Tuesday, October 25, 2016

ဗုဒ္ဓဘာသာဝင်​ မြန်​မာ့တပ်​မ​တော်​သားများသို့...




###########################
အကယ်​၍ သင်​တို့သာ စစ်​မှန်​တဲ့ဘာသာတရားကိုင်းရှိုင်းသူ ၊ သိမ်​​မွေ့ဆုံး​သောဘာသာတရားလို့ဆိုတဲ့ ဗုဒ္ဓဘာသာကို ယုံကြည်​သက်​ဝင်​သူမှန်​လျှင်​ အခြား​သောဘာသာဝင်​တို့၏ ဘာသာ​ရေးနှင့်​ ယုံကြည်​သက်​ဝင်​မှုကိုလည်း ​လေးစားသင့်​တယ်​ အ​လေးထားသင့်​တယ်​မဟုတ်​လား ?
အားလုံးနီးပါး ဗုဒ္ဓဘာသာဝင်များဖြစ်​ကြတဲ့ မြန်​မာ့တပ်​မ​တော်​က ကချင်​ပြည်​နှင့်​ အခြား​သောတိုင်းရင်းသား​ဒေသများမှ ဗုဒ္ဓဘာသာမဟုတ်​​သော အခြားဘာသာဝင်​တို့၏ ဘာသာ​ရေးနှင့်​သက်​ဆိုင်​​သောအ​ဆောက်​အအုံများကို ရည်​ရွယ်​ချက်​ရှိရှိဖြင့်​ တိုက်​ခိုက်​ ဖျက်​ဆီး​​နေကြသည်​မှာ မ​ရေတွက်​နိုင်​​အောင်​များပြားခဲ့ပြီ။ ကချင်​ပြည်​မှ ခရစ်​ယာန်​ဘုရား​ကျောင်းများ၊ ဝတ်​ပြု​ကျောင်း​ဆောင်​များအတွင်းတွင်​ မြန်​မာ့တပ်​မ​တော်​စစ်​​ကြောင်းများမှ စစ်​ခန်းများအဖြစ်​အသုံးပြုကာ ခိုလှုံနား​နေကြသည်​ကို နားလည်​ခွင့်​လွှတ်​နိုင်​​သော်​လည်း ဘုရား​ကျောင်းအတွင်းမှ ထိုင်​ခုံပရိ​ဘောဂများ၊ သစ်​သားလက်​ဝါးကားတိုင်​များကို ရိုက်​ဖဲ့ချိုးဖျက်​၍ ထင်းအဖြစ်​အသုံးပြုကြသည်​များကို​တော့ ခွင့်​လွှတ်​ နားလည်​နိုင်​ဖွယ်​ရာမရှိပါ။ ထိုထက်​မက ၎င်းဘုရား​ကျောင်းဝင်းအတွင်း၌ပင်​ ကျင်​ကြီး ကျင်​ငယ်​စွန့်​ခြင်း၊ ​သောက်​စားမူးယစ်​ကာ မဖွယ်​မရာပြုခြင်းများပင်​ ပြုလုပ်​ကြသည်​။
ဥပမာအ​နေဖြင့်​ - လူမှု့ကွန်​ယက်​​ပေါ်တွင်​ပျံနှံ​နေ​သော ကမ္ဘာ​ကျော်​​ဘောလုံးသမား ခရစ်​တီယာနို ​ရော်​နယ်​ဒို၏ ဗုဒ္ဓဆင်းတု​တော်​​​ခြေရင်း၌ ​ခြေ​ထောက်​ထား​သောဓာတ်​ပုံအ​ပေါ် ဗုဒ္ဓဘာသာဝင်​များမှ ​ဒေါသတကြီးဖြင့်​ တုန့်​ပြန်​မှုများ၊ ၎င်းလုပ်​ရပ်​နှင့်​ပါတ်​သက်​၍ အြန်​လည်​​တောင်းပန်​ရန်​​တောင်းဆိုမှုများကို ကြား​နေမြင်​​နေရပါသည်​။
မိမိတို့ယုံကြည်​ကိုးကွယ်​ရာ၊ အထွတ်​အမြတ်​ထားရာဘာသာ​ရေးနှင့်​ ၎င်းနှင့်​သက်​ဆိုင်​​သောအရာများကို မဖွယ်​မရာပြုခြင်းကို မည်​သူမှကြိုက်​မည်​မဟုတ်​ပါ။
ထို့​ကြောင့်​ ဗုဒ္ဓဘာဝင်​များနှင့်​ မြန်​မာ့တပ်​မ​တော်​သားများအ​နေဖြင့်​လည်း ကျနုပ်​တို့၏ဘာသာ​ရေးနှင့်​ ၎င်းနှင့်​သက်​ဆိုင်​​သောအရာများကို ​လေးစား ရို​သေသင့်​​ပေသည်​။
ထို့အပြင်​ ဗုဒ္ဓဘာသာမဟုတ်​​သော အခြား​သောဘာသာဝင်​တို့၏ ကိုးကွယ်​ယုံကြည်​မှုကို ကာယကံရှင်​၏စိတ်​ဆန္ဒမပါပဲ အတင်းအကြပ်​ အသွင်​​ပြောင်းရန်​ဖိအား​ပေးမှုများလုပ်​​ဆောင်​​နေသည်​ကိုလည်း မြင်​​နေ ကြား​နေရသည်​။
ဘာသာ​ရေးသက်​ဝင်​ယုံကြည်​မှုသည်​ အတွင်းစိတ်​နှလုံးနှင့်​ဆိုင်​သည်​။ ကာယကံရှင်​၏ ဆန္ဒမပါပဲ အတင်းအကြပ်​​ပြောင်း​စေခြင်းသည်​ ရုပ်​လက္ခဏာအရ ​ပြောင်းလဲနိုင်​​သော်​လည်း အချည်းနှီးပင်​ဖြစ်​လိမ့်​မည်​။
နိုင်​​ငံ​ရေးနှင့်​စပ်​လျှင်းပြီးဖြစ်​​ပေါ်လာ​သောကိစ္စကို ဘာသာ​ရေး လူမျိုး​ရေးနှင့်​ဒွန်​တွဲကာ ပိုမိုကြီးထွားလာ​အောင်​ မလုပ်​​ဆောင်​ကြပါနဲ့ ၊ မပြုမူကြပါနဲ့ အမျိုး​ကောင်းသား အို ဗုဒ္ဓဝင်​တို့...!!!