲကို အဆုံးသတ်ပြီး တစ်နိုင်ငံလုံးအပစ်ရပ်အောင် လုပ်နိုင်ကြမယ်၊
၂။ ဖွဲ့စည်းပုံကို ဒီမိုကရေစီကျကျ ပြင်နိုင်ပြီး တပ်မတော်ကို အရပ်သားအောက်ကို သွတ်သွင်းနိုင်ခဲ့မယ်၊
၃။ ဖက်ဒရယ်စနစ်ကို လက်ခံပြီး ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်ခဲ့မယ်ဆိုရင် နိုဘဲလ်ဆုတောင် ရနိုင်ခြေ ရှိတယ်လို့ မျှော်မှန်းခဲ့ကြဖူးတယ်ခင်ဗျ။

ဒါပေမဲ့ သမ္မတသိန်းစိန်ဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်အားနည်းပြီး လောင်းရိပ်မိနေသူလို့ ထင်ပါရဲ့။ ပြုပြင်ပြောင်းလဲရေးကို သတ္တိရှိရှိနဲ့ မလုပ်နိုင်ခဲ့ဘူး။ ဒါ့အပြင် စစ်တပ်ရဲ့ ခိုင်းဖတ်ပဲ ဖြစ်နေပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နင်းပြီး ပလ္လင်ပေါ် ရောက်ခဲ့တာကို မေ့ပြီး အခု ပေးဖူးတဲ့ ကတိကို ဖောက်ဖျက်ဖို့ ကြိုးစားနေတယ်။

လူအချို့က ဦးသိန်းစိန်ကို စာနာမှု ပေးတာကို ကန့်ကွက်စရာ မရှိပါ။ သူ လုပ်ပေးနိုင်သလောက်လည်း လုပ်ပေးပါတယ်။ ဒါပေမဲ့ သူဟာ ပြည်တွင်းရေးပြဿနာကို ဘာတစ်ခုမှ မရှင်းရသေးပါ။ တိုင်းပြည်ဖွံ့ဖြိုးရေးထက် ဦးပိုင်၊ ခရိုနီ၊ စစ်ဗိုလ်ချုပ်ကြီးတွေကို အကာအကွယ်ပေးဖို့ပဲ သိတယ်။ ပြည်တွင်းစစ်ငြိမ်းစေရေးထက် စစ်မီးလျှံကို ပိုပြီး တောက်လောင်စေခဲ့တယ်။ ပြုပြင်ပြောင်းလဲရေးကတိကိုလည်း ဂငယ်ကွေ့ ကွေ့ခဲ့တယ်။

သူဟာ နိုဘယ်ဆုအစား ဖွတ်ကြားတံဆိပ်ကိုပဲ ခုံမင်ခဲ့တယ်။
သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အရေးကို စွန့်လွှတ်ပြီး တပ်ချုပ်ကြီးကိုသာ သစ္စာရှိကြောင်း ပြသခဲ့တယ်။
သူဟာ ပထမဆုံးဖက်ဒရယ်ပြည်ထောင်စုသမ္မတအဖြစ်ကို စွန့်လွှတ်ပြီး အဓိကရုဏ်းမီးလျှံကြားက သိုင်းသမားအဖြစ်ကို ခံယူသွားခဲ့တယ်။

ဒါကြောင့် မိမိဆီက မဲတစ်ပြားကို သူ ရနိုင်ခြေမရှိဘူးဆိုတာ သေချာပါတယ်။