Wednesday, April 16, 2014

ဝါရှင်တန်မြို့ တော် Johns Hopkins တက္ကသိုလ် မှာကျင်းပမည့်ဆွေးနွေးပွဲသို့ ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်မည်


(by-Lachid Kachin)
(16.4.2014)ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့ တော် Johns Hopkins တက္ကသိုလ် CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာဌာနမှာ ကျင်းပမယ့် ဆွေးနွေးပွဲကို အမေရိကန် နိုင်ငံ ခြားရေး ဌာန၏ ဖိတ်ကြားချက်အရ အခု လက်ရှိ ၀ါရှင်တန် ဒီစီ မြို့မှာ ရောက်ရှိနေ တဲ့ KIA, ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် တက်ရောက် မှာ ဖြစ်တယ်လို့ သတင်းရရှိပါသည်။

၎င်းဆွေးနွေးပွဲတွင် မြန်မာငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာနဲ့ လက်ရှိ ကချင်ပြည်နယ်တွင်း အခြေအနေတွေကို ဗိုလ်ချုပ်ဂွမ်မော်က ရှင်းလင်းဆွေးနွေးမှာဖြစ်ကြောင်းသတင်းရရှိပါသည်။

၁၉.၄.၂၀၁၄ စနေနေ့ မှာ တော့ ဗိုလ်ချုပ်ဂွမ်မော် အား မြန်မာပြည်မှ
အမေရိကန် ပြည်ထောင်စုတွင်လာရောက် အခြေချနေ ထိုက်လျှက်
ရှိကြသော ပြည်နယ် အသီးသီးမှ ကချင်လူထုများ လာရောက် ကာ
တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ် အား (02:30 pm ) မှ ညနေ (05:30pm)
အထိပြုလုပ်သွားမည်ဖြစ်ကြောင်းကို လည်းထပ်မံ သိရှိရပါသည်။
 — with