Sunday, October 2, 2016

ဗမာ လူမျိုးကြီး ဝါဒနှင့် ဗမာ့ သတ်မတော် စစ်ခွေးတွေက ကချင် လူမျိုးတွေကို လူမျိုးတုံး သတ်ဖြတ် နေပြီ

Zai Wa Mung Wawhkyung with Mg Mg Soe and 49 others.

ဓာ တု အ ဆိပ် ပါ တဲ့ လက် နက် နဲ့ ဗ မာ စစ် ခွေး တွေ က လိမ် ဆင် လက် နက် ကြီး ပစ် ပါ တယ်။ တက် လာ တဲ့ ခွေး ကို Gidon မှာ တွန်း လှန် ပစ် လိုက် ပြီ။ Lai Hpong တောင် အောက် မှာ တော့ စစ် ခွေး အ လောင်း ပုံ နေ ပြီ။
(၄) လ ပတ် ယ နေ့ ပြီး ပါ ပြီ။ မပခ မျက် နှာ ရှုံ့ မဲ့ နေ ပါ ပြီ။
GIDON HTE LAI HPONG GASAT POI BAI BYIN
=================================
Gidon post de 8:45 kon sinat kaba gap nna myen ni htim lung wa ai majaw 9:10 am. kon 10:00 am. du hkra gasat poi byin ai. Myen ni hpe ninghkap manga kau dat sai. Sinat kaba hta ''gung nsa (Chemical Weapon)'' gap bun ai lam nga ai.
Lai Hpong bum npu Lai Ma Hkyet kaw 9:00 am. kon myu tsaw ni myen dap ni hpe htim gasat shagrawt nga ai lam chye lu ai.
(Wunpawng mung shawa ni myu tsaw ni a matu akyu hpyi ya nga ga law )
ဓာ တု အ ဆိပ် ပါ တဲ့ လက် နက် နဲ့ ဗ မာ စစ် ခွေး တွေ က လိမ် ဆင် လက် နက် ကြီး ပစ် ပါ တယ်။ တက် လာ တဲ့ ခွေး ကို Gidon မှာ တွန်း လှန် ပစ် လိုက် ပြီ။ Lai Hpong တောင် အောက် မှာ တော့ စစ် ခွေး အ လောင်း ပုံ နေ ပြီ။
(၄) လ ပတ် ယ နေ့ ပြီး ပါ ပြီ။ မပခ မျက် နှာ ရှုံ့ မဲ့ နေ ပါ ပြီ။
BumLen Awng
=======
တိုက်ပွဲတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးနိုင် ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စာပေးပို့
2016-10-01
RFA
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲတွေရပ်တန့်ပြီး ငြိမ်းချမ်းရေးကို ဆက်လက် အကောင်အထည် ဖော်နိုင် ဖို့အတွက် မြစ်ကြီးနားမြို့ အခြေစိုက် PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ က နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့လိုက်ပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်း လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စာရေးသားပေးပို့ရတာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင် က ပြောပါတယ်။
ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာရဲ့ အရှေ့မြောက်ဘက် အင်ခရန်း တောင်ကြောတလျှောက် ကေအိုင်အိုဌာနချုပ်ရဲ့ အနီးပတ်ဝန်းကျင်မှာ စက်တင်ဘာ လလယ်ပိုင်းကစပြီး အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်တွေအကြား ဒီကနေ့အထိ တိုက်ပွဲရက်ဆက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အစိုးရရဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေတပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၃ နဲ့ လှုပ်ရှားတပ်ရင်း ၂၅၂ တို့အကြား တိုက်ပွဲတွေဖြစ်နေတာလို့ ပြောပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းကို ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်လို့ တိုက်ပွဲဖြစ်ရတာလို့ အစိုးရတပ်မတော်က ပြောသလို အစိုးရတပ်ဘက်က အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေတာလို့ ကေအိုင်အေ ဘက်က ပြောထားပါတယ်။
ရက်ရှည်ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေအကြား နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
နှစ်ဘက် ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပြီး၊ မိုင်ထောင်တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်ကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ဝိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခေါင်ခမ်းရယ်က ပြည်နယ်လွှတ်တော်မှာ အရေးကြီးဆိုတင်သွင်းရာမှာ လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါတယ်။
