Sunday, October 30, 2016
ငြိမ်းချမ်းရေးနှင့် စစ်ပွဲကြားက ဂီဒွန်
ယခုလပိုင်းအတွင်း ကချင်ပြည်နယ်ရှိ နံမည်ကျော် ခါဂါဘိုရာဇီ ၊ ဖုန်
ကန်ရာဇီတောင်များကို ကျော်လွန်၍ လူသိများသော တောင်ကြောတခုမှာ
အင်ခရမ်ဘွမ်တောင်ကြောနှင့် ၎င်း တောင်ကြောပေါ်ရှိ ပေ ၃၃၀၀ ကျော်
မြင့်သည့် ဂီဒွန်တောင်ဟုဆိုရပါမည်။ စိမ်းစို လှပသော ထိုတောင်သည် လှပသောသဘာဝပတ်ဝန်းကျင် စည်ကားသောနိုင်ငံခြားခရီးသွားများဖြင့် စည်ကားသည် မဟုတ်ပေ။ အမြောက်သံ ဗုံးသံ များဖြင့် စစ်ပွဲကြောင့် ကျော်ကြားလာခဲ့ရခြင်းဖြစ်သည်ကတော့ စိတ်မချမ်း မြေ့ဘွယ်ရာဟု ဆိုရပါမည်။
စိမ်းစိုသော အင်ခရမ်ဘွမ်တောင်ကြော အောက်ခြေတွင် ဒဘတ်ခ
ချောင်းက ရစ်ခွေစီးဆင်းနေသည်။ မြစ်ကြီးနား၌ သွယ်တန်းထားသော လျပ်
စစ်မီးသည် ထိုဒဘတ်ခ မှဖြစ်သည်။ ဂီဒွန်တောင်သည် လိုင်ဇာမှ ၂၃ မိုင်ကျော်
ဝေးပြီး မြောက်ဖက် ဆဒုံးနှင့် တောင်ဖက် လိုင်ဇာတို့ကြား အလယ်လောက်
တွင်ရှိသည်။ ဂီဒွန်သည် ဗန်းမော် မြစ်ကြီးနား ကားလမ်း ( မလန်းယန် ) တဝိုက်မှ အဖြောင့်တိုင်းတာလျင် ၇ ကီလိုမီတာခန့်သာ ဝေးကွာပါသည်။
ဆွေးနွေးပွဲနှင့် စစ်ပွဲ
KIO/KIA သည် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် UNFC အဖွဲ့
ဝင်ဖြစ်သည်။ NCA လက်မှတ်ထိုးထားသော အဖွဲ့ ၈ ဖွဲ့နှင့်သာမက NCA
လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော အဖွဲ့များနှင့်ပါ ငြိမ်းချမ်းရေးလုပ်
ငန်းစဉ်တွင် ထည့်သွင်းဆွေးနွေးရန် NLD အစိုးရသစ်၏ သဘောထားအရ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့ပြီး ၂၀၁၆ သြဂုတ်လ ၃၁ ရက်နေ့မှ
စတင်ခဲ့သည့် ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင်လည်း KIO/KIA
ကိုယ်စားလည်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
ထိုသို့ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသော တိုင်းရင်းသားလက်
နက်ကိုင်အဖွဲ့များ ၂၁ ရာစုပင်လုံသို့တက်ရောက်ပြီး သူတို့၏သဘောထားများ
ကို တင်ပြခွင့်ရပြီးနောက် ငြိမ်းချမ်းရေးအခြေအနေတိုးတက်ကောင်းမွန်လာ
လိမ့်မည်ဟု အများက အကောင်းမြင်မျှော်လင့်ထားခဲ့ကြသည်။ သို့သော် မျှော်
လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။
တကယ်တော့ ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံမစမှီကပင် KIA
နှင့်တပ်မတော် တိုက်ပွဲငယ်များဖြစ်ပွါးနေခဲ့ပြီဖြစ်သည်။ ၂၁ ရာစုပင်လုံ ညီလာခံအပြီး တိုက်ပွဲအရှိန်လျှော့ချနိုင်ကြလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း
