Sunday, February 9, 2014

ယနေ့ ကချင် ရိုးရာ မနော ပွဲ က ဘုရားသခင်ကို ဆုတောင်း ဆက်ကပ်ပြီး လုပ်ပါတယ်

ကျတော် ကချင်ရိုးရာ မနောနဲ့ ပတ်သတ်ပြီး သိပ်တော့မသိပေမယ့်
သိရသလောက်ပြောရမယ်ဆိုရင် နတ်ကိုးကွယ်ရာက
ဆင်းတက်လာတဲ့ ရိုးရာတစ်ခုဆိုတာ မှန်ပါတယ်
ဒါပေမယ့် ယနေ့ ခရစ်ယာန်ပြောင်းလဲလိုက်တဲ့အခါမှာ
နတ်နဲ့ မဆိုင်တော့ပါ တချိန်တုန်းက နတ်ကိုးကွယ်လို့
ရိုးရာပွဲလုပ်တိုင်း နတ်ခေါ်ပြီး လုပ်ပါတယ်
ယနေ့ ခရစ်ယာန်ဖြစ်လာတဲ့အခါ မှာ ရိုးရာပွဲပဲဖြစ်ဖြစ်
ဘာပွဲပဲလုပ်လုပ် ဘုရားသခင်ကို ဆုတောင်း ဆက်ကပ်ပြီး
လုပ်ပါတယ်

ဒိကိစ္စနဲ့ ပတ်သက်ပြီး ဥပမာ တခုပြောမယ်


ဝိညာဉ်လောကမြင်ဆုကျေးဇူးရသူ ဆိုတာ...?? (၃)

တကယ်ပဲ ကချင်မနောအက၊ ကချင်မနောတိုင်ဟာ ဘုရားမကြိုက်၍
ပရောဖက်တွေ စေလွှတ်ပြီး သတိပေးရလောက်အောင်
ရိုးရာယဉ်ကျေးမှု အဆိုးကြီး တခု ဖြစ်နေသလား

ကျတော် ကချင်ရိုးရာ မနောနဲ့ ပတ်သတ်ပြီး သိပ်တော့မသိပေမယ့်
သိရသလောက်ပြောရမယ်ဆိုရင် နတ်ကိုးကွယ်ရာက
ဆင်းတက်လာတဲ့ ရိုးရာတစ်ခုဆိုတာ မှန်ပါတယ်
ဒါပေမယ့် ယနေ့ ခရစ်ယာန်ပြောင်းလဲလိုက်တဲ့အခါမှာ
နတ်နဲ့ မဆိုင်တော့ပါ တချိန်တုန်းက နတ်ကိုးကွယ်လို့
ရိုးရာပွဲလုပ်တိုင်း နတ်ခေါ်ပြီး လုပ်ပါတယ်
ယနေ့ ခရစ်ယာန်ဖြစ်လာတဲ့အခါ မှာ ရိုးရာပွဲပဲဖြစ်ဖြစ်
ဘာပွဲပဲလုပ်လုပ် ဘုရားသခင်ကို ဆုတောင်း ဆက်ကပ်ပြီး
လုပ်ပါတယ်

ဒိကိစ္စနဲ့ ပတ်သက်ပြီး ဥပမာ တခုပြောမယ်
ယနေ့ တကမ္ဘာလုံးမှာ ကျင်းပလျှက်ရှိတဲ့ သခင်ယေရှုမွေးနေ့
(ခရစ်စမတ်ပွဲတော်) ဟာ အမှန်တကယ်ဆို သခင်ယေရှု
မွေးနေ့ပွဲ မဟုတ်ပါဘူး ယေရှုကို ဘယ်လ ဘယ်နေ့မှာ ဘွားမြင်ခဲ့တယ်လို့
ကျမ်းစာက အသိအကျ ဖော်ပြမထားလို့ဖြစ်သည်
ဒါဆိုရင် ဘယ်လို့နဲ့ ခရစ်စမတ် နေ့ပေါ်လာသလဲ

ခရစ်ယာန်သမိုင်းအဆိုအရ ရိုးမခေတ်မှာ ဘုရင်တပါးက
ယုံကြည့်သူဖြစ်လာတယ် အဲဒီဘုရင်က အရင်သူကိုးကွယ်ခဲ့တာ
နေမင်းကြီး ဖြစ်ပြီး တနှစ်အတွင်း ဒီဇင်ဘာ ၂၅ နေ့မှာ ထို့နေမင်းကြီး
မွေးနေ့ ဆိုပြီး ခမ်းခမ်းနားနား ပွဲ ကျင်ပလျှက်ရှိသည်
ဒါပေမယ့် သူ ခရစ်ယာန်ပြောင်းလဲ လိုက်တဲ့အခါမှာ
ိအရင်က သူနေ့ထူးနေ့မြတ်ပွဲတော်ကြီး ဒီဇင်ဘာ ၂၅ နေ့ကို
သခင်ယေရှု မွေးနေ့ဟု အစားထိုး သတ်မှတ်ပြီး သူ့ရဲ့ တနိုင်ငံလုံးမှာ
နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့တာဟာ ယနေ့ တကမ္ဘာလုံး ကျင်းပနေတဲ့
ခရစ်စမတ်နေ့ဖြစ်လာခဲ့သည် ကချင်မနော ပွဲဆိုတာကလည်း ထိုနည်း ၄င်းပါပဲ

