Monday, February 17, 2014

Census... a bullet that killed all the etnic solidarity in Myanmar

By-FB khonja

February 16, 2014 at 7:39pm
၁၇ ဖေဖော်ဝါရီလ

အို ဘာတဲ့တုန်း။။။ National Happiness နဲ့ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးမှုကို တိုင်းတာတယ်။ ဟုတ်လား???


တိုင်းရင်းသားတွေအနေနဲ့ စုပေါင်း တောင်းဆိုနေတာ သန်းခေါင်စာရင်း “မကောက်ဖို့ မဟုတ်ပါဘူး” “စနစ်တကျ မှန်ကန်စွာ၊ ဘေးအန္တရယ်ကင်းစွာ၊ စည်းလုံးညီညွှတ်စွာ၊ လူတိုင်း ပူးပေါင်း ပါဝင်နိုင်အောင် ကောက်ယူဖို့” ဖြစ်ပါတယ်။


ဒီမနက်မှာ... UNFPA က မိန်းမ ရာထူးကြီးကြီး နိုင်ငံခြားမ တယောက် ကျွန်မ မနိုးခင်း ဖုန်းဆက်လာတယ်။


သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး Press Conference လုပ်တာနဲ့ ပတ်သက်လို့ သိချင်ပါသတဲ့။ ဘာအတွက် တောင်းဆိုသလဲ။ လွန်ခဲ့တဲ့ တပတ်က နေပြည်တော်မှာ အစည်းအဝေး ဘာလို့ လာမတက်သလဲ တဲ့။ ထုံးစံအတိုင်း ကျွန်မက ပြန်ပြောတော့လည်း သန်းခေါင်စာရင်းကောင်ပြီးရင် တိုင်းရင်းသားတွေနဲ့ တိုင်ပင်မှာပါတဲ့... ပြီးတော့ ဒီကိစ္စက နင်တို့ အစိုးရနဲ့ နင်တို့ ဆွေးနွေးရမှာတဲ့။။ မှန်လိုက်တာ။


၁) နေပြည်တော် အစည်းအဝေး ကို ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ လုပ်တယ်။ တိုင်းရင်းသား ထဲက ၄ မျိုးပါသွားပေမဲ့ တိုင်းရင်းသား ကိုယ်စားလှယ် အနေနဲ့ ပါသွားတာ မဟုတ်ဘူး။ By Name နဲ့ ဖိတ်ခံရတဲ့ လူတွေ ပါသွားတာ။ ကချင်အဖွဲ့ကတော့ By Name နဲ့ ဖိတ်သူမဟုတ်ဘဲ ကျွန်မတို့ ပို့ချင်တဲ့လူ ပို့လို့ရအောင် ၃ ရက် အချိန်ယူပြီး ညှိပြီး မြစ်ကြီးနားက ဆရာတယောက်ကို ရအောင် အစားထိုး ထဲ့လိုက်တယ်။


၂) အစိုးရနဲ့ UNFPA က မလိမ့်တပတ် လုပ်ပြီး တက်လာတဲ့ ပရိဿတ်ကို National Technical Advisory Committee ဆိုပြီးး welcome လုပ်ပြီး အော်တော်မက်တစ် ကိုယ့်လူ သူ့ဘက်သား ဖြစ်အောင် လုပ်လိုက်တယ်။ ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ၂ နာရီအတွင်းမှာ သူတို့ဖြစ်ချင်တာ ပြောလွှတ်တဲ့ သဘော။ ကံကောင်းချင်တော့ တိုင်းရင်းသား များက မေးခွန်းပြန်မေးတယ်။ အဲဒါကို ဝေ့လည်ကြောင်ပတ် ဖြေပေးခဲ့တယ်။ ကံဆိုးတာက ကိုယ့်တိုင်းရင်းသား တွေကလည်း သူတို့ National Technical Advisory Committee အဖွဲ့ဝင် ဖြစ်ဖို့ လာတာမဟုတ်လို့ လက်မခံပါဘူး လို့ မပြောခဲ့ဘူး။


၃) နိုင်ငံတနိုင်ငံအတွက် သန်းခေါင်စာရင်း ရဲ့ အရေးပါပုံနဲ့ သန်းခေါင်စာရင်းကောက်ယူရမယ် ဆိုတာကို လက်ခံနေပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ တောင်းဆိုနေတာ သန်းခေါင်စာရင်း “မကောက်ဖို့ မဟုတ်ပါဘူး” “စနစ်တကျ မှန်ကန်စွာ၊ ဘေးအန္တရယ်ကင်းစွာ၊ စည်းလုံးညီညွှတ်စွာ၊ လူတိုင်း ပူးပေါင်း ပါဝင်နိုင်အောင် ကောက်ယူဖို့” ဖြစ်ပါတယ်။ လာလောဆယ်တော့ သန်းခေါင်းစာရင်း လို့ ပြောရင် အသိအမှတ်ပြု ၁၃၅ မျိုးထဲ့ ဗမာက လွှဲရင် ကျန်တဲ့ ၁၃၄ မျိုးကို စည်းလုံးညီညွှတ်မှု ပြိုကွဲစေတယ်။