အထင်နှင့်အမြင် တက်တက်စင်လွဲချော်ခဲ့သည်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ တဖြေးဖြေးကြီးထွားလာသည်ကိုတွေ့ရသည်။
၂၁ ရာစုပင်လုံအပြီး တနိုင်းဒေသ ဖါးကန့်ဒေသနှင့် ဗန်းမော်ဒေသ
တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွါးခဲ့ပြီး လက်ရှိအချိန်ထိ ဂီဒွန်တောင်
ကုန်းတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွါးနေသည်ကို ကြားသိနေရပါ
သည်။
ဂီဒွန်တိုက်ပွဲ
တကယ်တော့ ဂီဒွန်တိုက်ပွဲများအစသည် ၂၁ ပင်လုံမကျင်းပမှီ ၂၀၁၆
ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က စတင်သည်။ သြဂုတ်လ ၁၇ ရက်နေ့ နှင့် ၁၈
ရက်နေ့များတွင် KIA ဂီဒွန်စခန်း၏ ရှေ့ကာကင်းဖြစ်သော ဂီဒွန်စခန်းမှ ပေ ၃၀၀၀ ကျော်အကွာတွင်ရှိသည့် အင်ခရမ်စခန်းငယ်အား တပ်မတော်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အင်ခရမ်စခန်းမှ KIA တပ်သားများလည်း ဂီဒွန်စခန်းသို့ ပြန်လည်ပူးပေါင်းခဲ့သည်ဟုဆိုသည်။ ထိုနောက် သြဂုတ်လ ၂၃ ရက်မှစ၍ ဂီဒွန်စခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်၍ တပ်မတော်မှ
ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအပြီးတွင်လည်း တိုက်ပွဲအရှိန်
ဆက်လက်မြှင့်တင်ခဲ့သည်။ လက်နက်ကြီးပစ်ကူများအပြင် တိုက်ခိုက်ရေး
ရဟတ်ယဉ်များ အသုံးပြု တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် တိုက်ခိုက်ရေး
ရဟတ်ယဉ်များအပြင် တိုက်လေယဉ် အချို့ အသုံးပြု ၍ တိုက်ခိုက်ကာ လက်
နက်ကြီးပစ်ကူ လေကြောင်းပစ်ကူ ပေါင်းစပ်၍ KIA ဂီဒွန်စခန်းအား တိုက်
ခိုက်ခဲ့သည်။ KIA ၏သတင်းများအရ သြဂုတ်လ ၁၆ ရက်မှ အောက်တိုဘာ
၁၄ ရက်နေ့ထိ ၂ လနီးပါးကာလအတွင်း တပ်မတော် နှင့် KIA တို့ တိုက်ပွဲ
ကြီးငယ် ၁၄၀ ခန့် ဖြစ်ပွါးခဲ့သည်ဟုဆိုသည်။
ထိုပြင် မြေပြင်သတင်းများအရလည်း လက်နက်ကြီးတင် သံချပ်ကာ ကားများ တင့်ကားများ ပြည်မမှနေ၍ ကချင်ပြည်နယ် မြစ်ကြီးနား ဝိုင်းမော်
ဒေသသို့ ထွက်ခွါနေကြောင်း ကြားသိနေရသည်။ တပ်မတော်မှ စစ်မက်အင်
အားများစွာလည်း တိုက်ပွဲဖြစ်ပွါးရာဒေသသို့ တိုးမြှင့်ရောက်ရှိလာနေကြောင်း
မြေပြင်သတင်းများအရ သိရပါသည်။ ဤသို့မြေပြင်မှ လက်နက်ကြီးများဖြင့်
၎င်း လေကြောင်းတိုက်ခိုက်မှု များဖြင့်၎င်း ပေါင်းစပ်၍ ပြင်းထန်စွာတိုက်ခိုက်
