Wednesday, April 9, 2014

New country name (U.S.B.)

· 
Burmeses can use Burmese language as their mother tongue but
ethnics are not burmeses! It is unfair to mandate Burmese as the only official use.
For my understanding, every race could use their own language for local and the official must be an International language. All ethnics and Linguistic organizations are demanded to raise your voices.

  • N-Gun Ja Wa Let's go back to English as the official language of Burma before Gen. Ne Wen came to power. It will fair and square to all diverse ethnic groups in Burma/

  • Robert Kyaw Myint Htun Totally agree with You Bro. It will only be fair enough to use an international language as the official language .. except Chinese.


    United States of Burma (U.S.B.)

    တိုင်းရင်းသားအားလုံးသာ ညီညွတ်ကြမယ်ဆိုရင် United States of (Burma)တစ်ခုကို ထူထောင်လို့ ရတယ်။ ဒါမှမဟုတ်ရင် Federation of Ethnic Nationalities လို့လည်း ခေါ်တွင်လို့ ရတယ်။ လက်ရှိပြည်နယ်(၇)ခုနဲ့ တနသာင်္ရီ လွတ်မြောက်အောင် တိုက်ယူပြီး ထူထောင်လို့ ရပါတယ်။ တိုင်းရင်းသားလူမျိုးများသာ အချင်းချင်းနားလည်မှု ရှိကြရင် ဖြစ်နိုင်ပါတယ်။

    တကယ်လို့သာ ဒီလိုစင်ပြိုင်အစိုးရတစ်ရပ် ပေါ်ပေါက်ခဲ့ရင် အနောက်တိုင်းနိုင်ငံများနဲ့ ဒေသန္တရနိုင်ငံများရဲ့ နိုင်ငံခြားရေးပေါ်လစီအပေါ်မှာလည်း ဂယက်ရိုက်မှုအချို့ ရှိလာမှာမုချပါပဲ။ အာရှဖစိဖိတ်သမုဒ္ဒရာဒေသကို အာရုံကျနေတဲ့ အမေရိကန်ပြည်ထောင်စုကလည်း တရုတ်နဲ့အိန္ဒိယကို ခွထိုင်ထားတဲ့ ဒီနိုင်ငံသစ်ကို မဆက်ဆံဘဲ နေနိုင်မှာမဟုတ်ဘူး။ ရခိုင်ရဲ့ ဘင်္ဂလာပင်လယ်အော်နဲ့ မွန်တို့ရဲ့ မုတ္တမပင်လယ်ကွေ့ကို စိတ်ဝင်စားမှု ရှိကြမှာ မုချပါပဲ။

    လက်ရှိအစိုးရနယ်စပ်ဟာ အိန္ဒိယနဲ့ ဒီနိုင်ငံသစ်ကိုသာ ထိစပ်နေမှာ ဖြစ်တယ်။ စစ်ကိုင်းအထက်ပိုင်းမှာ နာဂ၊ ကချင်၊ ရှမ်း၊ ချင်းများက ဒီနိုင်ငံသစ်မှာ ပူးပေါင်းပါဝင်လာကြပါက လက်ရှိမင်းအောင်လှိုင်အစိုးရဟာ USB နိုင်ငံအတွင်းမှာ ပိတ်မိနေမှာ မုချပါပဲ။ အရေးပါအရာရောက်တဲ့ နိုင်ငံတစ်ခု မဟုတ်တော့ပြီ။

    အဲဒီအချိန်ကျမှ ဖက်ဒရယ်ပြည်ထောင်စုကို လက်ခံမလား၊ လက်မခံဘူးလား မင်းအောင်လှိုင်ကို မေးရမယ်။ သူ့အဖြေကို နားထောင်ရတာပေါ့။ တိုင်းရင်းသားတွေက အဲဒီလို မထူထောင်ဘဲ အခုလိုပဲ ရေသာချောင်ခိုချင်တဲ့စိတ်နဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ဒီအစိုးရကိုပဲ အားကိုးနေကြမယ်ဆိုရင် မျိုးပြုတ်ဖို့ပဲ ရှိမယ်။