Sunday, October 9, 2016

ကချင်ဒေသထိုးစစ်ရပ်ရန် ဆန္ဒပြဦးဆောင်သူအား အမှုဖွင့်


ကချင်ဒေသတွင် တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများအားရပ်ဆိုင်းပေးရန် ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူ ဦးလုံဂျုံတူးရော်အား ဆန္ဒထုတ်ဖော်စဉ် ခွင့်မပြုထားသည့် ကြွေးကြော်သံများနှင့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့သည့်အတွက် ငြိမ်းစု၊စီ ဥပဒေ ပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ဆိုထားကြောင်း သတင်းရရှိသည်။
ခွင့်ပြုမိန့်လျှောက်ထားစဉ် ပါရှိခြင်းမရှိသည့် တပ်မတော်မှ တိုင်းရင်းသူ အမျိုးသမီးများအား ရည်ရွယ်ချက်ရှိရှိ အဓမ္မပြုကျင့်သတ်ဖျက်မှု အလိုမရှိ၊ ကချင်ပြည်နယ်တွင် ဖက်ဒရယ် စနစ် နှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ဒို့အရေး စသည့်ကြွေးကြော်သံများအား ဆိုင်းဘုတ်ကိုင်ပြီး ကြွေးကြော်ခဲ့သည့်အတွက် အမှုဖွင့်ဆိုထားခြင်းဖြစ်ကြောင်း ဆန္ဒပြမှုတွင်ဦးဆောင်ခဲ့သူ တစ်ဦးကဆိုသည်။
ကချင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လာသည့်အတွက် လူဦးရေ ၂ သောင်းကျော်ရှိသည့်ပြည်သူများ အောက်တိုဘာလ ၆ ရက်နေ့တွင် တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရပ်ဆိုင်းသွားရန် လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
Ref; Kachin Waves