By-FB-ခွန် ဒီးယမ်'s photo.
လိုင်ဇာထိပ်သီးအစည်းဝေးပွဲကို
မိုးထိပျံတက် လှိုက်လှဲဝမ်းသာစွာ ဒီးယမ် ကြိုဆိုလိုက်ပါတယ်.... လွန်ခဲ့တဲ့
နှစ်နှစ်ကျော်အတွင်း ကျားကုတ်ကျားခဲ အမှန်တရားတွက် အလျှော့မပေးစတမ်း မားမားမတ်မတ်ရပ်တည် အနစ်နာခံပေးခဲ့ကြတဲ့ KIO/ KIA
အဖွဲ့ကြီးရဲ့ကျေးဇူးဟာ မြန်မာ့သမိုင်းမှာ အမြဲ
မော်ကွန်းဝင်သွားတော့မှာပါ..... ကချင်လူမျိုးများအားလုံးတွက် အရမ်း
လေးစားဂုဏ်ယူမိတယ်... ။ ဒါဟာ ပြည်ထောင်စုရပ်တည်နိုင်ရေးအတွက် ကချင်လူမျိုးတွေရဲ့ ဒုတိယအကြိမ် စွမ်းဆောင်မှုပေါ့။ ဒီကျေးဇူးတွေကို ဘယ်တော့မှ မေ့လို့ရတော့မယ် မထင်ဘူး။
============================== ===========
အစိုးရ၏
တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပွဲအပေါ် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့များ အားလုံး၏ သဘောထား ရရှိရန် ယခု လကုန် ပိုင်းတွင်
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ဗဟိုလိုင်ဇာ ဌာန ချုပ်၌ စုပေါင်း
ဆုံးဖြတ်ရန် ရှိသည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ
(UNFC) ၏ ပြောရေး ဆိုခွင့် ရှိသူ အတွင်းရေးမှူး (၂) ခွန်ဥက္ကာက ဆိုပါသည်။
“လာမည့် အောက်တိုဘာ (၂၅) နဲ့ (၃၁) ကြားမှာ လုပ်မယ်။ အားလုံး အဖွဲ့ (၁၇)
ဖွဲ့ က ထိပ်သီး တွေကိုဘဲ ဖိတ်ထားတယ်။ UNFC (၁၂) ဖွဲ့ တွေ အပြင် အဖွဲ့ဝင်
မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံး ကိုပါ ဖိတ်ထား လိုက်တာ
ဖြစ်တယ်။ အချိန်တို အတွင်းမှာ ဆုံးဖြတ်ချက် ပေးနိုင်မယ်။ ဘာကြောင့်လဲ
ဆိုတော့ UNFC ထိပ်သီး မှာလည်း သဘောတူ ထားပြီး သားပါ”ဟုဆိုပါသည်။
KIO သည် အပစ်အခတ် ရပ်စဲ ရေးထက် နိုင်ငံရေး ဆွေးနွေး မှုကို လိုလားခြင်း
အပြင် နိုင်ငံရေး ဆွေးနွေးမှု များကိုလည်း တိုင်းရင်းသား အားလုံး ပါဝင်
လာနိုင် ရေးကို အစဉ် ကြိုးပမ်း နေသည့် အဖွဲ့ ဖြစ်ပါသည်။ ဤသို့ကြောင့်
အစိုးရ၏ တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ် ထိုးပွဲ အပေါ် အပြီးသတ် သဘော
ထားကို လိုင်ဇာ၌ ဆွေးနွေးမည် ဖြစ်ကြောင်း UNFC အဖွဲ့ဝင် များ၏
အဆိုပြုချက်ကို KIO မှ လက်ခံခြင်း ဖြစ်သည်ဟု ဆရာ ဒေါင်းခါးက ဆိုပါသည်။
KIO ၏ အနစ်နာ ခံမှုသည် တိုင်းရင်းသား များအပေါ် ကြီးစွာ အကျိုး သက်ရောက်
စေခဲ့ဟု UNFC အဖွဲ့ဝင် များက ခံယူ သည်ဟု ဆိုပါသည်။ ဤသည်ကို အသိအမှတ် ပြုသော
အားဖြင့် လည်းကောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ် မှုကို KIO အား
စံထားသော အားဖြင့် လည်းကောင်း ဤသမိုင်းဝင် ဘုံသဘော တူညီချက် ရရှိ ရေးကို
လိုင်ဇာ၌ ဆွေးနွေး စေလိုပြီး ကြေညာ စာတမ်း မှတ်ကျောက် အဖြစ် ဂုဏ်ပြု
လိုက်ခြင်းပင် ဖြစ်ပါသည်။
