Wednesday, February 5, 2014
ကျနော်သိခဲ့သော ကေအိုင်အေများသို့ ....း
By Kayin lay -fb
February 4, 2014 at 7:45pm
ဒီနေ့ မနက်ဆိုရင် ကချင်ပြည်လွပ်လပ်ရေးအဖွဲ့ ခေါ် ကေအိုင်အိုရဲ့ တော်လှန်ရေးသက်တမ်းဟာ (၅၄)နစ်မြောက်တောင်ရှိသွားပြီးဖြစ်ပါတယ်။ ပထဆုံး cheers ကေအိုင်အိုလို့ ဂုဏ်ပြုချင်ပါတယ်။
မိမိတို့ လူမျိုးတို့ ရဲ့ ရပိုင်ခွင့်နဲ့ သိက္ခာကို ကာကွယ်ဖို့ အတွက် အသက်ပေါင်းများစွာစတေးပြီး စစ် အဏာရှင် ကို ဆန့် ကျင်တိုက်ပွဲလာတာဟာ နစ်ပေါင်းငါးဆယ်ကျော်ခဲ့ပြီ။
စစ်အစိုးရခေတ်အဆက်ဆက် ကေအိုင်အိုနဲ့  လက်အောက်ခံတပ်မတော် ကေအိုင်အေကို ပြည်တွင်း သောင်းကျန်းသူအဖျက်သမားဆိုပြီး ကင်ပွန်းတပ်ပြီး နံမည်အမျိုးမျိုးသော စစ်ဆင်ရေးကြီးများဖြင့် ချေမှုန်းလာတာဟာလည်း အကြိမ်အကြိမ်ပါပဲ။ ကရင်လေးတို့ စပြီးကိုယ်တိုင်သိမြင်လာခဲ့တဲ့နိုင်ငံကျော် ပါဂျို နားဖော့တိုက်ပွဲကစလို့  လိုင်ဇာထိုးစစ်အဆုံး ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ကြီးဟာ ကျဆုံးခြင်းမရှိပဲ မားမားမတ်မတ်ရပ်တည်နိုင်နေသေးတဲ့အပြင် တခါမှမရခဲ့ဘူးတဲ့ ပြည်နယ်လူထုသာမက ပြည်ခြားလူ ထုထောက်ခံမှုဟာလည်း အံမခန်းပါပဲ။
ကေအိုင်အေ။  ငယ်ငယ်တုံးက ဘာမှမသိပဲကိုမုန်းသည်။ ရထားသံလမ်းမိုင်းခွဲသည်။ မြို့ ပြင်တွင်မိုင်းထောင် သည်။ ဆက်ကြေးကောက်သည်။ လူဆိုးကြီးများဟုလို့ ကလွဲပြီး သူတို့ ကိုပိုမသိခဲ့။ အစိုးရတပ်နှင့်ကေအိုင်အေ တပ်တိုက်ပွဲကို ငါးနစ်ခြောက်နစ်သားကတည်းက အိမ်ဘေးနားတိုက်ပွဲဖြစ်လို့  ကြုံဖူးသည်။ နန့် ရင်းချောင်း ဟိုဖက်ကမ်း သည်ဖက်က ပစ်လိုက်ကြတာ ဒလကြမ်း။
သည်လိုနဲ့ ၈၈ခုနစ်လဲရောက်ရောက် သပိတ်စတင်တယ်။ သပိတ်စခန်းမှာနေကြရင်း စစ်တပ်ကအာဏာသိ မ်းတော့မယ်ဆိုတဲ့ သတင်းကအရင်ရောက်တယ်။ အဲ့တုံးက ကျနော်တို့ လူတော်တော်များများက ကေအိုင် အေမြို့ ထဲဘယ်တော့ဝင် လာမလဲဆိုပြီး စောင့်မျှော်နားထောင်ခဲ့ကြတယ်။ စစ်တပ်ကို လက်နက်ချင်းသူတို့ က ပဲတိုက်နိုင်တာမဟုတ်လား။ ကျုပ်တို့ မှာ ဓားစုတ်ကလွဲလို့ ဘာမှမရှိခဲ့ဘူး။ ဒီစကားကိုပြောရင် တချို့ ကယုံချင်မှယုံမယ်။ ကရင်လေး ဘယ်တော့မှပိုမရေးဘူး။ ကိုယ်ကြုံတဲ့ငါတွေ့ ပဲရေးတယ်။
အဲ့လိုကနေ ကရင်လေးတို့ တောခိုဖြစ်တော့မှပဲ ငယ်ကတည်းက မွေးရာပါသိလာခဲ့တဲ့ သောင်းကျန်းသူအ ဖျက်သမားဆိုတဲ့ ကေအိုင်အို ကေအိုင်အေနဲ့  မွေးချင်းပမာ လက်ချင်းယှက် လည်ပင်းဖက်လို့ ဘုံရန်သူစစ် အစိုးရကို အတူတိုက်ခဲ့ကြတယ်။ ကရင်လေးတို့ ရဲ့ ကျောင်းသားတပ်မတော်ဖြစ်လာအောင် ကူညီပေးတာ ကေအိုင်အိုဖြစ်တယ်။ စစ်လက်နက်၊ စစ်ပညာ၊ တပ်ရိက္ခာ လိုအပ်ရင် လူအင်အားပါကူညီတယ်။ဥပမာ.. ဆေးမှူးမရှိသေးခင်က   ကအိုင်အေဆေးမှူးတွေ ကျောင်းသားတပ်မှာလာရောက်ထားရှိကူညီခဲ့တယ်။
