Tuesday, February 11, 2014

အသားထဲ က လောက်ထွက်တဲ့ မျက်ကန်း

KIO/KIA Tingnyang Up Ningbaw Kaba Lanyaw Zawng Hkra, anhte a ningbaw kaba a myiman hpe di hkama hkum chya ya mu law.
အသားထဲ က လောက်ထွက်တဲ့ မျက်ကန်းမျိုးချစ် စစ်ခွေးလော်ဘီများ
=====================================
Khon Ja>>

 ထိပ်ဆုံးမှာ ဥက္ကဌကြီး ဇောင်းဟရာက ဦးဆောင်နေတယ်။ ကချင်လူမျိုးအများအပြား တစိတ်တ၀မ်းတည်းနဲ့ သူ့ရဲ့ခေါင်းဆောင်မှု အောက်မှာ အင်အားကြီးမားလွန်းတဲ့ ထိုးစစ်ကို ကြံ့ကြံ့ခံ တွန်းလှန်နေကြတယ်။ လူငယ်လူကြီးများစွာ အသက်၊ ဘ၀နဲ့ ခန္ဒာကိုယ်တွေကို ကချင်အမျိုးသား တရပ်လုံးအတွက် ဆက်ကပ် အပ်နှံထားကြတယ်။ ဆုံးရှုံးခံကြတယ်။ ကချင်လူမျိုး အိုကြီးအိုမ၊ လူငယ်လူရွယ် ကလေးပိစိ တသိန်းကျော် ဒုက္ခသည်စခန်းမှာ ပင်ပန်းဆင်းရဲ ခံနေကြတယ်။

အဲဒီအချိန်မှာ အခု လောင်ဝေါ်စာပေယဉ်ကျေးမှုက အသံတစက်တောင် မထွက်လာဘူး။

၂၀၁၃ အောက်တိုဘာလနဲ့ နိုဝင်ဘာလ ဆိုတာ မန်စီမြို့နယ်က စခန်းတွေ တခုပြီးတခု ကျအောင်၊ ရွာတွေအများကြီး ပြောင်းရွှေ့ရအောင် တိုက်နေတဲ့ အချိန်မှာ Lhovo ထဲက ခေါင်းဆောင်လို့ အမည်ခံထားတဲ့ တကိုယ်ကောင်းသမားတွေက ရွှေမန်း ခင်ရီဘောသွားပင့်နေတယ်။

ရှက်တတ်ရင် လဲသေဖို့ ကောင်းတယ်။