Wednesday, February 12, 2014

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တိုင်း တိုက်လေယာဉ် ရှိသင့်တယ်။

ဝ တွေ တရုတ်ပြည်ကို ရဟတ်ယာဉ်မောင်း သင်တန်းတက်ဖို့ စေလွှတ်တယ် လို့ ဧရာဝတီက ဖွတဲ့အခါ ကျိကျိလှုပ်လှုပ် လှုပ်လှုပ် ဖြစ်လာတယ်။

မနေ့ကအထိ ဆက်တိုက်နေတဲ့ ကချင်ဒေသ တဖက်သတ် ထိုးစစ် တိုက်ပွဲထဲ့ သင်ခန်းစာ ယူမယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တိုင်း တိုက်လေယာဉ် ရှိသင့်တယ်။ လေယာဉ်ခွင်း လက်နက်တွေ ရှိသင့်တယ်။ ရေမြှုပ် ကိုယ်ပျောက် ရေငုတ်သင်္ဘောတွေကို ရှာဖွေ ဖျက်ဆီးပေးမဲ့ လက်နက်တွေလည်း လိုအပ်ပြီ။ တရုတ်နဲ့ မက တရုတ်ရဲ့ ယောက္ခမနဲ့ပါ ပေါင်းပြီး မြန်မာ့ တပ်မတော်ကို ဖြိုခွင်းသင့်ပြီ။

လောလောဆယ်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဓါးတလက် ၀ယ်မယ် ဆိုရင်တောင်မှ သတင်းထဲ ပါတော့မဲ့ပုံဘဲ... စောရန်နိုင်ရေ... လွန်ခဲ့တဲ့တပါတ်က version မှာလည်း တိုင်းရင်းသား ခေါင်းဆောင်တွေကို အတင်းအုပ်တဲ့ သတင်းဘဲ ရေးထားတယ်။ တော်ပါ့ တော်ပါ့။

တနိုင်ငံလုံး ကို ခလောက်ဆန်နေတဲ့ ဒီမြန်မာ့တပ်မတော်ကို တနိုင်ငံလုံးက ပြည်သူတွေရော သူပုန်မျိုးစုံကော တွန်းလှန်လို့ မရအောင် လုပ်တာက ဒီ တိုင်းရင်းသား ဒေသက ထွက်တဲ့ သံယံဇာတရဲ့ ၀င်ငွေနဲ့ နိုင်ငံတော် ဘတ်ဂျက်တွေက တပ်ကချည်း သိမ်းကြုံးယူငင်နေတယ်။

ဒါနဲ့....ကိုယ့်ပြည်တွင်းမှာ ပုသိမ်လေယာဉ်ကွင်းကိုတောင် ငှားပေးပြီး MAA ဖွင့်နေပြီး မည်သူမဆို တက်ရောက်နိုင်ဖို့ ဖြစ်လာနေပြီ ဆိုတာကိုလည်း မမေ့နဲ့အုံးဗျို့။။ ရှင်တို့လည်း အချိန်မီ သွားပြီး enroll လုပ်လိုက်ကြအုံး။

www.maa-edu.com