Wednesday, October 23, 2013

ကချင့်အမျိုးသားပညာရေးအတွက် KIO နှင့် ပြည်တွင်း၊ ပြည်ပရှိ ကချင်ပညာရှင်များ လိုင်ဇာတွင်ဆွေးနွေးနေ


(Lachid Kachin)
၂၃.၁၀.၂၀၁၃ ရက်နေ့ KIO, ဌာနချုပ် လိုင်ဇာမြို့ တွင် KIO, ဗဟိုပညာရေး ဌာနမှ ကြီးမှုးကာ ကချင့် အမျိုးသား ပညာရေးအတွက် ကချင်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကြီးတခု အား ပြုလုပ်နေ ကြောင်း သတင်းရရှိပါသည်။ ၄င်း အစည်းအဝေးပွဲ ကြီးမှာ (၂၂ မှ ၂၄.၁၀ ၂၀၁၃) ရက်နေ့ အထိ (၃) ရက်ကြာ ကချင့် ပညာရေးအတွက် ဆွေးနွေး ကြမည် ဖြစ်ကြောင်းသိရှိရပါသည်။

ကချင့် အမျိုးသား ပညာရေးအတွက် ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် အား ကချင့် အမျိုးသားပညာရေး ဥက္ကဌ KIA, ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် မှ ရှင်းလင်း ပြောကြားရာတွင် ကချင်လူမျိုး နှင့် ကချင်စာပေ ရေရှည်တည်တံ့ခိုင်မြဲ စေရန်၊ မိမိတို့ ၏ ကချင် စာပေဖြင့် ဘွဲ့များ ချီးမြင့် ပေးအပ်နိုင်သည့် အဆင့် ထိ ကချင့် ပညာရေးအားတိုးချဲ့ မြင့်တင်သွားရန်၊နိုင်ငံတကာသို့ ဆက်လက်၍ အဆင့်မြင့် ပညာရပ်များဆက်လက်သင်ကြားနိုင်ရန်အတွက် အင်္ဂလိပ် နှင့် တရုတ် ဘာသာရပ်တို့ကိုလည်းထည့်တွင်း သင်ကြားပေးသွားမည်ဖြစ်သည်ဟု ရှင်းလင်းပြောကြား သွားကြောင်းသိရှိရပါသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှာ မြန်မာ ပြည်တွင်းရှိ ကချင် ပညာရှင်များ၊ဆရာ/ဆရာမ များ၊ အသင်းတော်အသီးသီးမှ ဘာသာရေးခေါင်းဆောင်များ နှင့် ပြညပနိုင်ငံ သို့ ရောက်ရှိနေကြသော ကချင် ပညာရှင်များ အပါအ၀င် KIO, ပညာရေးဌာနမှ ဆရာကြီးများ တာဝန်ရှိသူများ ပါဝင်တက်ရောက်ဆွေးနွေးနေေ ကြာင်းသိရှိရပါသည်။

ဆွေးနွေးပွဲတွင် အဓိကဆွေးနွေးကြမည့် အကြောင်းအရာများမှာ (1). ECD policy, (2). Basic education policy, (3). Core Curriculum Standards for subjects, (4). Higher Education, (5). Vocational Education, (6). Professional Development, (7). Assessment and evaluation, (8). Special education, (9). Ethnic Languages and culture, (10). Administration (Academic board), (11). Accreditation စသည့် အချက် (၁၁)ချက် အား (22.10.2013 )မှ (24.10.2013)ရက်နေ့အထိ (၃ ) ရက် ကြာ ဆွေးနွေးကြမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
— with Munglai Hkyet and 20 others.