နေသည်မှာ ယခုအချိန်ဆိုလျင် ၃ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ယခုအထိ
တော့ ဂီဒွန်စခန်းတွင် KIA တို့ ခုခံတိုက်ခိုက်နိုင်စွမ်းရှိနေသေးသည်ကို တွေ့ရ
သည်။ မတ်စောက်သော ဂီဒွန်တောင်ကုန်း၏ မြေအနေအထားသည် KIA
တို့ ခံစစ်ဆင်နိုင်ရန်အတွက် သဘာဝကပေးသည့် အားသာချက်ဟု ဆိုရပါ
မည်။သို့သော် တပ်မတော်ကလည်း ထိုးစစ်ဆင်တိုက်ခိုက်မှု ကို ရပ်တန့်ခြင်း မရှိသေးရာ ဂီဒွန်တောင်ကုန်း၌တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာဖြစ်ပွါးနေ ဆဲဖြစ်သည်။
အချက်အခြာလော ဂုဏ်သိက္ခာလော
ဤမျှ အချိန်ကြာမြင့်စွာ ဂီဒွန်တောင်ကုန်းအား တိုက်ခိုက်နေပေရာ
အဘယ်ကြောင့် တိုက်ခိုက်နေရသနည်း ၊ ထိုဂီဒွန်စခန်း၏အရေးပါမှု မည်မျှ ရှိသနည်းဆိုသည့် အချက်မှာ စိတ်ဝင်စားဘွယ်ရာဖြစ်သည်။ တပ်မတော်၏
သတင်းထုတ်ပြန်ချက်အရ ဗန်းမော် မြစ်ကြီးနားကားလမ်းလုံခြုံ ရေး စိုးမိုး
ထားနိုင်ရေးအတွက် ကားလမ်း၏ အရှေ့ဘက်တောင်ကြောရှိ KIA ဂီဒွန်
စခန်းအား တိုက်ခိုက်သည်ဟု ယူဆရဘွယ်ရှိသည်။
တကယ်တော့ အဆိုပါ အင်ခရမ်ဘွမ်တောင်ကြော၏ တောင်ဘက်
တောင်ထိပ်တွင် အင်္ဂလိပ်ခေတ်ကာလကပင် ခံတပ် တည်ဆောက်ထားပြီး
ယခုအခါ တပ်မတော်က တပ်စွဲထားသည်။ ဂီဒွန်စခန်းအား အထက်စီးက
စိုးမိုးထားသည်ဟု ဆိုနိုင်သည်။ သို့သော် ၎င်းကာဂန်ဘွမ်ထက် ပေ ၇၀၀ ကျော်နိမ့်သော ဂီဒွန်စခန်းက ဒဘတ်ခ ချောင်းဘက်ခြမ်းမှတဆင့် မလန်းယန်
ဒဘတ်ယန်၊ ဂါရာယန်၊ ကဇူး စသည့် ဗန်းမော် မြစ်ကြီးနားကားလမ်း
ကြောင်း တလျှောက်အား လှု ပ်ရှားစိုးမိုးနိုင်သည်ကို ဟန့်တားဖြတ်တောက် နိုင်ရန် ရည်ရွယ်ပုံရသည်ဟု သုံးသပ်ရပါသည်။
ထို့ပြင် ကာဂန်ဘွမ်၏အရှေ့ဖက် ၆ ကီလိုမိုင်ခန့်အကွာတွင်ရှိသော
ပွို င့် ၁၃၇၉ ဆမား တဖန်၎င်းဆမားမှ အရှေ့စုစူး တရုတ်နယ်စပ်အထိ ၅ ကီ လိုမိုင်အရောက်တွင် တရုတ်နယ်စပ်သို့ ရောက်ရှိပြီဖြစ်သည်။ ထိုလမ်း
ကြောင်းအား တပ်မတော်မှ ထိမ်းချုပ်ထားနိုင်ရေးအတွက် ဂီဒွန်တောင်ကုန်း
သည် အရေးပါနေ၍လော စဉ်းစားဘွယ်ဖြစ်သည်။ ဗန်းမော် မြစ်ကြီးနား
ကားလမ်း မလန်းယန်တောင်ဖက် ၆ ကီလိုခန့်အကွာမှ အရှေ့စူစူး ကားလမ်း
မှ ၆ ကီလိုမိုင်ခန့်အကွာရှိ ကာဂန်ဘွမ် ၎င်းမှ ဆမားနှင့် တရုတ်နယ်စပ်ထိ
စုစုပေါင်း ၁၇ ကီလိုမိုင်ခန့်လမ်းကြောင်းအား တပ်မတော်က ချု ပ်ကိုင်နိုင်ရန်
ရည်ရွယ်ချက်ထားရှိ၍လော စဉ်းစားဘွယ်ဖြစ်သည်။
