Wednesday, October 26, 2016

RSO ကို AA နဲ့ KIA တို့ လေ့ကျင့်ပေးခဲ့သလား


စစ်ခွေးတွေနဲ့ ဒီမိုအချို့ ပူးပေါင်းပြီး ဝါဒဖြန့်နေတဲ့ ကိစ္စတစ်ခု ရှိတယ်။ အဲဒါကတော့ အခြားမဟုတ်ဘူး။ မကြာခင်က နယ်ခြားဂိတ်(၃)ခုကို တိုက်ခိုက်သွားခဲ့တဲ့ RSO ကို AA နဲ့ KIA တို့က လေ့ကျင့်ပေးခဲ့ကြောင်း သူတို့အသိုင်းအဝိုင်းမှာ ပုံမှားရိုက်နေကြခြင်း ဖြစ်တယ်။
ဘင်္ဂလီအရေးနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်နဲ့ သိန်းစိန်အစိုးရက လွဲပြီး ဘယ်စစ်တပ်၊ ဘယ်အစိုးရကမှ RSO တွေကို လေ့ကျင့်ပေးခဲ့၊ ကူညီပေးခဲ့တာ မရှိဘူး။ အဆိုပါဘင်္ဂလီတွေကို တရားဝင်နိုင်ငံသားတွေအဖြစ် လက်ခံပေးဖို့ ဗြိတိန်ဆီက ပေါင်စတာလင် သန်းပေါင်းများစွာ ရယူဖူးတဲ့ ပုဂ္ဂိုလ်များဆိုတာ မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရတို့ပဲ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ ဘင်္ဂလီတွေကို လေ့ကျင့်ပေးဖူးတဲ့ အဖွဲ့အစည်းကို ပြပါဆိုခဲ့ရင် KNU ကို လက်ညှိုးထိုးပြရမှာ ဖြစ်တယ်။ 1980 ပြည့်နှစ်များမှာ ဒေသခံမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအကြီးအကဲတွေ၊ ရဲဌာနတွေနဲ့ ရတခကို လာဘ်ထိုးပြီး ဘင်္ဂလီတွေက မော်လမြိုင်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်သွားလာနိုင်ခဲ့ကြတယ်။
မော်လမြိုင်ရှိ ဗလီအချို့က အဆိုပါဘင်္ဂလီတွေကို ခိုလှုံရာ ခဏတဖြုတ်ပေးပြီး မြဝတီဘက်ကို ပို့ပေးပါတယ်။ ကျိုက်ဒုံဘက်ကိုလည်း ပို့ပေးပါတယ်။ အဲ့တုန်းက ဘင်္ဂလီတွေဟာ ကရင်တို့ဘက်မှာ အင်မတန်မှ အရေးပါလာခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ်မှာ မွန်နဲ့ကရင်ကြား ၂၇ ရက်ကြာ တိုက်ပွဲဖြစ်ပွားတော့ ဒီ RSO တွေက KNU တို့ဘက်က ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီနောက်ပိုင်းမှာ ဒီဘင်္ဂလီတွေက ဒေသခံကရင်အမျိုးသမီးတွေနဲ့ ညားကြလို့ ကရင်မွတ်စလင်အသိုင်းအဝိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။