ရိုးရာယဉ်ကျေးမှုဆိုတာက မယုံကြည်သူနဲ့ ယုံကြည်သူတွေ
အတူတူပဲလို့လည်း မဆိုလိုပါ ကျတော်တို့ ခရစ်ယာန်တွေနဲ့
မကိုက်ညီတဲ့ ရိုးရာတွေကို ပယ်ဖျက်လိုက်ပါပြီ အရင်တုန်းက
အရက်ချက်၊ အချက်သောက်တဲ့ရိုးရာရှိခဲ့တယ်
အခုမရှိတော့ဘူး အရင်တုန်းက ကျွဲ၊ နွားသတ်ပြီး
နတ်ပူဇော်တဲ့ ရိုးရာရှိခဲ့သည် အခုမရှိတော့ဘူး

ပိုပြီးနားလည်အောင် ကျတော်နဲ့ ရင်းနီးတဲ့ လီဆူရိုးရာ အကြောင်းပြောမယ်
အခု ကျတော်တို့ မြန်မာပြည်မှာ ရှိတဲ့ လီဆူရိုးရာ ယဉ်ကျေးမှု ပွဲတော်ဆိုတာ
ယုံကြည်သူတွေ အများက လွမ်းမိုးထားတဲ့ အတွက် ယုံကြည်သူတွေနဲ့
ဆန့်ကျင်တဲ့ရိုးရာ ဓလေ့တွေ မရှိဘူး

တဖက်က တရုတ်ပြည်လီဆူတွေကို ကြည့်မယ်ဆိုရင်
နတ်ကိုးကွယ်သူတွေများပြီး သူတို့လွမ်းမိုးထားတဲ့ ယဉ်ကျေးမှု
ပွဲတော်တွေဟာ နတ်ခေါ်ပြီး လုပ်ကြပါတယ် နတ်ပူဇော်ပြီး
မီးနင်းပွဲ၊ ဓါးတိုင်တက်ပွဲ၊ အရက်ချက်၊ အရက်သောက် ပြီး ပွဲကျင်ပသည်
အဲဒီလိုပုံစံ ရိုးရာဓလေ့ ဆိုရင်တော့ ကျတော်တို့ ယုံကြည်သူတွေနဲ့ မဆိုင်ဘူး
ပါလည်း မပါဝင်သင့်ဘူး

အလုံးမှတ်မိကြသေးလားမသိ ၂၀၁၁ ကချင်ပြည်နယ်
မြစ်ကြီးနားမှာလီဆူ ရိုးရာပွဲ တခါကျင်းပတယ် အဲဒီပွဲမှာလည်း
နတ်ခေါ်ပြီး ဓါးတိုင်တက်တာတွေပါဝင်တယ်လို့ ဆိုပါတယ်
Kachin News မှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်ထားတာ
ဖတ်ဖူးပါတယ် "ကချင်မျိုးနွယ်စု လီဆူဟာ ခရစ်ယာန်ပြောင်းလဲလာတာ
နှစ်ပေါင်းရာနဲ့ရှိပြီ ဒီရိုးရာဟာ တရုတ်ပြည် နတ်ကိုးကွယ်တဲ့
ရိုးရာဓလေ့ဖြစ်သည် ကျတော်တို့ ယုံကြည့်သူတွေ
နဲ့ မဆိုင်ဘူး" ဆိုပြီး ရေးထားပါတယ်

ကျတော်တို့ ကချင်လူမျိုးစုဟာ မြန်မာပြည်မှာ ခရစ်ယာန် အများဆုံးသော
လူမျိုးလည်း ဖြစ်သည်နဲ့ အညီ ဘာပဲလုပ်လုပ် ဘုရားအလိုတော်နဲ့ ညီမညီ
အမြဲစမ်းစစ်ပြီး သွားနေတာပါ ဒီအပေါ်မှာ ပရောဖက်တွေ ပေါ်လာပြီး
အကြီးအကျယ် ဟောကြားနေခြင်းဟာ တကယ်တမ်းကြ စဉ်းစားစရာ...