ထိုလမ်းကြောင်းအား ချုပ်ကိုင်နိုင်ပါက KIA တပ်မဟာ ၅ အား အလယ်မှ ပိုင်းခြားနိုင်သည့်ပြင် KIA ဗဟိုဌာနချု ပ် လိုင်ဇာနှင့် မြောက်ပိုင်းရှိ KIA တပ်မဟာ ၁ / တပ်မဟာ ၇ တို့အား ဖြတ်တောက်ပိတ်ဆို့ရန် ရည်ရွယ် သည်လောစဉ်းစားဘွယ်ဖြစ်သည်။ ဤသို့နှင့် KIO/KIA ဌာနချုပ် လိုင်ဇာအား ချိနဲ့သွားစေရန် ရည်ရွယ်ပုံသည်ဟုဆိုရမည်။ ဂီဒွန်စခန်းနှင့် လိုင်ဇာမှာ ၂၃ မိုင်ခန့်ကွာဝေးသည် ဖြစ်ရာ လိုင်ဇာဌာနချုပ်အားတိုက်ရိုက်ခြိမ်းခြောက်ခြင်း မဟုတ်ဟူ၍တော့ဆိုနိုင်ပါသည်။ လိုင်ဇာဌာနချု ပ်အား ထိန်းချုပ်နိုင်သည့်
ခါယာဘွမ်အား ၂၀၁၁ စစ်ပွဲကာလက တိုက်ခိုက်သိမ်းပိုက် ထိမ်းချုပ်ထားပြီး
ဖြစ်သည်။
KIA အတွက်လည်း မြစ်ကြီးနား ဗန်းမော်ကားလမ်းအား စိုးမိုးနိုင်ရေး
နှင့် ကချင်ပြည်နယ်မြောက်ပိုင်းရှိတပ်များနှင့်  လိုင်ဇာဌာနချုပ်ဆက်သွယ်ရေး
အတွက် အရေးပါသော စခန်းတခုအဖြစ် ရည်ရွယ်ချက်ထား၍ ကာကွယ်နေ
သည်ဟု သုံးသပ်ရပါသည်။
တခါတရံတွင်စစ်ပွဲများတွင် တွေ့ရတတ်သည်မှာ စခန်းတခုစွန့်လွှတ်ဆုံး
ရှုံးရသည်မှာ သို့မဟုတ် စခန်းတခုသိမ်းပိုက်၍မရသည်မှာ စစ်ပွဲဦးစီးသူများ
၏ဂုဏ်သိက္ခာ တပ်များ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေတတ်သည်။ တိုက်ပွဲ
ကြာမြင့်လာသည်နှင့်အမျှ တိုက်ပွဲ၏ရည်ရွယ်ချက်ထက် ဂုဏ်သိက္ခာနှင့်မာန်
မာနက ရှေ့ရောက်လာတတ်ပြီး စစ်ပွဲရပ်တန့်ရန် ခက်ခဲကာ အကျိုးမရှိ အချည်နှီးဖြစ်သောတိုက်ပွဲများ ဖြစ်နေတတ်ပေသည်။
အံ့သြဘွယ်မိုးရာသီစစ်ဆင်ရေး
ယေဘူယျအားဖြင့် မြန်မာနိုင်ငံကဲ့သို့ မိုးများသော နိုင်ငံများတွင် မိုးရာ
သီတွင် သွားလာလှု ပ်ရှားရန် ခက်ခဲလေ့ရှိသည်။ မိုးရာသီ၌ တောင်တန်းများ ပေါ်၌ ရွံ့ဗွက်များကြောင့် လမ်းလျောက်ရန် အဆင်မပြေသည့်အပြင် တောင်
တက်တောင်ဆင်းများတွင် လမ်းများချောနေသောကြောင့် တဗိုင်းဗိုင်းလဲကာ
ခရီးမတွင် လူပင်ပမ်းသည်။ ထို့ကြောင့်လည်း စစ်ဆင်ရေးများကို ပွင့်လင်း
ရာသီဟုဆိုလေ့ရှိသည့် အောက်တိုဘာလကုန်မှ နောက်နှစ် ဧပြီလကြားတွင်
ပြု လုပ်လေ့ရှိကြသည်။ ယခုအပြင်းအထန်ပြု လုပ်နေသော စစ်ဆင်ရေးမှာ
မိုးရာသီတွင်ဖြစ်၍ အံ့သြဘွယ်ဟု ဆိုရပါမည်။
မိုးရာသီစစ်ဆင်ရေးတွင် ခက်ခဲသည့် နောက်ပြသနာတခုမှာ မိုးရွာ
နေချိန် မိုးတိမ်ထူထပ်နေချိန် မြူ ဆိုင်းနေချိန်များတွင် မြေပြင်မှ လက်နက်ကြီး
များအတွက်ဖြစ်စေ လေကြောင်းပစ်ကူအတွက်ဖြစ်စေ မြင်ကွင်းမရှင်း၍ ပစ်
ခတ်ရန်ခက်ခဲသည့်အပြင် အချို့ အချိန်များတွင် လုံးဝပစ်၍ မရပေ။ လက်ရှိ ဂီဒွန်တိုက်ပွဲတွင်လည်း လက်နက်ကြီးပစ်မရသည့်နေ့ လေယဉ်များ ပစ်မရဘဲ
ပြန်လှည့်သွားရသည့် နေ့များမနည်းလှပေ။
