Friday, March 15, 2013

အတု နဲ့ အစစ် / တိုင်း ပြည်က ဘယ်သူ့ အတွက် လဲ

  တပ်မတော် သာအမိ - တပ်မတော် သာ အဖ မဟုတ် ဘူး ....... ဟုတ်ခဲ့ရင် အတုပဲ ။
  အစစ်အမှန်က ......ပြည်သူသာ အမိ ....ပြည်သူသာ အဖ ဖြစ်တယ် ။
  စုကြည်ဆိုတာ..........တိုင်းပြည်အတွက်ပဲ ဖြစ်ရမယ် ။
  စုကြည်အတွက် .....တိုင်းပြည်မဟုတ်ဘူး ........စုကြည်အတွက်တိုင်းပြည်သာဆိုရင် အဲ့ဒါလည်း အတုပဲ ။
  လက်ရှိ လွတ်တော်ဆိုတာ ......အစစ်မဟုတ်ဘူး ......အစစ်ဆိုရင် အနိမ့်ဆုံးအဆင့် ပိုင်ဆိုင်မှု့ကြေငြာရမယ့်အဆို
  ရှုံးနှိမ့်စရာ မရှိဘူး။ အတုအယောင်ဖြစ်လို့ ပြည်သူကို အစစ်အမှန်ကိုယ်စားမပြုတာပဲဖြစ်တယ်။
  လွှတ်တော်အသံ ။ပြည်သူ့အသံဆိုတာ လူကြားကောင်ရုံ ဆောင်ပုဒ်တစ်ခုပါပဲ ။
  လွှတ်တော်ဆိုတာ စစ်မှန်ခဲ့ရင်  .......အစိုးရကို မဝေဖန်ရ / အပြစ်မတင်ရ /ဟုတ်ဟုတ် /မဟုတ်ဟုတ် မစွပ်ဆွဲရ ...လို့ ကမ္ဘာ့
   ဘယ်လွှတ်တော် သမိုင်းမှာမျှ မကြားဖူးပါ ။ မြန်မာပြည်မှာရှိတယ် ။ အဲ့ဒါ လွှတ်တော် အတု ပဲ ဖြစ်တယ် ။
   အထွေအထူး မပြောလိုပါဘူး........ငြိမ်းချမ်းရေးကို ဘယ်သူ လိုချင်သလဲ ...မလိုချင်ဘူးလဲ.......အဖြေကထွက်နေပြီး။
   ဆင်တစ်ကောင်းလုံးဝင်သွားမှန်းသိလျှက်နဲ့ ဆင်ခြေရာ ဆက်ပြီးရှာမယ်ဆိုရင် မိုက်ရူးရဲရာကျလိမ့်မယ် ။

   အစိုးရ ဆိုတာလည်းအတုပါပဲ ..........အပြည်ပြည်ဆိုင်ရာမှာ သံခင်းတမန်ခင်း အမြင်ကောင်းရုံသက်သက်ဖွဲ့စည်းပြထားတာပါပဲ။
   အစိုးရ တစ်ရပ်ဟာ ...တိုင်းပြည်လူထုကို ကိုယ်စားပြုမှု့ ရှိရပါမယ်။ လက်ရှိ ကြံ့ ဖွတ် အုပ်စုဆိုတာ အစိုးရအတုပါ။
   သန်း(၆၀) ပိုင်ဆိုင်မှု့ ရှိတဲ့ တိုင်ပြည်ကို တိရစ္ဆာန်သာသာ ဦးဏှောက် /ဖြုတ်ဦးဏှောက်/ပုဇွန် ဦးနှောက်နဲ့ ချယ်လှယ်နေတာကို
   ငြိမ်ပြီး ငုံ့ ခံ နေရင် သန်း (၆၀) ရဲ့ အပြစ် ပဲ ........။

   စုကြည် ဆိုတာ အတုလား .....အစစ်လား .....သိပ်ပြီး ခွဲခြားရ မခက်ပါဘူး ။ လွန်ခဲ့တဲ့ (၂၄) ကျော် (၂၅) နှစ်နီးပါးကကျနော်တို့
   ဖေါ်စပ်ခဲ့တဲ့ ဆေးကောင်းတစ်လက်ရဲ့ အမည်ပါ ။ ကျနော်တို့ ဖေါ်စပ်ခဲ့တဲ့ ဆေးဝါး ( စုကြည်) နဲ့ပါတ်သက်ပြီး ကျနော်တို့မှာ
   ( QC )  အရည်အသွေးထိန်းချုပ်မှု့  “စံ” ရှိပြီးသားပါ ။  ( ၂၀၁၀ ....နိုဝင်္ဘာ ၁၄ ) မှာ နေအိမ် အကျယ်ချုပ်မှာ လွှတ်လာတဲ့

   ကနေ့ စုကြည်ဆို တာ  အတု ကြီးပါ ။ ကျနော်တို့ ခင်ဗျားတို့အားလုံးရဲ့ စုကြည်မဟုတ်ဘူး ။ အာဏာရှင်ရဲ့ ဖန်တီးမှု့ “ကလုန်း”
   စုကြည်သာ ဖြစ်တယ် ။ စုကြည် အစစ် ပျောက်နေတယ် ။ စုကြည်အစစ် ကို နာတာရှည် ရောဂါသည် တိုင်းပြည်အတွက်
   ကျနော်တို့ ဖန်တီး ဖေါ်စပ်ခဲ့တဲ့ဆေးကောင်းတစ်လက်ပါ ။ လက်ရှိစုကြည်ဆိုတာ အာဏာရှင် နဲ့ အာဏာရှင်ရဲ့အသိုင်းအသိုင်းလက်ဝေခံ
   တွေအတွက်ပဲဖြစ်တယ် ။ လက်ရှိ စုကြည်က ......တစ်တိုင်းပြည်လုံး ....သူ့ အတွက်ဖြစ်စေရမယ်လို့ ပြော နေ ပြီး။သူ့အလို
   လိုက်ရမယ်လို့ ပြော နေပြီး ။။။။။။။။။။။ ဒါကိုပဲ ကျနော်တို့ လက်မခံနိုင်တာပါ။


   အောင်ဆန်း သမီး စုကြည်ကို နေ၀င်းတပည့် တွေ လွှတ်မပေးသေးပါ ။ လက်ရှိ စုကြည်ဟာ အာဏာရှင်လက်သစ်ရဲ့
   “ကလုန်း”  စုကြည်သာ ဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်စေချင်ပါတယ် ။ပုဂ္ဂိုလ်ရေးတွေမပါပါဘူး။
   ကျနော်ဟာ မိန်းခလေးဖြစ်ခဲ့မယ်ဆိုရင်  ကလုန်း စုကြည်နဲ့ လင်လု ဖက်လည်း မဟုတ်ခဲ့ပါဘူး။ ရာထူး/ရာခံ လုဖက်လည်း
   မဟုတ်ခဲ့ပါဘူး။ တစ်ဦးနဲ့ တစ်ဦး ချစ်ခြင်း/ မုန်းခြင်း ဆိုတာ တိုင်းပြည်အပေါ် ဘယ်လောက်ချစ်သလဲ ......တိုင်းပြည်အပေါ်
   ဘယ်လောက်သစ္စာရှိသလဲ ...ဆိုတဲ့ အပေါ်မှာပဲ တည်မှီ ပါတယ် လို့ ...ကျနော် အမြဲ ကြွေးကြော် ပြောဆိုခဲ့ဘူးပါတယ် ။

   ဆက်ရန် ရှိ တယ် ...........မျှော် ပါ ...........။




   မောင် မှိုင်း