Tuesday, October 15, 2013

"Turn in your arms. The government will take care of you" xxxx no XXX no xxx

 
အမေရိကန်အင်ဒီယန်းတွေက ပေးတဲ့ သင်ခန်းစာ
========================

"Turn in your arms. The government will take care of you" ( အစိုးရထံ လက်နက်တွေ အပ်နှံရင်.. လိုအပ်သမျှ ကိစ္စအဝဝကို အစိုးရ တာဝန် ယူမည်။ )

အမေရိကားမှာ တချိန်က ဒေသခံအင်ဒီယန်း တိုင်းရင်းသားများ နောက်မှ ဝင်ရောက်လာတဲ့ ဥရောပ လူဖြူတွေရဲ့ ကျးကျော် နယ်ချဲ့လာနေမှုကို ရရာလက်နက် ဆွဲကိုင်တော်လှန် ခဲ့ကြတယ်။

လူဖြူများဟာ အင်ဒီယန်း တို့ရိုးသားမှုကို အခွင့်ကောင်းယူကာ တရားဝင် ချုပ်ထားတဲ့ စာချုပ်ပေါင်းမြောက်များစွာကို အကြိမ်ကြိမ် ချိုးဖောက် လိမ်ဆင်ခဲ့တာကြောင့် ဒေသခံ/နယ်မြေခံတို့ လူမျိုးပျောက်၊ ကိုယ်ပိုင်ဒေသ ပျောက်ဖြစ်ခဲ့ရတယ်။

လက်နက်ကိုင်ခဲ့တဲ့ အင်ဒီယန်း လူမျိုးစု အချို့သည်ပင် ဥာဏ်များတဲ့ ဥရောပလူဖြူကို အယုံမှားကာ "လက်နက်နဲ့ ငြိမ်းချမ်းရေး" လဲလှယ်ခဲ့တာကြောင့် ယနေ့ အမေရိကား US ဟာ လူဖြူကြီးစိုးတဲ့ နိုင်ငံလုံးလုံး ဖြစ်လာခဲ့တယ်ဆိုတာ ငြင်းမရတဲ့ သမိုင်းအဖြစ်အပျက်တွေ ဖြစ်တယ်။

ညီနှောင်တိုင်းရင်းသားအပေါင်းတို့ သင်ခန်းစာ ယူနိုင်ကြပါစေ။...

အင်ဂွန်ဂျာဝါ

ဓာတ်ပုံ။ ။ "Turn in your arms. The government will take care of you" အစိုးရထံ လက်နက်တွေ အပ်နှံရင်.. လိုအပ်သမျှ ကိစ္စအဝဝကို အစိုးရ တာဝန် ယူမည်။