မိုးရာသီတွင် အမိုးအကာမရှိသည့် တောတောင်ထဲတွင် စစ်သည်များ
အတွက် ထမင်းချက်စားရန်ပင်ခက်ခဲသည်။ ထိုပြင် စစ်သည်များသည် မိုးမိ
သည့်အပြင် ကတုတ်ကျင်းအတွင်း မြေကြီးပေါ်တွင် စိုစိုစွတ်စွတ် နေရသည့် အချိန်ကာလကြာပါက အဖျားအနာများပြားလာပြီး ထိခိုက်ဒဏ်ရာရသူထက်
ဖျားနာ၍ ဆေးရုံပို့ရသူက ပိုများလေ့ရှိသည်။ ခြောက်သွေ့ရာသီစစ်ဆင်ရေး တွင် ဤပြသနာမရှိချေ ။ သို့ဖြစ်ရာ ဤသို့သော အခြေအနေအောက်တွင် မိုး
ရာသီစစ်ဆင်ရေးတရပ်ကို နှစ်လကျော်ခန့် ပြု လုပ်နေသည်မှာ အံ့သြဘွယ်ဟု
ဆိုရပါမည်။
ငြိမ်းချမ်းရေးနှင့်ဂီဒွန်တောင်တိုက်ပွဲ
ဂီဒွန်တိုက်ပွဲကြာမြင့်လာသည်နှင့်အမျှ စစ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ
များကို မြစ်ကြီးနား၊ တနိုင်း၊ ဖါးကန့်၊ ကွတ်ခိုင်နှင့် ချင်းပြည်နယ် ဟားခါးနှင့်
ရန်ကုန်တို့တွင် ပြု လုပ်လာသည်ကိုတွေ့ရသည်။ ထို့အတူ စစ်ပွဲအရှိန်မြင့်လာ
သည့်အခါ အောက်တိုဘာလအတွင်း ပြုလုပ်သည့် NCA လက်မှတ်မထိုးသေး
သည့် အဖွဲ့များနှင့် ဆွေးနွေးပွဲတွင်၎င်း UPDJC ပူးတွဲဆွေးနွေးပွဲတွင်၎င်း တက်ရောက်သည့် UNFC ၏ ကိုယ်စားလည်အဖွဲ့ဖြစ်သော DPN တွင် KIA
ကိုယ်စားလည်များ ပါဝင်လာခြင်းမရှိတော့သည်ကို တွေ့ရသည်။
KIA သည် အခြား UNFC အဖွဲ့ဝင်များနည်းတူ NCA လက်မှတ်မထိုး
သေးသော်လည်း ဦးသိန်းအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
များကို တာဝန်ယူသည့် ဦးအောင်မင်းခေါင်းဆောင်သည့် UPWC ပြည်ထောင်
စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် ၂၀၁၃ ခုနှစ် မေလ
၃၀ ရက်နေ့တွင်၎င်း ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင်၎င်း သ
ဘောတူညီချက် ၂ ကြိမ် လက်မှတ်ရေးထိုးပြီးဖြစ်သည်။
ထိုနှစ်ကြိမ်စလုံးတွင် ဦးသိန်းစိန်အစိုးရဖက်မှ ဦးအောင်မင်း
( UPWC) ခေါင်းဆောင်ပြီး တပ်မတော်မှ ကစထမှူး ဒုဗိုလ်ချု ပ်ကြီးမြင့်စိုး
ကချင်ပြည်နယ်ဝန်ကြီးချု ပ် လဂျွန်ငန်ဆိုင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်
တိုင်းမှူးတို့ပါဝင်ခဲ့ပြီး KIO/KIA ဖက်မှ အဖွဲ့ခေါင်းဆောင် ဆလန်ကဘာ
ဆွမ်လွတ်ဂမ် ဗိုလ်ချုပ်ဆွမ်လွတ်ဂွန်မော် တို့ပါဝင်ခဲ့သည်။ ထို့ပြင်အသိသက်
သေအဖြစ် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလည်များအပြင်
ကုလသမဂ္ဂကိုယ်စားလည် တရုတ်ပြည် အာရှရေးရာ အထူးကိုယ်စားလည်
တို့ပါ အသိသက်သေအဖြစ်ပါဝင်လက်မှတ်ရေးထိုထားခဲ့သည်။
