Thursday, October 3, 2013

သဘာဝဓာတ်ငွေ့ပိုက်လိုင်း နှင့် အပြိုင် တရုတ်ဖောက်လုပ်မည့် ကျောက်ဖြူ - ကူမင်း ရထားလမ်းစီမံကိန်း နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက် လာနိုင် ဟုဆို


ကျော်ဇေယျ

ရန်ကုန် ၊ အောက်တိုဘာ ၂ ။ ။ ရွှေ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် အပြိုင် တရုတ်နိုင်ငံကဖောက်လုပ် မည့် ကျောက်ဖြူ-ကူမင်းရထား လမ်းစီမံကိန်းသည် နိုင်ငံ၏အချုပ် အခြာအာဏာကို ထိခိုက်လာ နိုင် ကြောင်း ရွှေသဘာဝဓာတ်ငွေ့ စောင့်ကြည့်ရေးအဖွဲ့၏ သတင်း စာရှင်းလင်းပွဲကို တက်ရောက် လာသည့် လူမှုအဖွဲ့အစည်းတစ်ခု ၏ထောက်ပြပြောကြားမှုအရသိ ရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သည် ရထားလမ်းမကြီးများ ဖောက်လုပ်ပေးပြီး အိမ်နီးချင်း နိုင်ငံများကို စစ်ရေးနှင့် နိုင်ငံရေး ကျူးကျော်ခဲ့သည့်ဖြစ်ရပ်များ ကို ထောက်ပြပြီး အဆိုပါလူမှုအဖွဲ့အ စည်းက ယခုသဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့်ယှဉ်ပြီး တရုတ်နိုင်ငံ ကဖောက်လုပ်ပေး မည့် ကျောက် ဖြူ-ကူမင်းရထားလမ်းကို ထောက် ပြပြောခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၃၀ ရက်က တော်ဝင်နှင်းဆီ ၌ ပြုလုပ်သည့် ရွှေဂက်စ် ပိုက်လိုင်း စောင့်ကြည့် အဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာ သည့် မြန်မာ့အ စိမ်းရောင်ကွန်ရက်မှ ဦးစောမိုး မြင့်က ''တရုတ်နိုင်ငံက ရထားလမ်း ဖောက်ပြီးတော့ အိမ်နီးချင်းနိုင်ငံ ကို စစ်ရေးအရရော၊ လူမှုရေးအရ ကျူးကျော်ခဲ့တာတွေရှိပါတယ်'' ဟု ဦးစောမိုးမြင့်က ဂက်စ်ပိုက် လိုင်းနှင့်အပြိုင်ဆက်လက်ဖောက် လုပ်မည့် ရထားလမ်း၏နောက် ဆက်တွဲဖြစ်နိုင်ခြေတစ်ခုကို ထောက်ပြခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပြောကြားရာတွင် အစိမ်းရောင်ကွန်ရက် လူမှုအဖွဲ့ အစည်းက ၁၉၆၂ အိန္ဒိယ-တ ရုတ်စစ်ပွဲတွင် လမ်းခရီးခက်ခဲမှု ကြောင့် တရုတ်တို့စစ်ရေး အထိ နာခဲ့မှုနှင့် အိန္ဒိယနယ်စပ်ကို ရထား လမ်းရောက်ရှိနိုင်ရန် ၂၀၀၆ ခုနှစ် တွင် တရုတ်နိုင်ငံက တိဗက်နိုင်ငံ ဖွံ့ဖြိုးရေးကိုအကြောင်းပြဖောက် လုပ်ပေးခဲ့သည့် ရထားလမ်း ကြောင့် ရထားလမ်းပြီးဆုံးသည့် ယနေ့အချိန် တွင် တိဗက်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လူမျိုး ရေးထိခိုက်မှုဆုံးရှုံး မှုများကို ထောက်ပြပြော ဆိုသည်။