-------------------------------
အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့၏ မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်ထိ သုံးရက်ကြာ
ဆွေးနွေးမှုသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ဆွေးနွေးမှု၏ အဓိကရလဒ်အဖြစ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် KIO ပါဝင်နိုင်ရေး ကြိုးပမ်းသွားမည်ဟု ဆိုထားသည်။ အလားတူပင် အပစ်အခတ်ရပ်စဲနိုင်ရေး၊ စစ်ပြေး ဒုက္ခသည်များအရေးတို့ကိုလည်း ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အာ မခံချက်ပေးနိုင်မည့် သဘောတူညီချက် များလည်း ရရှိခဲ့ကြသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေးမှ တစ်ဆင့်တက်ကာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ရှိနေရာ တိုင်းရင်းသားခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ ကချင်လွှတ်တော် ကိုယ်စားလှယ်တို့က အစိုးရနှင့် KIOတို့၏ ဆွေးနွေးချက်များအပေါ် ထင်မြင်ချက် များ၊ ငြိမ်းချမ်းရေးအတွက် လိုအပ်ချက်များ၊ ဆက်လက် လုပ်ဆောင်ရန် ရှိသည်များကို မဇ္ဈိမ သတင်း ထောက် နန်းလွင်နှင်းပွင့်က စုစည်း တင်ပြပေးထားပါသည်။
ဦးလမိုင်ဂွမ်ဂျာ
ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့
“တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးမှာ KIO အနေနဲ့ တက်မယ် မတက်ဘူး၊ ပါမယ် မပါဝင်နိုင်ဘူး ဆိုတာက အစိုးရဘက်ကပေးပို့မယ့် အခြေခံမူတွေအပေါ်မှာ မူတည်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသား ခေါင်းဆောင်
တွေနဲ့ တွေ့မယ်၊ အပြီးသတ် ဆွေးနွေးပွဲမှာ KIO ကို ဖိတ်ခေါ်ထားတော့ တစ်ခါ တည်းနဲ့ သေချာခိုင်မာတဲ့၊ ယုံကြည် ရတဲ့ လက်မှတ်ရေးထိုးပွဲ ဖြစ်ချင်တယ်။ အဲ့တော့ တတ်ရောက်ဖို့ စီမံ ချက်တစ်ခု လုပ်ဖို့လိုတယ်၊ အဲ့စီမံချက်ကို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ အကောင်အထည်ဖော်သွားမယ်၊ အခြား တိုင်းရင်းသား
ခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းမယ်”
နိုင်ဟံသာပွမ်န်ခန်းမ်
မဟာမိတ်နှင့် နိုင်ငံခြားရေးရာဌာန တာဝန်ခံ၊ မွန်ပြည်သစ်ပါတီ
“အဓိက တိုင်းရင်းသားတွေ လိုချင်တာက စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ တကယ်ကို ယုံကြည်မှုရဖို့ပါ၊ ကျွန်တော် တို့တွေကတော့ UNFC မှာ ပါဝင်နေတဲ့အတွက် UNFC ရဲ့ လမ်းကြောင်းတွေအတိုင်း သွား မယ်၊ UNFC က တစ်ပြည်လုံး လက်မှတ်ထိုးရေးနဲ့ ပတ်သတ်ပြီး အချက်အလက်တွေ စုဆောင်းထားတာတွေလည်း ရှိတယ်၊ အဲ့ဒီ့မှာ တိုင်းရင်းသားအဖွဲ့တွေ ဘုံသဘောတူညီထားတဲ့ အချက်တွေလည်း ရှိတယ်၊ တကယ့်လတ်မှတ်ထိုးပွဲမလုပ်ခင် တိုင်းရင်းသားအဖွဲ့အစည်းတွေ အကုန်ဆုံပြီး အသေးစိတ် ထပ်ဆွေး နွေးမယ်၊ ကျွန်တော်တို့ တိုင်းရင်းသားတွေ ကတော့ သဘောထားတွေ၊ခံစားချက်တွေ တူတာများပါတယ်၊ လက်မှတ်ထိုးဖို့ကိုတော့ သေချာတက်ဖြစ်ကြမယ်၊ မတက်ဖြစ်ဘူး အတိအကျ မပြောနိုင်သေးပါဘူး”