ဒါပေမဲ့ အခုအချိန်မှာ စစ်ခွေးတွေရော NLD ရှိ စစ်ထွက်တွေပါ KIA နဲ့ AA တို့ကို အပြုတ်တိုက်လိုကြပါတယ်။ အရင်က ကချင်နဲ့ အေအေတွေကို နှစ်ပေါင်းများစွာ တိုက်ခဲ့ပေမဲ့ အကြောင်းပြချက်ကောင်းကောင်း မရှိခဲ့ပါ။ မကြာခင်က RSO တွေက အစိုးရစခန်း(၃)ခုကို တိုက်ခိုက်လိုက်တော့ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်တို့က ဂျီဟဒ်စစ်ပွဲ ဖြစ်ကြောင်း၊ နိုင်ငံတကာက မွတ်စလင်တွေ ပါဝင်ပတ်သက်မှုရှိကြောင်း အတိအလင်း ဝေဖန်နေတဲ့ကြားက စစ်ခွေးတွေနဲ့ ဒီမိုခွေးတွေက ဒီ RSO တွေကို KIA နဲ့ AA တို့က လေ့ကျင့်ပေးခဲ့ကြောင်း စွတ်စွတ်စွဲစွဲ လုပ်လာပါတယ်။
AA အနေနဲ့ အစမှာ ဒီကိစ္စထဲ ဝင်ပါဖို့ပဲ။ ရခိုင်ပြည်သူများကို မထိဖို့ သတိပေးပြောဆိုခဲ့ပါသေးတယ်။ ရခိုင်ပြည်သူများကို ကာကွယ်ဖို့ AA မှာ တာဝန်ရှိပါတယ်။ ရခိုင်ပြည်သူတို့ကလည်း ဒီတိုက်ခိုက်မှုဖြစ်ပွားတဲ့နောက်မှာ AA ကို ပိုမိုအားကိုးလာကြတယ်။ AA နဲ့ ရခိုင်ပြည်သူတို့က ဒီတိုက်ခိုက်မှုမှာ သွေးရိုးသားရိုးမဟုတ်ဘဲ နိုင်ငံရေးလုပ်ကြံမှုတွေ ရှိနေကြောင်း သတိထားမိလာတယ်။ အထူးသဖြင့် ဒီတိုက်ခိုက်မှုဖြစ်ပွားလာအောင် နောက်ကွယ်ကနေ လှုံ့ဆော်ပေးတဲ့ အဖွဲ့အစည်းထဲမှာ မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးတို့ကိုယ်တိုင် ပါဝင်နေတယ်လို့ အချို့က သံသယ ဝင်နေကြပါတယ်။
လောလောဆယ်မှာ NLD အစိုးရက ရခိုင်အရေးမှာ မြန်မာ့တပ်မတော်ဘက်က လုံးလုံးလျားလျား ရပ်တည်ပေးခဲ့ပြီး မြန်မာ့တပ်မတော်က ညင်ညင်သာသာနဲ့ ကိုင်တွယ်ခဲ့ကြောင်း ပြန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့တပ်မတော်က ရခိုင်ပြည်သူတို့ကို လိုအပ်တဲ့အကူအညီတွေနဲ့ လုံခြုံမှုတွေကို မပေးသလို RSO လို့ စွတ်စွဲပြီး အပြစ်မဲ့ ဘင်္ဂလီတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိနေကြောင်း ကြားသိရပါတယ်။ ဒါကို စုံစမ်းဖို့ ကုလသမဂ္ဂက ညွှန်ကြားထားပါပြီ။ ဒီအချက်ကို မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးရတို့ သိရှိပြီသား ဖြစ်မှာပါ။
ဒီနေရာမှာ ပြောချင်တာက မြန်မာလူမျိုးအတော်များများဟာ စကားကို မဆင်မခြင် ပြောတတ်ကြပါတယ်။ လိမ်လည်လှည့်ဖြားတဲ့နေရာမှာ အရှက်မရှိကြပါဘူး။ ရှုပ်အောင် လုပ်တဲ့နေရာမှာလည်းပဲ ဘယ်သူကမှ မယှဉ်နိုင်ပါဘူ့။ မွေးကတည်းက သူတို့မိဘတွေက ဒီလိုပဲ လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါလိမ့်မယ်။ သာမန်ပြည်သူတွေကိုလည်း ဒီလိုပြုမူကြဖို့ အစိုးရကိုယ်တိုင် သွန်သင်ပေးလိုက်သလို ဖြစ်နေတယ်။ ဗမာတွေက ဒီအကျင့်ကို ပြင်နိုင်မှပဲ လူရိုသေ ရှင်ရိုသေ ဖြစ်လာမှာပါ။