Tuesday, February 25, 2014

တဘောင်က အောက်ပါအတိုင်းပါပဲ

Maha Mingyi
၂၆ ရက် ဗုဒ္ဓဟူးနေ့ မှာ လယ်တီသိမ်နဲ့ စေတီကို ဖြိုဖျက်ကြတော့မည်
လည်တီ ဆရာတော် ဘုရားကြီး သိမ်တော် တဘောင် ထွက်နေပြီ
ယခု တဘောင် ပေါ်လာလေပြီ…
လွန်ခဲ့တဲ့ နှစ်ပတ်လောက်က စာရေးသူ၏ အဖွဲ့တွေ မန္တလေးကနေ မုံရွာကိုရောက်တယ် အဲဒီကနေ ရွာနီးချုပ်စပ်တချို့ကိုရောက်တော့ မုံရွာနဲ့ ၃ မိုင်လောက်သာသာလေးဝေးတဲ့ မကျဉ်းပင်ကုန်း၇ွာက ဘုန်းကြီးကျောင်းက သင်ပုန်းကြီးမှာ ရေးထားတဲ့ နောက်ဆုံးပေါ် တဘောင် တခု တွေ့လို့ စာရေးသူ၏ အဖွဲ့က ကူးယူလာခဲ့တယ်။
တဘောင်က အောက်ပါအတိုင်းပါပဲ………..
လယ်တီ သိမ်ကျောင်း
ခေတ်မပြောင်းက
ရန်ဟောင်းနဂါး
ရေ မြေ စားမည်
ကျွန်တို့ ပြည်ထောင်တည်း……ဆိုတဲ့ တဘောင်ပါ
စာရေးသူအား အဖွဲ့ဝင်တွေက ဆောင်းပါးကောင်း သမိုင်းကြောင်းနှင့် ထောက်ယှင်ပြီး ရေးပေးဖို့ ပြောလာလို့ စာရေးသူအနေနဲ့ ယခုနောက်ဆုံး တဘောင်ကို ဘာသာပြန်ကြည့်ရာ အလွန်လွယ်ကူပြီး လက်ရှိ တိုင်းပြည်၏ ဖြစ်ရပ်များနှင့် တိုက်ဆိုင် ဆက်စပ်နေကြောင်းတွေ့ရပါ။
(လယ်တီ သိမ်ကျောင်း) ဆိုသည်မှာ လက်ပံတောင်းတွင် ပြောင်းရွေ့ခံရတော့မည် လယ်တီ ဆရာတော်ဘုရားကြီး၏ သိမ်တော်ကို ဆိုလိုသည်မှာ ငြင်းဖွယ်ရာမရှိပါ။
သို့ကြောင့် အဆိုပါ သိမ်ကျောင်းပြောင်းရွေ့ခံရလေလျင် တိုင်းသူပြည်သားများ ၀ိုင်းဝန်းကန့်ကွက် အရေးဆိုကြပါမူ ခေတ်တခု ပြောင်းလာနိုင်ဘွယ်ဖြစ်နိုင်ပြီး မသိသလို နေကြပါလျင် လက်ရှိ လှည့်ဖျားခံထားရသော တရုတ်စီးပွါးရေးခြေဖ၀ါးအောက်သို့ ပို့ဆောင်ထားသော လက်ရှိအစိုးရ၏ လုပ်ရပ်ကြောင့် နလံမထူနိုင်ဖြစ်နေကြရပြီး (ခေတ်မပြောင်းခြင်းကို ) ဆိုလိုခြင်း ဖြစ်လေမည်။
(ရန်ဟောင်းနဂါး )ဟုဖေါ်ပြထားခြင်းမှာ ပုဂံခေတ်တွင် နောက်ဆုံးမင်းဆက်အား ထွက်ပြေးစေခဲ့သော တရုတ် စစ်သည်များကို ဆိုလိုခြင်းဖြစ်လေမည်။ ထိုစစ်သည်များမှ ယခုထက်ပင် ရေမြေအားလုံးကို သိမ်းယူသွားလိမ့်မည့် သဘောဆောင်ပေသည်။
(ကျွန်တို့ပြည်ထောင်တည်း) ဟုဆိုသည်မှာ တတိုင်းတပြည်လုံး ကျွန်ဘ၀ရောက်ရမည်ဖြစ်သော ယခု ပြည်ထောင်စု မြန်မာနိုင်ငံ အားဆိုလိုကြောင်းပါ။
တရုတ်ပြည် လူပေါင်း သန်း တစ်ထောင် သုံးရာ ငါးဆယ်အတွက် သန်းငါးဆယ်မျှလောက်ရှိသော မြန်မာပြည် ကျွန်ဘ၀အဖြစ် မည်မျှကြာအောင် နေကြမည်နည်း၊ သို့မဟုတ် ကျွန်ဘ၀ အဖြစ် မနေလိုကြမည်နည်း ကို ပြည်သူပြည်သားများ တိတိပပ စဉ်းစားဆုံးဖြတ်ရန် အချိန်ရောက်ပါပြီ……….
ယုံကြည်သူများ ရှယ်သွားနိုင်ကြပါသည် / မယုံကြည်ကြသူများ ကျွန်ဘ၀မှ စောင့်ကြိုနေပေမည်
စာရေးသူ ဂိုလ်ရှယ်လေး ကတော့ ယုံကြည်ပါသည်။