Friday, October 14, 2016

UNFC တပ်ပေါင်းစု အစည်းအဝေးပြုလုပ်

Seng Jaw added 3 new photos.
12 hrs

===========================
ဧရာဝတီ
13/10/2016
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် စုဖွဲ့ထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု ဗဟိုအလုပ်မှုဆောင်ကော်မတီ အစည်းအဝေးကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျင်းပလျှက်ရှိသည်။
ယနေ့အစည်းအဝေးတွင် ဆွေးနွေးကြမည့် အကြောင်းအရာများကို တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ထုတ်ဖော်ပြောဆိုခြင်း မပြုသေးပေ။ UNFC တပ်ပေါင်းစုသည် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေးထိုး ထားခြင်း မရှိသေးသော အဖွဲ့များ ဖြစ်သည်။
လတ်တလောကာလတွင် UNFC အဖွဲ့ဝင်ဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ဒေသတွင် အစိုးရ တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် အစိုးရ တပ်မတော်တို့အကြားတွင်လည်း တိုက်ပွဲဖြစ်ပွားထားကြောင်းသိရသည်။
ဓာတ်ပုံ - MNG