Tuesday, October 8, 2013

Negotiation under pressure..

မြစ်ကြီးနားတွင် ဆွေးနွေးနေချိန် ရှေ့တန်းတွင်ထိုးစစ်ပြင် လည်ပင်းကို တက်နင်း၍ ဆွေးနွေးခြင်း။

(by-Khon Ja)
အောက်တိုဘာလ ၈ ရက် - ၂၀၁၃

မြစ်ကြီးနားမြို့မှာ ကုလသမဂ္ဂ ကိုယ်စား နဲ့ ကိုယ်စားရဲ့ အတွင်းရေးမှူးအပါအ၀င် လူတအုပ်ကြီး ဆွေးနွေးရေးမှာ သက်သေ လုပ်နေကြတယ်။

ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ နန့်သဲ၊ နားအူကြီး နဲ့ နားအူလေး ကျေးရွာတွေရဲ့ အနီးအနားမှာ မြန်မာ့တပ်မတော်က အလုံးအရင်းနဲ့ နေရာယူထားတယ်။
ကေအိုင်အေတပ်မတော်သားများကလည်း အဆင်သင့်စောင့်နေတယ်။

တိုက်ပွဲတော့မစသေးဘူး။ သို့သော် ပြည်သူလူထု ထွက်ပြေးနေပြီ။

မန်စီမြို့နယ်က နှစ်ခြင်းခရစ်ယာန်အသင်းတောကစခန်းတွေမှာဝင်တယ်။ နေရာမဆန့်လို့ ဗန်းမော်မြို့ အ၀င်ဝ က ဖန်းခါးကုန်းရွာရဲ့ နှစ်ခြင်းခရစ်ယာန် အသင်းတော်ဝင်းထဲကို ၁၉၀ ယောက်ကျော် ၀င်နေပြီ။

မြစ်ကြီးနားက ဆွေးနွေးသံကို နားစွင့်နေကြတယ်။

The Kachin Independent Organisation and Union Peace Working Committee are talking at the table under observations of UN Representatives, Ethnic Armed Groups, and some other stakeholders now.. in Myitkyina, Kachin State, on the 8th October 2013.

There are large number of Govt Troops and the Kachin Independent Army troops are now face to face near Nar-Uu-Gyi village, Nar-Uu-Lay village and Man The village in Mansi township, Banmaw District, Southern Kachin State.

The villagers from these villages are now at this moment on the run, to safe place: Some join in the Kachin Baptist Convention's (KBC) compound in Mansi town and overcrowded already. Some 190+ just reach to KBC's another compound in Hpan-Hka-Kone village, just outside Banmaw town in Kachin state. Some are still on the way.

All are waiting for the news from Negotiation table in Myitkyina.
— with Jade Land  
ဒီတစ်ကြိမ်တော့ မြစ်ကြီးနား ဆွေးနွေးပွဲထက် စိတ်လှုပ်ရှားရတာက
မန်စီမြို့နယ်၊ နားအူကြီး၊ နားအူလေး၊ နန့်သဲ ရွာတွေက အခြေအနေ
တွေဖြစ်တယ်၊၊ စစ်တပ်က အလုံးအရင်းထိုးထားတယ်။ KIA ကလည်း
စောင့်နေတယ်။ IDP အများကြီး တိုးလာတယ်။ မန်စီမြို့နဲ့ ဗန်းမော်အထွက်က
ဖန်ခါးကုန်း ရွာတွေကို ၀င်လာတယ်။ မန်စီက အရေအတွက် မသိရသေးဘူး။
ဖန်ခါးကုန်းရွာကို ၀င်တာကအယောက်၁၉၀ ကျော်ပြီ။ တချို့ လမ်းမှာရှိနေတယ်။

“ တိုက်ရင်းလေ့ကျင့်၊ လေ့ကျင့်ရင်းတိုက် ”
“ တိုက်ရင်းစည်းရုံး၊ စည်းရုံးရင်းတိုက် ”

ဒီနည်းဟောင်းတွေကို ထပ်သုံးနေတယ်လို့ မြင်တယ်၊၊ ဒီတစ်ခါ ဒဲ့တော့မဟုတ်ဘူး၊၊

“ တိုက်ရင်း ဆွေးနွေး၊ ဆွေးနွေးရင်းတိုက် ”

ဆိုတော့ စစ်ခွေးတပ်ဟာ သူ့ပေါ်လစီနဲ့သူ၊ သူ့မူဝါဒနဲ့သူ၊ သူ့ strategy နဲ့သူဆိုတော့
MPC ... Nationwide Ceasefire ..... Reconciliation.... Federation Union......
ဆိုတာတွေက အပေါ်ယံဖြစ်ပြီး၊ တိုက်မြဲဆက်တိုက်နေဦးမယ့် သဘောဖြစ်တယ်၊၊
စစ်ခွေးတွေ လိုချင်တာ ငြိမ်ဝပ်ပိပြားလို့ အသံမထွက်တော့မယ့် ငြိမ်းချမ်းရေးဖြစ်တယ်
တန်းတူညီမျှ ဖြစ်နေရင် “ငြိမ်းချမ်းရေး” ဆိုတဲ့ စကားလုံးကို သုံးဖို့မလိုအပ်တာပါ....
ငြိမ်းချမ်းရေးကို ထည်လဲ သုံးနေရတာဟာ စစ်ပွဲဖြစ်နေရလို့ပါ၊၊ ဒို့တာဝန်သုံးပါးကို
အသက်နဲ့အမျှကာကွယ်စောင့်ရှောက်နေရတာဟာ နိုင်ငံရေး ပဋိပက္ခ ရှိနေလို့ပါ၊၊
နိုင်ငံရေး ပဋိပက္ခကို နိုင်ငံရေး အရ ဖြေရှင်းနိုင်ပါစေ၊၊ ငြိမ်းချမ်းရေးဆိုတဲ့ စကားမလို၊၊