ကေအိုင်အေ တပ်မဟာနယ်မြေအားလုံးနီးပါးမှာ ကျနော်တို့ ကျောင်းသားတပ်မတော်ဟာ အတူလှုပ်ရှား တိုက်ပွဲဝင်..အတူဆင်းရဲ..အတူသေကြခဲ့ကြတယ်။ ဒီလိုနေလာခဲ့ရင်းက ကေအိုင်အိုရဲ့ နိုင်ငံရေးရပ်တည်မှုနဲ့  အမျိုးသားယုံကြည်ချက်တွေကို လေ့လာသိရှိခဲ့ရတယ်။
ပြည်နယ်မြို့ တော် မြစ်ကြီးနားမှာတောင် မြင့်မြင့်မှာလွှင့်လွှင့်ထူနေကြပြီ။ ပြည်နယ်သားတွေ ကေအိုင်အိုအ လံကို ဂုဏ်ယူစွာကိုင်ဆောင်ပြီး အလံအင်္ကျီတွေပါ လွတ်လပ်စွာဝတ်ဆင်နေကြပြီ။ ကေအိုင်အိုကို လမ်းမ ထွက်ပြီး အော်ဟစ်ကြိုဆိုနေကြပြီ။
မိမိတို့ အမျိုးသားများရဲ့ တန်းတူညီမျှရေးနဲ့ ရပိုင်ခံစားခွင့်များကို လူသားများထဲက လူသားဆန်စွာ ခံစားရဖို့ အတွက် စစ်မှန်စွာတိုက်ပွဲဝင်နေသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ နဲ့ တပ်မတော်သားများအားလုံး ယနေ့ ကျရောက်သည့် (၅၄)နစ်မြောက်သည့်တော်လှန်ရေးသစ္စာကိုတိုင်တည်ပြီး လူထုအမှန်တကယ်လိုလားနစ် သက်သော ပန်းတိုင်ကို တရားသောနည်းလမ်းများဖြင့် ဆက်လက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်း ပေးလိုက်ပါတယ်။
တချိန်က ကချင်ပြည်လွတ်လပ်ရေးတပ်မတော်နင့်အတူ အသက်ထပ်ပြီးတိုက်ပွဲဝင်ခဲ့သူ
စောငွေလရောင် (ကျောင်းသားတပ်မတော်ရဲဘော်ဟောင်း)
Wednesday, February 05, 2014
ကျောင်းသားတပ်မတော်တည်စကည်းက ကူညီလာသည့် လက်ရှိဥက္ကဌကြီး ဦးဇောင်းဟရား
ကျောင်းသားတပ်မတော်တည်စကည်းက ကူညီလာသည့် လက်ရှိဥက္ကဌကြီး ဦးဇောင်းဟရား
၈လေးလုံးပွဲကိုလာရောက်
လာကြတဲ့ကေအိုင်အေ တပ်မှူး တပ်သားများ
၈လေးလုံးပွဲကိုလာရောက် လာကြတဲ့ကေအိုင်အေ တပ်မှူး တပ်သားများ
ကျောင်းသားတပ်မတော်ကိုစစ်ပညာပေးခဲ့တဲ့ ဗိုလ်မှူးပန်းအောင်
ကျောင်းသားတပ်မတော်ကိုစစ်ပညာပေးခဲ့တဲ့ ဗိုလ်မှူးပန်းအောင်
ကျောင်းသားတပ်မတော်ဖြစ်မြောက်ရေး အနီးကပ်ကြီးကြပ်သင်ကြားပေးခဲ့သူ ဗိုလ်မှူး လမိုင်ဘောက်
ကျောင်းသားတပ်မတော်ဖြစ်မြောက်ရေး အနီးကပ်ကြီးကြပ်သင်ကြားပေးခဲ့သူ ဗိုလ်မှူး လမိုင်ဘောက်
၈လေးလုံးပွဲမှာအမှာစကားပြောတဲ့ ကရင်လေးတို့ မိတ်ဆွေကြီး ဗိုလ်မှုးကြီးဇော်တာင်
၈လေးလုံးပွဲမှာအမှာစကားပြောတဲ့ ကရင်လေးတို့ မိတ်ဆွေကြီး ဗိုလ်မှုးကြီးဇော်တာင်
ကေအိုင်အေနှင့်ကျောင်းသားတပ်မတော်တို့ အတူ အောင်ပွဲခံသိမ်းပိုက်ရရှိသော စစ်လက်နက်များ
ကေအိုင်အေနှင့်ကျောင်းသားတပ်မတော်တို့ အတူ အောင်ပွဲခံသိမ်းပိုက်ရရှိသော စစ်လက်နက်များ