လက်ရှိ NLD အစိုးရအနေနှင့် ယခင်အစိုးရ ချုပ်ဆိုခဲ့သော NCA
ကို ဆက်ခံသည့်နည်းတူ ယခင်အစိုးရပြု လုပ်ထားခဲ့သည့် သဘောတူညီချက်
များကို ဆက်ခံရန်လိုအပ်ပေမည်။ NCA မထိုးနိုင်သေးသည့် အဖွဲ့များကို
ရှိပြီးသား သဘောတူညီချက်များ ခိုင်မြဲစေသည်မှတဆင့်ပြီးတဆင့်တက်လှမ်း
စေရန်လိုအပ်မည်။ ယခုအခြေအနေကတော့ အတန်ငယ် နောက်သို့ ပြန်လျှော
ကျနေသည်ဟုဆိုရပါမည်။
ထို့ပြင် ဂီဒွန်တိုက်ပွဲအား မြေပြင် ဝေဟင်ပစ်ကူများဖြင့် ပြင်းထန်စွာ
ဖြစ်ပွါးနေသည်မှာ နှစ်လကျော်ကြာမြင့်လာသော်လည်း NLD အစိုးရအနေနှင့်
တစုံတရာ မှတ်ချက်ပြု မပြောဆိုခြင်းနှင့် အကဲခတ်များသာမက ပါဝင်ပတ်
သက်နေသူအားလုံး သို့လောသို့လောနှင့် မချင့်မရဲဖြစ်နေကြသည်။ ၂၀၁၆
နိုဝင်ဘာ လဆန်းတွင် UNFC ၏ DPN ကိုယ်စားလည်အဖွဲ့နှင့် ငြိမ်းချမ်းရေး
ကော်မရှင် တို့ NCA လက်မှတ်ထိုးရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် ရက်သတ်မှတ်ထားသည်။ UNFC အဖွဲ့ဝင် KIA ၏ ကိစ္စလည်း ပါဝင်မည်ဖြစ် သည်။
သို့သော် လက်ရှိဖြစ်ပွါးနေသော စစ်ပွဲအခြေအနေအရ အမျိုးသား
ရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန NRPC အနေနှင့် KIO ကိုယ်စား
လည်အဖွဲ့နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးရန် လိုအပ်မည်ဟု သုံးသပ်ရသည်။
NLD အစိုးရအနေနှင့် ယခင် အစိုးရ ပြု လုပ်ခဲ့သော NCA သဘောတူညီချက်
ကို ဆက်လက်သယ်ဆောင်သကဲ့သို့ ယခင်အစိုးရ ပြုလုပ်ခဲ့သည့် KIO/KIA
နှင့် သဘောတူညီချက်များ ဆက်လက်သယ်ဆောင်ရန် လိုအပ်ပေမည်။
မှတ်တိုင်တခုဖြစ်သွားသော ဂီဒွန်
မည်သို့ဆိုစေ ဂီဒွန်သည် ကွန်လုံ ဟိုက်ကဘား ၊ စီစီဝမ်တာပန်ကဲ့သို့
ပင် ရက်ရှည်ဖြစ်ပွါးသည့် တိုက်ပွဲတခုအဖြစ် မှတ်တိုင်တခုဖြစ်သွားခဲ့ပေပြီ။
NCA ဆိုသည်မှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဖြစ်
ပေရာ တနိုင်ငံအပစ်အခတ်ရပ်ရန်လိုသည်။ သို့မှသာ NCA ဟုဆိုနိုင်ပေမည်။
နိုင်ငံရေးသဘောတူချက်ရယုရန် စစ်ရေးဖိအားပေးခြင်းသည် ယုံကြည်ချက်
ပျက်ပြားပြီး အဆိုးဖက်ကို ဦးတည်စေနိုင်သည်ကို သတိပြုရန်လိုအပ်ပါသည်။
အလားတူပင် ဂီဒွန်အားလည်း စစ်ပွဲ၏မှတ်တိုင်တခုအဖြစ်မှ ငြိမ်းချမ်း
ရေးဆီသို့ တဆင့်တက်လှမ်းနိုင်သည့် မှတ်တိုင်တခု ဖြစ်စေလိုပါသည်။ ဂီဒွန်တောင်ထိပ်တွင် ငွေဂျိုးဖြူ ကူစေလိုပါသည်။
ပြီးပါပြီ
Mg Mg Soe ( မောင်မောင်စိုး )
photo credit မူရင်းပိုင်ရှင်
LikeShow more reactions
Comment