Sunday, February 9, 2014

သိန်းစိန်အုပ်ချုပ်ရေး



သိန်းစိန်အုပ်ချုပ်ရေးဟာ ပရမ်းပတာ အတော်ကျတယ်။ စစ်တပ်က အရင်လိုပဲ ဇက်ကြိုးပြတ်နေတယ်။ ဦးပိုင်တွေ၊ ခရိုနီတွေ၊ လူကြီးသားသမီးတွေက နဂိုလိုပဲ ထောင်လွှားနေကြတယ်။

ပြည်တွင်းစစ်မီး ကြီးလာတယ်။
အဓိကရုဏ်းတွေ များလာတယ်။
ဥပဒေစိုးမိုးမှု မလုပ်နိုင်ဘူး။
အကျင့်ပျက်ခြစားမှုကို မတိုက်ဖျက်နိုင်ဘူး။

ငြိမ်းချမ်းရေးကို ဘန်းပြပြီး နိုင်ငံတကာမှာ တောင်းစားတတ်လာတဲ့ ပညာတစ်ခုပဲ တိုးလာတာကို တွေ့ရတယ်။ ဒါတောင် ပြည်ပက ပရိုဂျက်နိုင်ငံရေးသမားတွေ ပြည်တွင်းရောက်ကုန်လို့ ဒီလမ်းကို ထွင်နိုင်တာပါ။

သိန်းစိန်အုပ်ချုပ်ရေး အလုပ်မဖြစ်ပုံကို ဒီတစ်ချက်ထဲနဲ့ ပြောကြည့်မယ်။ သိန်းစိန်က အုပ်ချုပ်ရေးမှာ နိုင်နင်းတယ်ဆိုရင် စစ်တပ်ကို ထိန်းနိုင်ရမယ်။ စစ်တပ်ကို မထိန်းနိုင်ရင်တောင် အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်နေတဲ့ ပုဂ္ဂိုလ်များကို တရားဥပဒေဘောင်အတွင်း ပို့ပေးနိုင်ရမယ်။ အခုကျတော့ ကွင်းလုံးကျွတ် လွတ်နေကြတယ်။

ဒီအတိုင်းဆို မြန်မာပြည်သားတွေက မကြာခင်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကိုင်တိုင် လက်နက်ဆောင်ထားရမလို ဖြစ်နေပြီ။ ကောင်းလိုက်တဲ့ အုပ်ချုပ်ရေး။