နိုင်ငံတကာမြစ်ချောင်းများနေ့အခမ်းအနားကိုမတ်လ ၁၄ ရက်နေ့တွင် ကူကီးလူငယ်ကွန်ရက်မှ မနက်ပိုင်းအချိန်တွင် ဟုမ္မလင်းမြို့ တနေရာတွင် အခမ်းအနားတစ်ရပ်ပြုလုပ်ကျင်းပပြီး ချင်းတွင်းမြစ်ပေါ်တွင်တည်ဆောက်နေသော ထမံသီရေကာတာကို တရားဝင်ရပ်တန့်ပေးရန်နှင့် သစ်ထုတ်လုပ်မှု၊ ရွှေတူးဖော်မှုများကိုလည်းလုံးဝရးပ်တန့်ပေးရန် အခမ်းအနားတက်ရောက်သည့် ဒေသခံပြည်သူများမှ မေတ္တာပို့ဆုတောင်းဆိုကြပါသည်။
နေ့လည်ပိုင်းအစီအစဉ်တွင် ရွှေတူးဖော်ခြင်းကြောင့်ဖြစ်ပေါ်လာမည့်ဆိုးကျိုးများ၊ သဘာပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးများ၊ရေကာတာပြုလုပ်ခြင်းကြောင့်ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲရလဒ်များ၊ ပြဒါး၏အန္တရာယ်များပါရှိသည့် လက်ကမ်းစာစောင်များကို မြို့တွင်းနှင့် ဆိပ်ကမ်းရှိ ခရီးသည်များအားလိုက်လံဖြန့်ဝေခဲ့ကြပါသည်။
BY: ဒေသခံမှ ပို့လာတဲ့ သတင်း