Thursday, March 21, 2013

အသင်းတော်ဟာ အဆိုးဝါးဆုံးကာလအခြေအနေမှာ ငြိမ်းချမ်းရေးအတွက် ကြိုးစားအားထုတ်ခဲ့သော တခုတည်းသော Institute ဖြစ်ခဲ့ပါတယ်

ဂုဏ်ယူစရာ

ကချင်စစ်ပွဲဖြစ်တဲ့အချိန်မှာ ကချင်လူမျိုးများ တသီးပုဂလ၊ အသင်းအဖွဲ့၊ အသင်းတော်များမှ ကဏ္ဍအမျိုးမျိုးမှ ပါဝင် ခဲ့ကြတယ်။ ပါဝင်ခဲ့ရတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်များကတော့ ကွဲပြားခဲ့ကြပါတယ်။

ပဋိပက္ခများစွာ ဖြစ်ပေါ်ခဲ့ပြီး အခုအချိန်အထိ အမျိုးသားရင်ကြားစေ့ရေးကာလမှာ ရှိနေသေးတဲ့ Nagaland မှာ ရှိတဲ့ Nagaland Baptist Church Council - NBCC ကို သွားရောက်လေ့လာတဲ့အခါမှာ သူတို့လေးစားဂုဏ်ယူမှုအရှိဆုံးအရာတခုကို ကြားသိခွင့်ရခဲ့ပါတယ်။

“အသင်းတော်ဟာ အဆိုးဝါးဆုံးကာလအခြေအနေမှာ ငြိမ်းချမ်းရေးအတွက် ကြိုးစားအားထုတ်ခဲ့သော တခုတည်းသော Institute ဖြစ်ခဲ့ပါတယ်။ အသင်းတော်ခေါင်းဆောင်များဟာ အသက်ကို ပဌာန မထားဘဲ ပဋိပက္ခဖြစ်တဲ့ အဖွဲ့တွေရှိရာကို အကြိမ်ကြိမ် အဖန်ဖန် မိုးထဲ လေထဲမှာ သွားရောက်ပြီး ငြိမ်းချမ်းရေးကို ဦးတည်တဲ့ လုပ်ဆောင်မှုများ ဖြစ်လာအောင် ဆက်သွယ်ညှိနှိုင်းတိုက်တွန်းအားပေးခဲ့တယ်။ ငြိမ်းချမ်းရေး ဆိုတဲ့ ဦးတည်ချက်ကနေ ဘယ်သော အခါမှ မယိုင်မလဲခဲ့ဘူး။ အခုထိလည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းတဲ့ အဓွန့်ရှည်အောင်လုပ်တဲ့ ကဏ္ဍမှာ ဆက်လက်ပါဝင်ဆဲ ဖြစ်တယ်။ အဲဒီအချက်အတွက် အမြဲတမ်း ဂုဏ်ယူနေပါတယ်” တဲ့။။

သူတို့ရဲ့ လုပ်ဆောင်ချက်တွေများစွာထဲက တခုက လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ ရွေးကောက်ပွဲမှာ Clean Election Campaign ကို NBCC က ဦးဆောင်ခဲ့တာကို http://www.nbcc.in/clean-election.html မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။

ကျွန်မရဲ့အသင်းတော်၊ ညီအကို ခရစ်ယာန်များနဲ့ အခြားသော ဘာသာကြီးများရဲ့ အနာဂတ်မှာ ဂုဏ်ယူစရာက ဘာများဖြစ်မှာပါလိမ့်။

ကက်သလစ်ဘာသာဝင် တဦးအနေနဲ့တော့ - မည်သည့်ကိစ္စတွင်မဆို - “Universal Peace” မှတပါး အခြားသော အရာများဖြင့် ဂုဏ်ယူလိုစိတ် မရှိပါ။

အထူးသဖြင့် Banmaw Diocese နဲ့ Myitkyina Diocese မှာ ငြိမ်းချမ်းရေးဦးတည်ချက်မှ လုံးဝ ယိုင်လဲမှု မရှိပါစေနှင့်။ ထိုသို့ မယိုင်လဲအောင် ဘာသာဝင်များအားလုံးဝိုင်းဝန်းကူညီ ပံ့ပိုးကြပါစို့။

http://www.nbcc.in/