Sunday, March 17, 2013

ကျမလဲ မျောက်အဖြစ်သို့ အကြိမ်ကြိမ်ရောက်ခဲ့ဘူးပါရဲ့....

ယုံကြည်မှု ပျက်ပြားတဲ့အတွက် ညှိနှိုင်းမှု မှာ စိန်ခေါ်ချက် ပိုများပါတယ်။ နှစ်ပေါင်းများစွာ ယုံကြည်အောင် မလုပ်ပြမှတော့ ဘယ်ယုံမလဲ။ ယုံအောင် လုပ်ပြတဲ့ နေမှာ ယုံမှာပါ။ မယုံတာဟာ အလိမ်ခံခဲ့ရသူများရဲ့ အပြစ်တော့ မဟုတ်လောက်ဘူးလို့ ထင်ပါတယ်။ သွားကတဲက တထင့်ထင့်… ဘာကြောင့်ခေါ်တာလဲ။ ဘယ်သူ့ရှေ့မှာများ ပြစားခံရမလဲ ပေါ့။ လက်ပန်းတောင်းအရေးကလည်း မျက်နှာသာမရတဲ့ အချိန်၊ မျက်နှာရစေဖို့ တိုင်းရင်းသားကိစ္စ ဘဲ ရှိနေတယ်လေ။ တသက်လုံး ကျင့်သုံးလာတဲ့ ဓလေ့၊၊၊ တိုင်းရင်းသား တိုင်းရင်းသူတွေ ဆိုရင် လူကြီးလာရင် ၀တ်စုံဝတ်ပြီး ကဖို့။ လမ်းဘေးမှာ မတ်တပ်ရပ်.. လက်အုပ်ချီ၊ အလံကို ဝှေ့ယမ်း၊ ..... မာပါစေ ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဖို့။ နိုင်ငံခြားသားရှေ့မှာ ပြစားဖို့။ Tourism အတွက် ပြသဖို့၊ ကိုယ့်ထမင်းကိုယ်စားပြီး အခိုင်းခံလာရတာ ခေါက်ရိုးကျိုးနေပြီလေကွယ်.။ ... မသင်္ကာတာ ဆန်းသလား။။ ကချင် တွေက ၂၄ နာရီအချိန်ပေးဖိတ်ကြားခံရတယ်။ အချိန်ကလည်း တခြားအစည်းအဝေးတွေနဲ့ တိုက်နေတယ်။ မလာပြန်ရင်လည်း ကချင်တွေ ငြိမ်းချမ်းရေး မလိုချင်သလို ဖြစ်အုံးမယ်။ လာမယ် ဆိုရင်လည်း လာတဲ့ လူတွေက ကချင်လူမျိုးတွေကို ကိုယ်စားပြုဖို့ ဆွေးနွေးချိန်မရခဲ့ပြန်ဘူး။ ဘာအကြောင်းပြောမယ်မှန်းလည်း မသိ၊ ဘာသွားပြောရမှန်းလည်းမသိ… တထိတ်ထိတ်။ ပြည်သူနဲ့ ငြိမ်းချမ်းရေးသမိုင်းမှာ ပထမဦးဆုံးအနေနဲ့ ၀န်ကြီးမိနစ် ၃၀ တိုင်းရင်းသား မိနစ် ၃၀ ဆီခွဲပြီး အပြန်အလှန် တင်ပြ ဆွေးနွေးခွင့် ရနေတော့... “အင်း... မဆိုးဘူး၊ Participatory ဆိုတာကို ရေးရေးကလေးတော့ ရိပ်မိလာကြပြီ။ Conversation, Discussion ဆိုတာ တဖက်သပ် တရားနာတာ မဟုတ်ခြေဘူး.. ဆိုတာကို သိလာပုံဘဲ”။။ တဖက်သတ် ၃၀ မိနစ်ဆီ ဆိုလည်း မဆိုးပါဘူး….. ဆိုပြီး အမှတ် တမှတ်ပြီး တမှတ် .. ပေးလာလိုက်တာ... ဂုဏ်ထူးရလုလု။ အားရပါးရ ဆွေးနွေး မေးမြန်း ပေါ့ကွယ်။ ရုတ်တရက်….. မျက်နှာချင်းဆိုင်တဲ့တဲ့ တခါးပေါက်က ဆန်ပိုင်ရှင် ၀င်လာတာနဲ့ “ဒို့တော့ မျောက်ဖြစ်ပြီ။” ဆိုတာ သိလိုက်ပြီ။ British Parliament ဆိုတဲ့ ဆန်ပိုင်ကလည်း ကချင်စစ်ကိစ္စကို ။ ဒီဖြစ်ရပ်ဟာ မရည်ရွယ်ဘဲ ဖြစ်သွားခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့၊ မကြာခဏ အသုံးချ ခံခဲ့ရဖူးသူများအတွက်တော့ ယုံကြည်မှု နဲ့ သက်ဆိုင်ပါတယ်။ ဟုတ်ကဲ့။… ခံစားရပါတယ်…. ကျွန်မဟာ Tony Blair ရှေ့မှာ ပြစားခံလိုက်ရတဲ့ မျောက်တကောင်။ Photo - မေငယ BY/ KH J FB
(3 photos)