Wednesday, March 20, 2013

ဒီနေ့ရဲ့ ထူးခြားချက်ကတော့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ တက်ရောက်လာ

မင်းကိုနိုင်

ဒီနေ့ရဲ့ ထူးခြားချက်ကတော့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ တက်ရောက်လာတဲ့ အတွက် တိုင်းပြည်ရဲ့ အရေးကြီးတဲ့အချက်ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်

ကျနော်တို့တမျိုးသားလုံး ခြိမ်းခြောက်ခံရတဲ့ အခြေအနေမှာ ရှိပါတယ်
ကျနော်တို့ကို အညွန့်ချိုးခံရတဲ့ အခြေအနေမှာရှိပါတယ်
ကျနော်တို့ ညီညွတ်မယ့် ကိစ္စတွေမှာ ဖြိုကွဲမယ့် အခြေအနေမှာ ရှိနေပါတယ်
ကျနော်တို့ရဲ့ ခွတ်ဒေါင်းအလံဟာ လူပုဂ္ဂိုလ် တစုံတယောက်က လာပြီး မောင်ပိုင်စီးလို့ ဘယ်ခေတ်မှာမှ မရခဲ့ပါဘူး

နောက်ဆုံးနိုင်ငံတော် အလံဟာ အစိုးရ အဆက်ဆက်ကြောင့် ပြောင်းချင်ပြောင်းမယ်
အမျိုးသားခွတ်ဒေါင်းအလံဟာ ဘယ်တော့မှ ပြောင်းမှာ မဟုတ်ပါဘူး ပြောင်းချင်တိုင်း သေနတ်နဲ့ ခြိမ်ခြောက်ပြီး ပြောင်းလို့မရတဲ့ ကျနော်တို့ရဲ့ အမျိုးသားတိုက်ပွဲဝင် ခွက်ဒေါင်းအလံကို ကိုင်မယ့်လက်ဟာ ဘယ်လိုလက်မျိုးလဲ ဆိုတာ စိတ်ဝင်စားစရာပါ အဲဒီလက်ဟာ လူမျိုးဘာသာ မခွဲခြားဘူးဆိုတာ ပထမဆုံး ဗကသ ဥက္ကဋ္ဌ အစ္စလာမ်ဘာသာဝင်အဖြစ် မစ္စတာ ရရှစ်ကို ကျနော်တို့ ရက်ရက်ရောရောကြီးပေးခဲ့တယ်ဆိုတာ အသိအမှတ်ပြုစေချင်ပါတယ်

ကျနော်တို့ ခွတ်ဒေါင်းအလံကို ကိုင်မယ့်လက်ဟာ လူမျိုးဘာသာ မခွဲခြားပါဘူး ကျနော်တို့ တမျိုးသားလုံးအတွက် သစ္စာရှိဖို့ရယ် သွေးစွန်းနေတဲ့ လက်မဖြစ်ဖို့ရယ် သန့်စင်တဲ့ လက်ဖြစ်ဖို့ပဲ လိုပါတယ်။ (မင်းကိုနိုင်)

REF; မြန်မာမုစ်လင်မ် သတင်းဌာနမှ ကောက်နုတ်သည်။ (မိုးလုံးဟိန်း)