၎) နိုင်ငံရေးအတွက် ဒီအချက်အလက် တွေကို အသုံးမပြု ပါဘူး ဆိုပြီး မလိမ့်တပတ်နဲ့ လုပ်ထားပေးမဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဒီအချက်အလက်တွေကို အခြေခံမယ် လို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌက အရပ်သားလူ့အဖွဲ့အစည်းတွေကို ပြောထားတာရှိတယ်။ နည်းပညာရှင် အဖွဲ့များက သွယ်ဝိုက် အကျိုးသက်ရောက်ပါတယ် လို့ ဖြေကြားထားရဲ့။ ပိုဆိုးတာက ဒီအစိုးရပြောတာကို ဒီအစိုးရရဲ့ ဒါဏ်ကို နှစ်ပေါင်း ၆၀ တိုက်ရိုက် ခံထားရတဲ့ ၁၃၄ မျိုး အလွယ်တကူနဲ့ ယုံကြည်မယ် ဆိုတာ မျှော်လင့်ပါရဲ့လား။


၅) ဒီကိစ္စနဲ့ပတ်သက်ပြီး UNFPA ကို ၂၀၁၃ ဇွန်လ ကတဲက Civil Society Forum for Peace မှာ လူပေါင်း ၁၆၀ ကျော်ရဲ့ ရှေ့မှာ တင်ပြခိုင်းပြီး၊ မေးမြန်းပြီး တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ကော်မတီ ခေါင်းဆောင်များနဲ့ ဆွေးနွေးပေးဖို့ အကြိမ်ပေါင်းများစွာ တောင်းဆို ခဲ့ပြီးပြီမို့ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ သူတယောက်အနေနဲ့ အခုအချိန်မှ အစိုးရနဲ့ ပေါင်းပြီး တိုင်းရင်းသားများကို ဖိအား တွန်းအားပေးပြီး နွားခြံသွင်းသလို ဝေ့ကာ ၀ိုက်ကာ၊ ခြောက်ကာ၊ ချော့ကာ လုပ်နေတဲ့ အတွက် ပြင်းထန်စွာ ရှုံ့ချပါတယ်။


၆) တဖက်ကလည်း သန်းခေါင်စာရင်းကိစ္စမှာ လူဦးရေရဲ့ ၄၀% ဖြစ်သော တိုင်းရင်းသားတွေရဲ့ ရှုထောင့်နဲ့ ခံစားချက်များ၊ အခက်အခဲများကို လုံးဝ ထဲ့သွင်း စဉ်းစားမှု မလုပ်ဘဲ အစိုးရဘက်က ရပ်တည်ပြီး သန်းခေါင်စာရင်း ကောက်ခံရေးကို အင်တိုက်အားတိုက် blessing ပေးနေတဲ့ နိုင်ငံရေးသမား အဖွဲ့အစည်းကြီးများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ အားလုံးကို လည်း ပြင်းထန်စွာ ရှုံ့ချပါတယ်။ တိုင်းရင်းသားတွေကို ထည့်သွင်း မစဉ်းစားတဲ့နောက်မှာ ရှင်တို့ဟာလည်း စစ်ခွေးနဲ့တန်းတူ ဘဲ။


၇) အလှူရှင်အစိုးရနိုင်ငံများ အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားများရဲ့ ငြိမ်းချမ်းပျော်ရွှင် သာယာရေးကို ထည့်သွင်းစဉ်းစားမှု မရှိဘဲ ပိုက်ဆံပေးပြီး စည်းလုံးညီညွှတ်ရေးကို ပြိုကွဲစေတဲ့အတွက် ပြင်းထန်စွာ ရှုံ့ချပါတယ်။


၈) ခေတ်အဆက်ဆက် ကောက်ကျစ်တဲ့ အစိုးရက သန်းခေါင်စာရင်းလောက် တိုင်းပြည်အတွက် အရေးကြီးတဲ့ လုပ်ငန်းမှာတောင် ဆေးထိုးလိုက်သေးတယ်။ တိုင်းရင်းသားများကို ခွဲချင်သလို ခွဲပြီး ကျည်မပါဘဲ၊ သေနတ်သံမထွက်ဘဲ သန်းခေါင်စာရင်းနဲ့ အောင်မြင်အောင် ဖြိုခွဲတဲ့အတွက် ပြင်းထန်စွာ ရှုံ့ချပါတယ်။


၉) ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရမယ် ဆိုရင်ဖြင့်... ၄၀% သော တိုင်းရင်းသား အားလုံးကို ထိခိုက်တဲ့ ကိစ္စမှာ မိမိတို့ တိုင်းရင်းသား အချင်းချင်း ဆွေးနွေးတိုင်ပင်မှု မရှိဘဲ အစိုးရ ဘောသွားသွား မ နေတဲ့ တိုင်းရင်းသာ ကြံ့ဖွတ် လောက်ကောင်တွေ အားလုံးကိုလည်း ပြင်းထန်စွာ ရှုံ့ချပါတယ်။


တိုင်းရင်းသားတွေအနေနဲ့ စုပေါင်း တောင်းဆိုနေတာ သန်းခေါင်စာရင်း “မကောက်ဖို့ မဟုတ်ပါဘူး” “စနစ်တကျ မှန်ကန်စွာ၊ ဘေးအန္တရယ်ကင်းစွာ၊ စည်းလုံးညီညွှတ်စွာ၊ လူတိုင်း ပူးပေါင်း ပါဝင်နိုင်အောင် ကောက်ယူဖို့” ဖြစ်ပါတယ်။


အို ဘာတဲ့တုန်း။။။ National Happiness နဲ့ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးမှုကို တိုင်းတာတယ်။ ဟုတ်လား???


၁၇ ဖေဖော်ဝါရီလ ၂၀၁၄ ခုနှစ်