Thursday, October 10, 2013

ဆွေးနွေးပွဲတရပ် KIO,ဌာနချုပ်လိုင်ဇာတွင်ကျင်းပမည်

Munglai Hkyet shared Lachid Kachin's photo.
 Myu Bawsang Yawng Shang Lawm Ai Zuphpawng Kaba LAIZA Kaw Galaw Na 
 
 ဦးသိန်းစိန်အစိုးရ ကျင်းပမည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ မတိုင်မီ တိုင်းရင်းသား အားလုံး ပါဝင်သော အကြို တိုင်းရင်းသားညီလာခံ ဆွေးနွေးပွဲ တရပ်ကို ကချင်လွတ်လပ်ရေးအဖွဲ့KIO,၏ ဦးဆောင်မှုဖြင့် KIO,ဌာနချုပ် လိုင်ဇာတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲ ကျင်းပရန် အစိုးရက ဤဆွေးနွေးပွဲ တွင် သဘောတူညီလိုက်ကြောင်း သတင်းရရှိပါသည်။ KIO, ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့တွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ပြည်ထောင်စုအဆင့် တိုင်းရင်းသားညီလာခံ အကြိုဆွေးနွေးပွဲ တရပ်ကို ကျင်းပခွင့် ပေးရန် အစိုးရထံ KIO မှ ယခုဆွေးနွေးပွဲတွင်တင်ပြလိုက်ပြီး ယင်းတင်ပြမှုအပေါ် အစိုးရက သဘောတူညီလိုက်ခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲ တွင်ပါဝင်တက်ရောက်နေသူ အမည်မဖော်လိုသည့် KIO အရာရှိတစ်ဦးထံမှ သိရှိရပါသည်။ သို့သော် KIO အနေနှင့် တိုင်းရင်းသား အားလုံးပါဝင်မည့် အပစ်ရပ်ရေး အကြိုဆွေးနွေးပွဲအကြောင်း အသေးစိတ် မနက်ဖြန် ဆွေးနွေးပွဲ ပြီးမှ အတည်ပြုထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ ဆွေးနွေးပွဲ ဒုတိယနေ့အထိ (၉.၁၀.၂၀၁၃)ရက်နေ့ အထိ အစိုးရ နှင့် KIO တို့ သည် တပ်နေရာချထားရေးဆိုင်ရာကိစ္စ နှင့် စစ်ပြေးဒုက္ခသည်များ အရေးတို့ အားအဓိကတရပ်အနေ နှင့် ဆွေးနွေး ခဲ့ကြသော်လည်း ဆွေးနွေးပွဲ ဒုတိယနေ့အထိ သိကျသည့် သဘောတူညီမှု တစုံတရာ မရရှိ ကြသေးကြောင်း လည်းထပ်မံသတင်းရရှိပါသည်။
 
 Myen hte KIO datkasa ni a lahkawng ya ngu na Myitkyina zup hpawng hta dai ni (9.10.2013) ya sha ni hta KIO, kawn Myen Asuya de tang shawn da ai Myen mung nga Myu bawsang yawng shang lawm lu ai (တိုင်းရင်းသားဆွေးနွေးပွဲ) zup hpawng ka ba langai hpe KIO, kawn woi awn let KIO, Ginjaw LAIZA Muklum kaw galaw sa wa na lam hpe Myen Asuya kawn myit hkrum dat sai lam na chye lu ai.
 
 N dai zup hpawng akata lam hte seng na KIO, kawn hpawt ni zup hpawng ngut ai hpang she tara shang n dau mat na re lam hpe mung zuphpawng kaw shang lawm nga ai datkasa ni hpe lakap let chye lu ai.