ရဲဘော်သံခဲ
ကျောင်းသားတပ်မတော် ABSDF ဥက္ကဋ္ဌ
“တစ်တိုင်းပြည်လုံးအတိုင်းအတာ ဆွေးနွေးမှုမှာ ကျောင်းသားတပ်မတော်က ပါဝင်နေတယ် ဆိုပေမယ့် ကျွန်တော်တို့ လည်း နှစ်ဘက် ဆွေးနွေးပွဲတွေနဲ့ ညှိနှိုင်းရဦးမှာတွေကလည်း ရှိနေပါသေးတယ်၊ ကျွန်တော်တို့ အင်အားစုတွေ အားလုံးကြားမှာ ရှင်းရှင်းလင်းလင်း တွေ့ဆုံဆွေးနွေးလို့ရမယ့် နိုင်ငံရေး အခင်း အကျင်းကတော့လိုတာပေါ့။ အဲ့ဒါမှ နောက်နိုင်ငံရေးတွေမှာ ပြင်ဆင်နိုင်မယ် အဲ့ဒီမှာလည်း ကျောင်းသား တပ်မတော်က ဆက်ပြီး ပါဝင်နေဦးမှာပါ၊ အစိုးရဘက်က ပြောနေတဲ့ တစ်တိုင်းပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ အတွက်
ပြောနေသလိုပဲ ညှိနှိုင်းဖို့ကို တိုင်းရင်းသား လက်နက် ကိုင်တွေ အဖွဲ့အစည်းတွေကြားမှာလည်း ဒီလိုပဲ ညီလာခံ
ဆွေးနွေးပွဲကြီး လုပ်ဖြစ်သွားဖို့ ရှိတယ်လို့တော့ ပြောချင်ပါတယ်”
ဦးလှမောင်ရွှေ
အကြီးတန်းအရာရှိ - မြန်မာ့ငြိမ်းချမ်းရေးဂေဟာ
“အားလုံးရဲ့ ရည်မှန်းချက်က နိုင်ငံရေးဆွေးနွေးပွဲကိုသွားဖို့ ကြိုးစားနေတယ်လို့ပဲ ကျွန်တော်တို့အနေနဲ့ ပြောချင် ပါတယ်၊ သမ္မတကြီးပြောသလိုပါပဲ။ ပဋိပက္ခဆိုတာက နိုင်ငံရေးဆွေးနွေးပွဲနဲ့ အဖြေရှာမှရမှာပါ၊ အဲ့တော့အခု KIOဘက်က တိုင်းရင်းသားတွေနဲ့ ထပ်ဆွေးနွေးမယ်ဆိုတာ နိုင်ငံရေးဆွေးနွေးပွဲကို အဆင့် တတ်ဖို့၊ တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပွဲမှာ ပါဝင်ဖို့ နည်းလမ်းတစ်ခုကို ရှာ တာပဲနေမှာပါ၊ သူတို့ဘက်က မလာနိုင်ဘူး၊ ငြိမ်းချမ်းရေး လက်မှတ်ထိုးပွဲကို မတတ်နိုင်ဘူးလို့ ပြောတာ မဟုတ်ပါဘူး၊ အစိုးရဘက်ကလည်း ကြိုးစားနေပါတယ်၊ အဲ့ဒါကြောင့်လည်း အခုလိုတွေ လက်မှတ်ထိုး တဲ့အဆင့်တွေ လုပ်လာနိုင်တာလို့ ပြောချင်တယ်”
ဦးစခုန်တိန့်ယိန်း
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်
တိုင်းရင်းသားတို့အနေနဲ့ မိမိတို့အလိုရှိတဲ့ တိုင်းရင်းသားအခွင့်အရေး၊ တန်းတူညီမျှရေး၊နိုင်ငံရေးအာဏာ အဆင့်လိုက် ခွဲဝေသုံးစွဲရေး စတဲ့ လိုလားချက်တွေကလည်း ဥပဒေဘောင်အတွင်းမှာ ရှိတာပဲ အကောင်းဆုံးပါ၊ ဥပဒေဘောင် အပြင်ကနေ လုပ်မယ်ဆိုရင်တော့ တိုင်းရင်းသားတွေ လိုလားချက်ကို ရလာဖို့ အ ကြောင်းမရှိဘူးလို့ ပြောချင်ပါတယ်၊ အဲ့ဒါကြောင့် စစ်တွေကြားမှာ နစ်နာခဲ့တဲ့ ပြည်သူတွေကိုငဲ့ပြီး KIO အနေဖြင့် မိမိတို့လက်ကိုင်ထားတဲ့ တရားသေ မူဝါဒကို လှည့်ပြောင်းပေးစေချင်တယ်”

By http://www.mizzimaburmese.com/news/inside-burma/14795--kio-----.html