Wednesday, October 26, 2016

ကျုပ်တို့က အကြွေးရှင်တွေပါဗျ

U Ravika

တိုင်းရင်းသားတွေဟာ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေကို ချိုးဖောက်ခဲ့ကြတာ မဟုတ်ဘူး။
ဒါကြောင့် ပင်လုံစာချုပ်ကတိကဝတ်ကို ချိုးဖောက်ခဲ့သူများအား ဝေဖန်တဲ့နေရာမှာ ဘာမှ အားနာစရာမလိုဘူး။
"ရည်းစားအချင်းချင်း ဖြစ်လို့"
"လင်မယားအချင်းချင်း ဖြစ်လို့"
"ပါတီဝင်အချင်းချင်း ဖြစ်လို့"
"လုပ်ဖော်ကိုင်ဖက်အချင်းချင်း ဖြစ်လို့"
" ဒေသခံအချင်းချင်းဖြစ်လို့"
အာနားပြီး...
စိုးရွံ့ပြီး....
သိမ်ငယ်စိတ်ဝင်ပြီး....
မိမိတို့ရရှိသင့်၊ ရရှိထိုက်တဲ့အခွင့်အရေးကို တောင်းဆိုဖို့ လုံးဝမတွန့်ဆုတ်ရဘူး။ ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ အားမာန်ပါပါ ဝင့်ဝင့်ကြွားကြွား တောင်းဆိုသွားရမှာ ဖြစ်တယ်။
ကိုယ်တို့က အကြွေးရှင်တွေပါ။
သူတို့က အကြွေးဆပ်ရသူတွေပါ။
ဘယ်ဥစ္စာရှင်ကမှ သူခိုးကို ရိုးကျိုးလေ့မရှိ။