-ဦးနေဝင်း ခေတ်မှာ အင်္ဂလန်က အပေါင်ထားတဲ့ ရွှေတွေ ထုတ်ရောင်းပစ်တယ်။ ဦးစောမောင်တို့ အာဏာသိမ်းတော့ လစာပေးစရာမရှိလို့ သံရုံးမြေနေရာတွေ ရောင်းပစ်တယ်။
-ဦးသန်းရွှေလက်ထဲလဲ ရောက်ရော ရောင်းကောင်းကောင်းနဲ့ ရောင်းလိုက်တာ ဘာမှ မကျန်တော့ဘူး။ ရသမျှ အားလုံးလဲ ဗိုလ်ချုပ်တွေနဲ့ သူဌေးတွေ အိပ်ထဲချည့်ရောက် ကုန်တယ်။
-နောက်တခေါက်အာဏာသိမ်းချင်ရင်တော့ အဆိုပါငွေမည်း သူဌေးတွေကို စပွန်ဆာလုပ်ခိုင်းမှပဲ ရတော့မယ်။ ဒါကလည်း မသေချာ ဗိုလ်ချုပ်ကြီးတွေကလည်း ကိုယ့်အိပ်စိုက်ပြီးတော့ လုပ်မှာ မဟုတ်တဲ့အတွက် လွှတ်တော်ထဲမှာ ၂၅% ထည့်ထားရရှာတယ်။
-အစိုးရဒလန်တွေကလည်း အာဏာပြန်သိမ်းရင် ပြည်သူတွေ ဒုက္ခရောက်ပါလိမ့်မယ်ဆိုပြီး ခြောက်လုံးထုတ်ပေးတယ်။ အမှန်မှာ သန်းခေါင်ထက်တော့ ညည့်မနက်တော့ဘူး။
-အာဏာသိမ်းရင် ကိုယ့်ရဲ့ အုပ်ချုပ်မှု ယန္တယားကို အချိန်တခုထိ ဆက်ပြီးလည်ပတ်ဖို့ ငွေလိုတယ်။ အဲဒီ အချိန်က ဘယ်လောက်ကြာမလဲ။ ဦးသန်းရွှေတောင် သူ့အစိုးရကို လူအသိအမှတ်မပြုလို့ ၂၆ နှစ်လုံးလုံး လိပ်ပြာမလုံခဲ့ဘူး။
-အကျင့်ပျက်ခြစားမှုနဲ့ ပဏ္ဍက်ချထားတဲ့ နန်းတော်ကြီးက ခေါင်မိုးလောက်သာ ပြောင်နေတာပါ။ ခုလိုအခြေအနေမှာ အဖိနှိပ်ခံတွေအတွက် တရက် နောက်တွန့်တွေဝေရင် တရက်စာ လွတ်လပ်ရေးနဲ့ အလှမ်းဝေးမယ်။ လုဖို့ယက်ဖို့လောက်တဲ့ သိတဲ့လူတွေကတော့ အသေဆိုးနဲ့ သေချင်ရင် ထပ်တခါ အာဏာသိမ်းဖို့ပဲ လိုတယ်။