Tuesday, October 29, 2013

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးပြဿနာကို ရှောင်လွှဲမနေသင့်ဟု KIO ဥက္ကဋ္ဌ အထိမ်းအမှတ်နေ့တွင် ပြောကြား

နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံရေးကြောင့်ဖြစ်ပေါ်နေသော ပြဿနာများအားဖြေရှင်းရာတွင် ရှောင်လွှဲနေခြင်းကြောင့် တိုင်းရင်းသားများနေထိုင်ရာဒေသတို့တွင် တော်လှန်ရေး ခရီးကြာရှည်နေခြင်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO (၅၃) နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် KIO ဥက္ကဋ္ဌဇောင်းဟရား မိန့်ခွန်း ပြောကြားခဲ့သည်။

“KIO အမှုဆောင်အရာရှိများအားလုံး နိုင်ငံရေးအမြင်တူညီရန် အဓိကအရေးကြီးကြောင်း၊ KIO အနေဖြင့်ပြည်တွင်းတွင်ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများအားနိုင်ငံရေးဖြင့်ဖြေရှင်းရန် မျှော်လင့်ချက်ဖြင့် နိုင်ငံရေးဆွေးနွေးမှုအဆင့်ရောက်ရှိရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အပစ်အခတ်ရပ်စဲရေးကိစ္စဆောင်ရွက်ရန်မှာ နိုင်ငံတော်အစိုးရတာဝန်ယူထားသူများ၏တာဝန်ဖြစ်သောကြောင့် တရားဝင် အပစ်အခတ်ရပ်စဲရေးအားကြေညာပြီးတိုင်းရင်းသားများနေထိုင်ရာဒေသရှိ တပ်စခန်းများအား ရုပ်သိမ်းပေးရန် တာဝန်ရှိကြောင်း” မိန့်ခွန်းတွင်ပါရှိသည်။
Read more+++Click on link  Kachinnews