Tuesday, April 8, 2014

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့” (NCCT) ကိုယ်စားလှယ်များ၏ ပူးတွဲသတင်းထုတ်ပြန်ချက်



၂၀၁၄ခုနှစ်၊ ဧပြီလ ၈ ရက် ၊ရန်ကုန်မြို့

၁။၂၀၁၄ခုနှစ်၊ဧပြီလ၅ရက်နေ့မှ၈ရက်နေ့အထိ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့” (NCCT) မှ ကိုယ်စားလှယ်များသည် ပွင့်လင်းရင်းနှီးစွာဖြင့် အကြေအလည် ဆွေးနွေးခဲ့ကြပါသည်။

၂။ ဆွေးနွေးပွဲသို့ သီးခြားဖိတ်ကြားထားသော အဖွဲ့ (၅) ဖွဲ့ဖြစ်သည့် ABSDF, NDAA, NSCN-K, RCSS-SSA, UWSA တို့မှကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ခဲ့ကြကာ ၄င်းတို့၏သဘောထားများကို ဆွေးနွေးခဲ့ကြပါသည်။

၃။ အားလုံးသဘောတူညီသည့် တစ်ခုတည်းသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်(Single Text)မူကြမ်း တစ်စောင် ရရှိရေးအတွက် ယခင်ဆွေးနွေးပွဲမှ အတည်ပြုခဲ့သော ခေါင်းစဉ်များဖြစ်သည့်နိဒါန်းနှင့်အခန်း(၇)ခန်းကိုအသေးစိတ်အချိန်ယူ
ဆွေးနွေးခဲ့ကြပါသည်။ တစ်ခုတည်းသော သဘောတူညီချက် (Single Text) (ပထမမူကြမ်း)ကို သဘောတူညီခဲ့ကြပါသည်။

၎။ နှစ်ဖက်ကိုယ်စားလှယ်များမှ၂၀၁၄ခုနှစ်၊ မေလပထမအပတ်တွင်ထပ်မံတွေ့ဆုံ ဆွေးနွေးရန် သဘောတူညီခဲ့ကြပါသည်။ သဘောတူညီခဲ့ကြပါသည်။

၅။ နှစ်ဖက်ကိုယ်စားလှယ်များအားလုံးသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ရေး နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများအမြန်ဆုံး ပေါ်ပေါက်လာအောင် ဆက်လက် ၀ိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြ ပါသည်။
 
comment////
  • Zauba Lahpai တ နိုင် ငံလုံး အပစ်အခတ်ရပ်စဲနိုင် ရေးအတွက်အပစ်အခတ်ရပ်စဲရေးသဘောတူညီနိင်ရေးစာချုပ်ချုပ်ဆိုနိင်ရေးသဘောတူညီချက်ကိုယခုတဖန် ပြန်လည်ပြီသဘောတူနိုင်ပါသောကြောင့်၁၁၁ကြိမ်မြောက်ထပ်မံဝမ်းသာမိပါကြောင်း
    3 hrs · Edited · Like
  • Sinli Uma ၀မ်းသာလို့မဆုံးတော့ဘူး ဘယ်နှစ်ခေါက်တောင် မှ ၀မ်းသာရအုံးမလဲ မသိဘူး။ဲ