Monday, October 24, 2016

UWSA, နှင့် မြန်မာစစ်တပ် တို့ စစ်ရေးတင်းမာ နေ ဂျက်တိုက်လေယာဉ်(၄)စီးဖြင့် သွားရောက်ပျံဝဲ


(Lachid Kachin) 
24/10/2016
မြန်မာ အစိုးရ စစ်တပ် နှင့် UWSA,ခေါ် "o" ပြည်သွေးစည်းညီညွှတ်
ရေးတပ်မတော် တို့ အကြား စစ်ရေးတင်းမာ မှု များ ဖြစ်ပွားနေ ကြောင်း 
သတင်းရရှိပါသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း အခြေစိုက်၊ ဦးစိုင်းလင်း ဦးဆောင်သော အထူး
ဒေသ(၄)မိုင်းလား တပ်ဖွဲ့ များထိန်းချုပ်ရာ နယ်မြေထဲ သို့ ရောက်ရှိတပ်
စခန်းချနေသော UWSA, တောင်ပိုင်း "o" တပ်ဖွဲ့ များအားလုံးကို ၂၀၁၆၊
အောက်တိုဘာ၊၂၄ ရက်နေ့ နောက်ဆုံးထားကာ တပ်ဆုတ်ပေးရန် မြန်မာ
အစိုးရ စစ်တပ် တြိဂံတိုင်းစစ်ဌာနချုပ်မှ UWSA,"o"တပ်ဖွဲ့ အား ညွှန်ကြား 
ထားကြောင်းသိရှိရပါသည်။
မြန်မာ စစ်တပ်ဘက်မှ UWSA,"o"တပ် အား မိုင်းလားဒေသအတွင်းမှ 
တပ်ဆုတ်ရန် ဤသို့ အမိန့်ထုတ် အကြောင်းကြားပြီး ချက်ချင်းဆိုသလို
မိုင်းလားနယ်မြေအတွင်းရှိ UWSA,"o" တပ်ဖွဲ့ များ တပ်စခန်းချထားသော
တပ်စခန်းများပေါ် သို့ (၂၂၊၁၀၊၂၀၁၆) ရက်နေ့တွင် မြန်မာ စစ်တပ်မှ ဂျက်
တိုင်လေယာဉ် (၂)စီးလာရောက်ပျံဝဲပြီး ယနေ့ (၂၃၊၁၀၊၂၀၁၆) ရက်နေ့ 
တွင်လည်း မြန်မာ စစ်တပ်၏ဂျက်တိုက်လေယာဉ် နောက်(၄)စီး လာ
ရောက်ပျံဝဲ ကြောင်း၊ ၄င်းဒေသရှိ "o" အရာရှိများ နှင့် နီးစပ်သူများထံ မှ 
သတင်ရရှိပါသည်။
"o"တပ် များအား မိုင်းလားနယ်မြေအတွင်းမှ တပ်ဆုတ်ပေးရန် မြန်မာစစ်
တပ်၏ UWSA, အနေနှင့် မိမိတို့ ၏နယ်မြေလုံခြုံရေး နှင့် ၄င်းတို့၏ မဟာ
မိတ် (မိုင်းလား)အတွက်ကော နယ်မြေလုံခြုံရေးအရ ရောက်လာတာဖြစ်
ကြောင်း၊ဤဒေသ သို့ ယခု မှ ရောက်လာခြင်းမဟုတ်ဘဲ ၂၀၀၉ ခု နှစ် က
စပြီးရောက်ရှိနေခြင်းဖြစ်ကြောင်း။ မြန်မာ စစ်တပ် က ယခုလို အမိန့်ပေး
သော်လည်း "o"တပ်ဖွဲ့ အနေ နှင့်အထက်အမိန့်မရရင် ပြန်လို့ မရကြောင်း၊
ယနေ့ (၂၃၊၁၀၊၂၀၁၆) ရက်နေ့အထိတော့ UWSA,"o"တပ်ဖွဲ့ အထက်က 
တစုံတရာ အကြောင်းပြန်ခြင်း မျိုး မရရှိသေး ကြောင်း မိုင်းလားနယ်မြေအ
တွင်းေ ရာက်ရှိသည့် "ဝ"တပ်မှူး များထံ မှ သိရှိရပါသည်။
၂၀၁၆၊၁၀၊၂၃)ရက်နေ့ ယနေ့ မွန်းလွဲ(၂)နာရီ အချိန်မှ စပြီးမိုင်းလား နယ် နှင့် 
ကျိုင်းတုံနယ်ကြား အကြီးဆုံး နယ်ခြားဂိတ် တာ့ပင်းတံတားစခန်းမှ အစိုးရ
တပ်မတော်မှ သွားလာခွင့်ကိုအားလုံးပိတ်လိုက်ကြောင်း၊ အဆိုပါ တာ့ပင်း
ဂိတ်တွင် တပ်မတော် မှ သံချပ်ကာကား၊ တင့်ကားများ၊လက်နက်ကြီးများ
လည်း နေရာချ ထားကြောင်း ဒေသခံ များထံ မှ သိရှိရပါသည်။
UWSA,"o"တပ်ဖွဲ့များ သည် ၂၈၊၉၊၂၀၁၆၊ ရက်နေ့ မှ စတင်ပြီး ဤ မိုင်းလား
တပ်၏ လွယ်ဆမ်ဆုံစခန်း၊ လွယ်ကျူဆိုင်း စခန်း၊ ဝမ့်နောင်ဟုတ်စခန်းများသို့
လာရောက် တပ်စချထားသည် ဖြစ်ကြောင်း လည်း ထပ်မံ သိရှိရပါသည်။