Friday, April 11, 2014

အစိုးရ စစ်တပ် မှ ပေါ်တာအဖြစ်လိုက်ပါရန် တောင်းနေကြောင်းသိရ

ကချင်သို့ အစိုးရတပ်များ စစ်ကြောင်းထိုးရာ တွင် အသုံးပြုရန် စစ်တပ်မှ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ပေါ်ရပ်ကွက်များ တစ်ရပ်ကွက်လျှင် လုပ်အားပေး ပေါ်တာအဖြစ်လိုက်ပါရန် လူ(၁၀)ဦး တောင်းနေကြောင်းသိရသည်။
တစ်ရပ်ကွက် (၁၀)ဦး မပေးလျှင် မြို့ ပေါ်တွင် တွေ့ ရာလူအား လုပ်အားပေး ပေါ်တာအဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားမည်ဖြစ်ကြောင်း ရပ်ကွက်လူကြီးများမှ ပြောဆိုကြောင်း နမ့်ခမ်းဒေသခံများ မှ ပြောသည်။ ထို့ အတွက်ကြောင့် နမ့်ခမ်းဒေသခံများ သတိဖြင့် သွားလာလှုပ်ရှားနေရကြောင်း သိရသည်။
======================
တိုက်ပွဲ သည်(၁)ပတ်ခန့်သာကြာမည်ဟု နမ့်ခမ်းမှ
စစ်တပ်အာဏာပိုင်များ ပြော
===================
(By-Lachid Kachin)
(၂၀၁၄၊ ဧပြီလ ၊၁၁ ) ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ KIA, တပ်မဟာ (၄) ဒေသ နှင့် ကချင်ပြည်နယ် (ရှမ်းပြည်နယ် နှင့် နယ်စပ်) တလျှောက် ရှိ
KIA, တပ်မဟာ (၃) လက်အောက်ခံ KIA, တပ်ရင်း (၂၇)ဒေသသို့ ယခုရက်ပိုင်းအတွင်း ထောင်နှင့် ချီသော မြန်မာ အစိုးရ စစ်တပ် များ မှKIA, အား တဖန် ထိုးစစ်ဆင် တိုက်ခိုက် လာခြင်း ကြောင့် အစိုးရ တပ် နှင့် KIA, တို့ အကြား ၂၀၁၄၊ဧပြီလ၊ ၁၀ ရက်နေ့ မှ တိုက်ပွဲ များ အပြင်း အထန် ပြန်လည် ဖြစ်ပွား လာခြင်းကြောင့် ရာပေါင်းများစွာ သော ဒေသခံ ရွာ သားများမှာ ဘေးလွတ်ရာသို့ ကိုလွတ် ထွက်ပြေး သိမ်းရှောင်နေကြရပြီး အချို့ မှာ တရုတ် ပြည်ဘက်သို့ ၀င်ရောက်ခိုလုံ လျှက်ရှိကြောင်းသိရှိရပါသည်။
ဤကဲ့သို့ ဗမာစစ်တပf၏ဘေးလွတ်ရာသို့ ထွက်ပြေးသိမ်းရှောင်ကြသော ရာပေါင်းများစွာသောဒေသခံများအနက် အချို့မှာ နမ့်ခမ်းမြို့ ခရစ်ယာန် ဘုရားကျောင်းသို့ လာရောက်ခိုလိုနေ သူများမှာ ယနေ့ ညနေအထိ သိရသောစားရင်းအရ (၅၉၀) ကျော်ရှိပြီ ဖြစ်ကြောင်းသိရှိရပါသည်။
ယနေ့ (၁၁.၄.၂၀၁၄) ရက်နေ့ တွင် အဆိုပါ နမ့်ခမ်းမြို့ ခရစ်ယာန် ဘုရားကျောင်းတွင် လာရောက် ခိုလုံနေ ကြသော စစ်ပြေးဒုက္ခသည်
များအား နမ့်ခမ်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ် ရဲစခန်းမှူး၊
စစ်တပ် မှ အရာရှိ များအပါအ၀င် သက်ဆိုင်ရာ အာဏာပိုင် များမှ
လာ ၄င်း စစ်ပြေးဒုက္ခသည်များအား လာရောက် ကြည့်ရှု့သွားကြောင်း
သိရှိရပါသည်။
အာဏာပိုင်များသည် ဤသို့ ဘုရားကျောင်းမှ စစ်ပြေးဒုက္ခသည် များ
နှင့် လာရောက်တွေ့ဆုံစဉ် စစ်တပ်မှ အရာရှိ မှ ဤတိုက်ပွဲ သည် (၁)ပတ်ခန့်တာ ကြာမည် ဖြစ်ကြောင်း ၄င်းတို့လိုချင်သောနေရာရ့ လျှင် စစ်ပွဲ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ဒုက္ခသည်များအား ပြောဆိုသွားသဖြင့် စခန်းရှိ ဒုက္ခသည်များမှာ ဒေါ်ဓထွက်နေကြ ကြောင်းသိရှိရပါသည်။
Like ·  ·