ဒီစစ်ရေးလေ့ကျင့်ခန်းမှာ အားနည်းချက်တွေ အများကြီး ရှိတယ်ဆိုတာ စစ်ရေးနားလည်တဲ့ ပုဂ္ဂိုလ်တွေက သိကြမှာပါ။ ဒီအားနည်းချက်တွေကို ရှာဖွေစုဆောင်းပြီး ဒီယန္တရားကို ထိုးဖောက်နိုင်တဲ့ စစ်ရေးတည်ဆောက်မှုများကို ပြုလုပ်ထားကြ
မိမိအနေနဲ့ စစ်လိုလားသူတစ်ဦးမဟုတ်ပါ။ ဒါပေမဲ့ တိုင်းရင်းသားလူမျိုးများ အထူးသတိပြုသင့်တဲ့ အချက်တစ်ခုမှာ တိုင်းရင်းသားလူမျိုးများအပေါ် မြန်မာ့တပ်မတော်ရဲ့ သဘောထားသာ ဖြစ်ပါတယ်။
မြန်မာ့တပ်မတော်က တိုင်းရင်းသားလူမျိုးများကို အချိန်မရွေး အပြုတ်တိုက်နိုင်တယ်လို့ ကြွေးကြော်ခဲ့သလို ပြီးခဲ့တဲ့လက ကြည်း၊ လေ၊ အမြောက်နဲ့ သံချပ်ကာတပ်ဖွဲ့များက ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်ပုံကို အရင်က ပြလေ့မရှိတဲ့ မြန်မာ့တပ်မတော်က အခု ထုတ်ပြလာပါတယ်။ ဒါဟာ အပစ်ရပ်ရေးနဲ့ ပတ်သက်ပုံ ရပါတယ်။ အင်အားပြခြိမ်းခြောက်ခြင်းတစ်မျိုးလည်း ဖြစ်ပုံ ရပါတယ်။
ဘာပဲဖြစ်ဖြစ် နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းလို့ မရခဲ့ရင် တိုက်ပွဲ ပြန်ဖြစ်လာစရာရှိပါတယ်။ ပြီးခဲ့တဲ့ (၃)နှစ်နီးပါးအတွင်း ကချင်ကို ထိုးစစ်ဆင်ခဲ့ပုံကို ကြည့်ရင် လေယာဉ်နဲ့ ရဟတ်ယာဉ်များကို အကန့်အသတ်နဲ့ သုံးခဲ့ကြောင်း တွေ့ရသလို ဓာတုလက်နက်လိုမျိုး အထူးအဆန်းလက်နက်အချို့ကိုလည်း ထုတ်သုံးခဲ့ပါသေးတယ်။ ဒါဟာ အနာဂတ်မှာ ရင်ဆိုင်ရမဲ့ မြန်မာ့တပ်မတော်ရဲ့ စစ်ရေးနည်းဗျူဟာအချို့ ဖြစ်တယ်။
မြန်မာ့စီးပွားရေး အားကောင်းလာတာနဲ့ မြန်မာ့စစ်ရေးစွမ်းပကားကလည်း အစွမ်းထက်လာမှာ မုချပါပဲ။ နိုင်ငံရေးအဖြေတစ်ခုကို ရှာမတွေ့ခဲ့ရင် လက်ရှိဖွံ့ဖြိုးတိုးတက်မှုကို ခွင့်ပြုလို့ မရဘူးဆိုတာ တိုင်းရင်းသားခေါင်းဆောင်တွေ သိကြပါတယ်။ သမရိုးကျနည်းနဲ့ တော်လှန်ရေးတစ်ခု ဆက်ပြီး လုပ်သွားလို့ မရတော့ဘူးဆိုတာ အခုကတည်းက ကြိုသိထားကြဖို့ လိုတယ်။ ဘာဖြစ်လဲဆိုတော့ ကာချုပ်မင်းအောင်လှိုင်က စစ်ရေးတည်ဆောက်မှုတွေဟာ ကျူးကျော်ဖို့ မဟုတ်ဘဲ ကာကွယ်ဖို့သာ ဖြစ်တယ်လို့ ပြောခဲ့ပေမဲ့ တော်လှန်ရေးအဖွဲ့အစည်းများကို သိပ်ပြီး အမြင်ကြည်လှတဲ့ ကာချုပ်မဟုတ်ပါဘူး။ သူ့နောက်က လူကြီးက လက်တို့လိုက်ရင် သေနတ်ပြောင်းဝကနေ ကျည်တွေ ထွက်လာမှာ ဖြစ်လို့ပါပဲ။
ဒါပေမဲ့ ဒီစစ်ရေးလေ့ကျင့်ခန်းမှာ အားနည်းချက်တွေ အများကြီး ရှိတယ်ဆိုတာ စစ်ရေးနားလည်တဲ့ ပုဂ္ဂိုလ်တွေက သိကြမှာပါ။ ဒီအားနည်းချက်တွေကို ရှာဖွေစုဆောင်းပြီး ဒီယန္တရားကို ထိုးဖောက်နိုင်တဲ့ စစ်ရေးတည်ဆောက်မှုများကို ပြုလုပ်ထားကြမှပဲ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအနေနဲ့ ဆက်လက်ပြီး ရှင်သန်နိုင်မှာ ဖြစ်တယ်။ သမရိုးကျတော်လှန်ရေးကနေ ခေတ်မီတော်လှန်ရေးတစ်ရပ် ဖြစ်လာဖို့ လိုအပ်နေပါပြီ။