Monday, April 28, 2014

ကရင်ပြည် လွတ်မြောက်ရေး လက်နက်ကိုင်တပ်ပေါင်းစုံ

By'FB kachinsword
သို့/
ကရင်ပြည် လွတ်မြောက်ရေး လက်နက်ကိုင်တပ်ပေါင်းစုံ
အကြောင်းအရာ။ ။ကရင်ပြည်လွတ်မြောက်ရေးအခွင့်အလမ်းလက်မလွတ်စေလိုခြင်း၊
လေးစားအပ်ပါသော ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့်တစ်ကွ ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အသီးသီးအား အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍အသိပေးလိုသည်မှာ ယခုအချိန်အခါသမယတွင် ကချင်ပြည်သို့ ဖက်ဆစ်နယ်ချဲ့ဗမာသတ်မတော်မှ အင်အားအလုံးအရင်းဖြင့် ကချင်လွတ်မြောက်ရေးတပ် KIA အားထိုးစစ်ဆင်တိုက်ခိုက်နေသောအချိန်ဖြစ်သည့်အားလျော်စွာ ကရင်ပြည်တွင်တပ်စွဲလျက်ရှိသော နယ်ချဲ့ဖက်ဆစ်ဗမာတပ်အင်အား အင်မတန်နည်းလျက်ရှိသည်ကို လူကြီးမင်းတို့သိရှိပြီးဖြစ်ပေမည်၊ သို့ပါ၍ ယခုလိုအချိန်ကောင်းအခါသမယတွင် ကရင်လူမျိုးတော်လှန်ရေးလက်နက်ကိုင်အားလုံးစုစည်းညီညွတ်စွာ ရန်သူအားတိုက်ထုတ်ကာ ကရင်ပြည်လွတ်မြောက်ရေးအတွက်လုပ်ဆောင်ရန်အချိန်ကြပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်၊၊
မှတ်ချက်::နယ်ချဲ့ဖက်ဆစ်ဗမာတပ်မှပြုလုပ်နေသောငြိမ်းချမ်းရေးသည်အတုအယောင်ဖြစ်ပါကြောင်းနှင့်သတင်းလုံခြုံမှုကိုအထူးကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊၊

ကချင်စစ်ဖက်ဆိုင်ရာအထူးစုံစမ်းရေးအဖွဲ့
KMIS
Copy to UN,USA,EU,UNFC,KNU,KNPP,KNDO,DKBA,
Like · ·