======
လက်နက်ကြီးကျည်မှန်ပြီး ကလေးငယ်တစ်ယောက် သေဆုံး
2016-10-01
RFA
ဒီနေ့မနက်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုန်းကိုးမြို့နယ်ခွဲ ပူးဝမ်းကျေးရွာအနီးမှာ အစိုးရနဲ့ ကေအိုင်အို တပ်တွေရဲ့ တိုက်ပွဲကြောင့် ကလေးငယ်တစ်ယောက် လက်နက်ကြီး ကျည်ဆံထိမှန်သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေကြပါတယ်။
အစိုးရတပ်က တပ်မ ၉၉ လက်အောက်ခံတပ်နဲ့ ကေအိုင်အို တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ တပ်တွေ အကြား တိုက်ပွဲဖြစ်ပွားရာကနေ လက်နက်ကြီးကျည်ဆံ ထိမှန်တာကြောင့် ကလေးငယ် သေဆုံးသွားတာဖြစ်တယ် လို့ မုန်းကိုး ဒေသခံတစ်ဦးက ပြောပါတယ်။
"ဖြစ်တာက ဒီမနက် ၆ နာရီနဲ့ ၆ နာရီခွဲကြားမှာ အစိုးရစစ်ကြောင်းက တပ်မ ၉၉ လို့ကြားတယ်၊ ဖြစ် တဲ့နေရာက ကေအိုင်အေ တပ်ရင်း ၃၆ နယ်မြေပေါ့၊ ဖောင်းဆိုင်ဒေသ ပူးဝမ်းဆိုတဲ့ကျေးရွာမှာပေါ့၊ အဲဒါ အစိုးရစစ်ကြောင်းကနေ လက်နက်ကြီး ၆ လုံး ရွာထဲပစ်လိုက်တယ်၊ အဲဒီမှာ ကလေး ၃ ယောက် ထိတာပေါ့၊ ကလေး ၃ ယောက်ထဲကနေ အငယ်ဆုံး အသက်က ၂ နှစ်ကျော်ပဲ ရှိသေးတယ်၊ ဇုံးမျှော် ဆိုတဲ့ အမျိုးသမီး ကတော့ အသက်ဆုံးသွားပြီပေါ့၊ ကျန်တဲ့ကလေး ၂ ယောက်ကျတော့ ယောက်ျားလေးတွေ၊ တစ်ယောက်က ဒဏ်ရာပြင်းတယ်၊ နောက်တစ်ယောက်က ခြေထောက်မှာထိတာ ဆိုတော့ သိပ်မစိုးရိမ်ရဘူး၊ ဗိုက်ထိတဲ့ ကလေးကျတော့ စိုးရိမ်စရာရှိတယ်"
ကျန်တဲ့ကလေး ၂ ယောက်ကို တရုတ်နိုင်ငံဘက်က ဆေးရုံမှာ ကုသနေရတယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲကြောင့် အိမ်ခြေ ၆ဝ လောက်ရှိတဲ့ ပူးဝမ်းကျေးရွာက ရွာသူရွာသားတွေ အားလုံး တရုတ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။
=======
တပ်မတော်က ကုန်စည်ကားတွေကို ပိတ်ထား
2016-09-30
RFA
.
ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာ ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာအခြေစိုက် တပ်မတော်က တနိုင်းဘက်သွားမယ့် ကုန်ကားအစီး ၃၀ ကျော်ကို အခုလ ၂၇ ရက်နေ့ကစပြီး သွားလာခွင့်ပိတ်ပင်ထားပါတယ်။
အဲဒီကုန်တင်ကားတွေဟာ အခြေခံစားသောက်ကုန်တွေပါတဲ့ ကားတွေဖြစ်တဲ့အကြောင်း အဲဒီနယ်မြေမှာ ကုန်စည်စီးဆင်းမှုတွေကို အခက်အခဲဖြစ်စေတယ်လို့ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အလုပ်အမှုဆောင် ဦးဝင်းဘို ကပြောပါတယ်။
ဒီကနေ့ ညနေ သုံးနာရီအထိ ဖြတ်သန်းခွင့် ပိတ်ထားဆဲဖြစ်ပြီး ကုန်ကားတွေဟာ ဒွန်ဘန်ရွာလယ် ဈေးဆိုင်တန်းတွေရှေ့မှာ ရပ်နားထားရတယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်နဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့က ကုန်ကားတွေပိတ်ထားတာနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြတယ်လို့ အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
တုံမဏီ၊ ဒလူး၊ ဝမ်းပလာ စတဲ့ မှော်ရွာတွေနဲ့ ထိစပ်နေတဲ့ တနိုင်းဒေသဘက်မှာ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ က လှုပ်ရှားနေတာဖြစ်ပါတယ်။
မြစ်ကြီးနားဘက်ကနေ အခြေခံစားကုန် ဆန်၊ ဆီ၊ ကုန်ခြောက်မျိုးစုံနဲ့ စက်သုံးဆီတွေကို ကုန်တင်ကားကြီးတွေနဲ့ တင်ပို့နေတာဖြစ်ပြီး တနိုင်းဒေသက ပြည်သူတွေနဲ့ ရွှေမှော်၊ ပယင်းမှော် လုပ်ကိုင်သူတွေဟာလည်း အဲဒီလမ်းကြောင်းကိုပဲ အဓိက သယ်ယူနေရတာဖြစ်ပါတယ်။
အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာ မိုးကောင်း-ဖားကန့်၊ မြစ်ကြီးနား-တနိုင်း၊ မြစ်ကြီးနား-ဗန်းမော်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို စတဲ့ လမ်းကြောင်းတွေကို လုံခြုံရေးအခြေအနေအရ နှစ်ဖက်တပ်တွေက မကြာခဏပိတ်ထားလေ့ရှိပါတယ်။