Thursday, March 7, 2013

တိုင်းရင်းသား ဒေသတွင် အင်အားကြီးပါတီများ ရွေးကောက်ပွဲ မ၀င်ရန် NPS တိုက်တွန်း

Print This Post
တိုင်းရင်းသား အမတ်များ လွှတ်တော်တက်နေစဉ် (ဓာတ်ပုံ – Reuters)
ပြည်မရှိ အင်အားကြီး ပါတီများအနေဖြင့် လူနည်းစု တိုင်းရင်းသားဒေသများတွင် ရွေးကောက်ပွဲ ၀င်ရောက်မယှဉ်ပြိုင် ကြရန်ညီနောင် တိုင်းရင်းသားများ ပါတီ ဖက်ဒရေးရှင်း (NPS) က သဘောထား ထုတ်ပြန်တိုက်တွန်းလိုက်ကြောင်း ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။
အမြဲတန်းအဖွဲ့ဝင် ၆ ပါတီရှိသော NPS က မတ်လ ၃ ရက်နေ့တွင် ၁၄ ကြိမ်မြောက် အစည်းအဝေး တရပ်ပြုလုပ်၍ တိုင်းရင်းသား အခွင့်အရေးများနှင့် ပတ်သက်သော အချက် ၅ ချက်ပါဝင်သည့် သဘောထား ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။
Read more++++click