ဦးစောမိုးမြင့်က ''တိဗက် ကို ရထားလမ်းဖောက်ပေးခဲ့တဲ့ နောက်ကွယ်မှာ နိုင်ငံရေးကစား ကွက်တွေ အများကြီးရှိပါတယ်။ ၁၉၆၂ခုနှစ် အိန္ဒိယ-တရုတ်စစ် ပွဲမှာ တရုတ်နိုင်ခဲ့တယ်ဆိုပေမယ့် အိန္ဒိယတစ်ဦးဆို တရုတ်သုံးဦးကျ ဆုံးခဲ့တာမျိုးနဲ့ နိုင်ခဲ့တာပါ။ ဒါက ရထားလမ်းမရှိတဲ့အတွက် စစ် လက်နက်ပစ္စည်းမသယ်နိုင်တဲ့အ ချက်လဲပါဝင်ပါတယ်။ တိဗက်ကို ဖောက်ပေးတဲ့ရထားလမ်း နောက် ကွယ်ကိုပြန်ကြည့်ရင်လဲ ရထား လမ်းမဖောက်မီ တိဗက်နိုင်ငံမှာ အခြားလူမျိုးက ရှစ်ရာခိုင်နှုန်းနဲ့ ကျန်တာတိဗက်လူမျိုးတွေပါ။ အ ခုရထားလမ်းပြီးချိန်မှာ တိဗက် နိုင်ငံမှာတရုတ်လူမျိုးရာခိုင်နှုန်း ၂၀ နီးပါးရောက်လာပါပြီ''ဟု ၂၀၀၆ ခုနှစ်က တိဗက်ကိုတရုတ်နိုင်ငံက ဖောက်လုပ်ပေးခဲ့သည့် ရထားလမ်း နောက် ကလူမှုဘဝဖြစ်ပျက်မှုများ ကိုထောက်ပြပြောသည်။

''နောက်တစ်ခုက ရထား လမ်းဖောက်ပေးပြီးတဲ့နောက်ပိုင်း အခုချိန်မှာ တရုတ်တူးနေတဲ့ တိ ဗက် သယံဇာတတူးဖော်ရေးလုပ် ငန်းတွေဆိုတာ အများကြီးတူး ဖော်လုပ်ကိုင်နေတာပါပဲ။ တိဗက် ရဲ့ သဘာဝပတ် ဝန်းကျင်ကလဲ ပျက်စီးကုန်ပါပြီ''ဟု ယင်းကဆက် လက်ပြောသည်။

အဆိုပါလူမှုကွန်ရက်က လက်ရှိမြန်မာတွင် တရုတ်နိုင်ငံက ဆောက်လုပ်ပေး မည့် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့် အပြိုင် ဖောက်လုပ်မည့် အနှစ် ၄ဝဘီအို တီရထားလမ်းစီမံကိန်းကြောင့် မြန်မာနိုင်ငံကိုစီးဝင်လာမည့် တရုတ် လူမျိုးများ၏အနေအထားကို ဆက်လက်သုံးသပ်ပြောသည်။

ဦးစောမိုးမြင့်က ''ဒီရထား လမ်းကို ဖောက်လုပ်မှာက အရင်း ကျေစနစ်နဲ့ လုပ်မှာ။ သူတို့အရင်း ကျေမှ အစိုးရကိုလွှဲမှာ။ အဲဒီအ တွက်ကြာချိန်က အနှစ် ၄ဝလောက် ရှိပါမယ်။ ဒါဆိုရင်ဒီနှစ် ၄ဝလုံးမှာ ဒီရထားကို တရုတ်တွေ စီးနေဦး မှာ။ အနည်းဆုံးရထားလမ်းဖောက် ချိန်မှာကို တရုတ် လူမျိုး ၁၀၀၀၀ လောက်က မြန်မာနိုင်ငံကို ဝင် ရောက်လာမှာပါ''ဟု ပြောသည်။

အဆိုပါ ရွှေသဘာဝဓာတ် ငွေ့ပိုက်လိုင်း စီမံကိန်းသည် မြန် မာနိုင်ငံ၏ ခါးလယ်မှဖြတ်ဖောက် ထားသည့် သဘာဝဓာတ်ငွေ့ပိုက် လိုင်းစီမံ ကိန်းဖြစ်ပြီး ယင်းပိုက် လိုင်းနှင့်အပြိုင် ကျောက်ဖြူ-ကူ မင်းရထားလမ်းနှင့် ကားလမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၃ဝရက်က ကျင်းပသည့် ရွှေသဘာဝ ဓာတ် ငွေ့ပိုက်လိုင်း ဆိုင်ရာ ဆွေးနွေးပွဲ နှင့် အနာဂတ်မြန်မာစီမံကိန်းများ ပွင့်လင်းမြင်သာရေး သတင်း စာ ရှင်းလင်းပွဲ ကို ရွှေသဘာဝဓာတ် ငွေ့ပိုက် လိုင်း ဖြတ်သန်းထား သည့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တ လေးတိုင်းနှင့် ရှမ်းပြည်နယ် (မြောက် ပိုင်း)ဒေသများမှ အရပ်ဘက်လူမှု အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

Link =>http://goo.gl/OoyclV