Wednesday, October 26, 2016
" နဂါးပွက်အိုင်နဲ့ ဒေါင်းအို "
 Seng Jaw's post — with La Raw Raw 
25/10/2016
Credit- မှုရင်းရေးသားသူ
တလောတုန်းက ဒေါင်းအိုမယ်တော်ကြီးဟာ 
အရှေ့တိုင်း နဂါးပြည်ကိုခစား ဝင်တယ် 
နဂါးမင်းကြီးက ကောဇောနီခင်းကြို ဝိုင်ခွက်မြောက်ကာ 
ဒေါင်းအကဟာ လောကမှာအလှပဆှုံးဖြစ်ကြောင်း 
တင့်တယ်ပါကြောင်း ချီးမွမ်းခန်းဖွင့်တယ်
သို့သော် နဂါးပြည်မှာ ဒေါင်းအက ကခွင့်ပိတ်ပင်ထားကြောင်း
နဂါးအကသာလျှ င် မကြာခင်ကမ္ဘာကြီးကို လွှမ်းသွားမှာ 
ဖြစ်ကြောင်း Dragon Roadmap ချ ပြတယ်
နဂါမင်းနဲ့ ခြင်္သေဟာ ထာဝရမိတ်ဖက် မဟာမိတ်ကတိ 
စာချု ပ် စာချွ န်လွှာရှိထားပါကြောင်း
ခြင်္သေအိုများကို လေးစား ရန်လိုအပ်မှာဖြစ်ကြောင်း
နဂါးအိုင် စီမံကိန်းကို ပြန်လည်ဖေါ်ဆောင်ရမှာဖြစ်ကြောင်း 
အပေးအယူ အရော်အစားရှိမှာဖြစ်ကြောင်း
နဂါးမင်းရဲ့ ဂုဏ်သိက္ခာကို ထည့်စဉ်းစားဘို့လိုကြောင်း 
ခြိမ်းချောက် ချောသပ် အကြပ်ရိုက် ပြောဆိုလာတယ်
ဒေါင်းအိုမယ်တော်က
နောင်တော်ခြင်္သေနန်းကျ မင်းကြီးရဲ့ ခြေရာ ခြစ်ရာ ခုတ်ရာ 
ကိုက္ရာမ် ားကို မပ် က်စီးအောင် ထိန်းသိမ်းထားပါကြောင်း 
နောင်တော်ရဲ့လက်ငုတ် လုပ်ငန်းမပျ က်ပြယ်ကြောင်း 
နဂါးမင်းနဲ့ဆွေမျိုးပေါက်ဖေါ် ထာဝရမဟာမိတ်ကို ပိုမိုခိုင်မာ 
အောင်ဆောင်ရွက်မှာဖြစ်ကြောင်း
ခြင်္သေမျိုးနွယ် နောက်လိုက် ခွေးအ မြေခွေး ဖွတ်ပုတ်သင်ညို 
sha lawm တို့ကိုလည်း လွတ်လပ်ခွင့်ပေးထားပါကြောင်း 
သံတော်ဦးတင်တယ်
နဂါးအိုင်စီမံကိန်း ကိုဆန့်ကျ င်သူဟာ ဒူဝါးမျိုးနွယ်သာလျှ င် 
အဓိကဖြစ်နေပါကြောင်း 
ကျ န်တာအားလုံး မီးငြိမ်း OK ပါကြောင်း နဂါးမင်းကို message ပေးတယ်
ဒီတော့ နဂါးမင်းဟာ ရှူးရှူး ရှဲရှဲ နဲ့ မခုတ်ဓါးကိုင်ဒူဝါများကို 
မီးခိုးမှုတ်ထုတ်ပြီးဖိအားပေးလာတယ်
ဒေါင်းအိုရဲ့ ကတိစကားရပြီးနောက်ပိုင်း နဂါးအုပ်ဟာ 
ဒေါင်းနေပြည်တော်ကို ခေါက်တုန့်ခေါက်ပြန် ကူးတယ် 
ခြင်္သေမင်းဖေါက်ထားတဲ့ လမ်းဟောင်းအတိုင်း 
တခါးမရှိ ဓါးမရှိ ဝင်ခွင့်ရလာတယ်
နဂါးအိုင် ကိစ္စရဲ့အဓိက အဟန်အတားဟာ ဒူဝါ များသာဖြစ် 
ကြောင်း ထပ်လောင်း လက်တို့တယ်
မကြာပါဘူး
မခုတ်ဓါးကိုင် ဒူဝါနယ်မှာ စစ်မီးထတောက်တယ်
ခါတိုင်းလျှာသွက်တဲ့ နဂါးမင်းဟာ ငြိမ်ချ က်ကောင်းဖြစ်နေပြီး
နှုတ်ခမ်းမွှေး သပ်နေတယ် 
ပြည်ကျော် Jet fighter နဲ့ အမြောက်ကျ ည်ကို 
ရေဒါမှတ်တမ်းကဖျောက်လိုက်တယ်
ကုန်းချောကျွ မ်းကျ င်တဲ့ ခြင်္သေ ဒေါင်းမျိုးအုပ်စုဟာ 
နဂါးအိုင် သုံးသပ်ရေးကော်မရှင်မှာ ဒူဝါ တယောက်ကို 
ဦးဆောင်စေခြင်းဖြင့် နဂါးမင်းကို ချော့သိပ်တယ် 
အဲဒီကချ င်စကားပြော ဒူဝါဟာ ခြင်္သေမျိုးနွယ်ဖြစ်နေတယ်
ဒူဝါနဲ့ နဂါး အချ င်းချ င်း မျ က်စောင်းထိုး အကဲခတ်နေအောင် 
ကုန်းတိုက်ရာမှာ ဒေါင်းအိုမယ်တော်က ခြင်္သေအိုထက် 
ပိုပါးနပ်တယ်
ဒီနေ့ နဂါးနယ်စားငယ်တွေဟာ BGF ကန်ပိုင်တီတောင်ကြား
လျှို ကတဆင့် မြစ်ဆုံနယ်ကိုရောက်သွားတယ် 
ဒေါင်းနယ်စား ခြင်္သေအုပ်များအတွက် အရောင်လက်တဲ့ 
လက်ဆောင်တွေ ကားနဲ့သယ်ချ လာတယ် 
နဂါးပွက်အိုင် အကောင်အထည်အမြန်ဖေါ်ရေးကို 
အဓိက ညှိနှိုင်း ဆွေးနွေးတယ်
မြစ်ဆုံရဲ့ ပိုင်ရှင်ဟာ ဒူဝါတွေဖြစ်တယ် 
မြစ်ဧရာနဲ့ ဆိုး ကောင်း ပါတ်သက်သူများကတော့ 
နိုင်ငံသား အားလုံးဖြစ်မယ်
မြစ်ဖြားမှာ နဂါးပွက်အိုင်တည်ခြင်းရဲ့ ကောင်း/ဆိုးကို 
သိရှိသူ တိုင်းဟာဒူဝါမျိုးနွယ်နဲ့ အတူဝန်းရံနေကြတယ်
လောလောဆယ်တော့ 
ဒေါင်းအကနဲ့ နဂါးခုန်ပျံအက လေအဝှေ့ 
ဒူဝါနယ်က စစ်မီးလျှံဟာ ပိုတောက်လောင်လာခဲ့ပြီ ။