Thursday, March 14, 2013

ကချင်ပြည်နယ်၊ မြစ်ဆုံဒေသတွင် နိုင်ငံတကာ မြစ်ချောင်များဆိုင်ရာ လှုပ်ရှားမှု အထိန်းအမှတ်နေ့ အစီစဉ်ပြုလုပ်မည်ဖြစ်ပါသည်။


နိုင်ငံတကာ မြစ်ချောင်များဆိုင်ရာ လှုပ်ရှားမှု အထိန်းအမှတ်နေ့ အစီစဉ်

ရက်စွဲ ( မတ်လ၊ ၁၄ ရက်၊ ၂၀၁၃ ခုနှစ်) အတွက် ကန့်သတ်သည်
မနက်ဖြန်ခါကျရောက်မည့် နိုင်ငံတကာ မြစ်ချောင်များဆိုင်ရာ
လှုပ်ရှားမှုအထိန်းအမှတ်နေ့ကို (ကချင်ပြည်နယ်အခြေစိုက် လူထုအခြေပြု
ဖွံဖြိုးရေးအဖွဲ့ ) တစ်ဖွဲ့ နှင့် မြစ်ဆုံရှိဒေသခံများက ဦးစီးပြီး
ဧရာဝတီမြစ် မြစ်ဖျားခံပြီး စတင်ဖြစ်ပေါ်ရာ မြစ်ဆုံ၌
အစီစဉ်လုပ်ဆောင်သွားမည် ဖြစ်သည်။
အစီစဉ်ကို မြန်မာစံတော်ချိန် နံနက် (၉း၀၀) နာရီတွင် ဧရာဝတီမြစ် မြစ်ဆုံ၌
ပြုလုပ်သွားမှာဖြစ်သည်။ အခန်းအနား၏ အဓိက ရည်ရွယ်ချက်မှာ ဧရာဝတီမြစ်ပေါ်ရှိ
မြစ်ဆုံရေကာတာစီမံကိန်း အပါအ၀င် အခြားသော ရေကာတာ စီမံကိန်း (၇) လုံဝ
ရပ်တန့်ရေးအပြင်၊ ဧရာဝတီမြစ်ကို ဖျက်ဆီးနေသော
ရွှေတူးဖော်ရေးလုပ်ငန်းများအားလံ
ု ရပ်တန့်ရေးနှင့် ရေကာတာစီမံကိန်းကြောင့်
ပြောင်းရွှေ့ ခံရွားသားများ မိမိတို့ရွာနှင့် လယ်ယာမြေများ
ပြန်လည်ရရှိပြီး လုပ်ကိုင်စားသောက်နိုင်ရန် ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ လာရောက် သတင်းယူနိုင်ရန်အတွက်
သတင်းမီဒီယာများထံသို့ ကြိုတင် ဖိတ်ကြားလိုက်ပါသည်။

ဆက်သွယ်ရန်။      ။ ဒေါ်ဂျာခေါန် (ဒေသခံ) (+၉၅ ၉၄၇၀၂ ၀၀၄၈) ၊
။ဆရာရှဂေါင်တန်ဂွန်း (Mungchying Rawtjat-MRJ) ကချင်ပြည်နယ်အခြေစိုက်
လူထုအခြေပြု ဖွံဖြိုးရေးအဖွဲ့ ( +၉၅ ၉၄၇၆၀ ၅၂၇၃)